(၃) ရက်တည်းနဲ့ ကျယ်နေတဲ့ချွေးပေါက်တွေ အကုန်ကျဉ်းအောင်လုပ်နိုင်မယ့် နည်းလမ်းလေး

Beauty

ချွေးပေါက်တွေဆိုတာကလည်း ဘယ်လောက်ကောင်းတဲ့ Skin care သုံးသုံး မူလအသားအရေအတိုင်း ပြန်ပိတ်သွားတယ်ဆိုတာရှားပါတယ်။

လွယ်လည်းမလွယ်ပါဘူး။ သေချာဂရုစိုက်နိုင်မှာ၊ အချိန်တော်တော်ကြာအောင် Skin care အဆင့်အဆင့် ကို နိုင်နိုင်လုပ်နိုင်မှ ရလဒ်ကောင်းလေးရတာပါ။

ဆိုတော့ (၃) ရက်တည်းနဲ့ ချွေးပေါက်အကုန်ကျဉ်းအောင်လုပ်နိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းလေးက ဘယ်နည်းလမ်းဖြစ်မလဲဆိုတာ ရှာဖွေလိုက်ကြရအောင်နော်။

၁။ ကြက်ဥအကာနဲ့ သံပရာသီး ကြက်ဥအကာနဲ့ သံပရာရည်ကို သမအောင်ရောမွှေပြီး မျက်နှာပေါ် (၁၅-၂၀) လောက်တင်ပေးထားလိုက်ပါ။ပြီးရင်တော့ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ

ဒီနည်လမ်းလေးက ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ချွေးပေါက်ကျယ်တာနဲ့ အဆီပြန်တာတွေကိုပါ ထိန်းချုပ်ပေးနိုင်ပါတယ်။

၂။ မုန့်ဖုတ်ဆော်ဒါရည် ဝက်ခြံပျောက်စေနိုင်တဲ့ မုန့်ဖုတ်ဆော်ဒါက ချွေးပေါက်လေးတွေကျဉ်းသွားအောင် လည်း ကူညီနိုင်ပါသေးတယ်။

မုန့်ဖုတ်ဆိုဒါအနည်းငယ်ထဲ ရေ (၂) ဇွန်းလောက်ရောပြီး ချွေးပေါက်ကျယ်တဲ့နေရာတွေပေါ် (၁၅-၂၀) မိနစ်လောက်တင်ထားပေးပါ။

ပြီးရင်တော့ ရေအေးလေးနဲ့ဆေးချလို့ရပါပြီ။ချွေးပေါက်တွေကို လျင်လျင်မြန်မြန်ကျဉ်းစေနိုင်တဲ့ အကောင်း ဆုံးနည်းလမ်းတွေထဲက တစ်ခုပါ။

၃။ သံပရာသီးနဲ့ ခရမ်းချဉ်သီး ခရမ်းချဉ်သီးနှစ်လုံးကို အနှစ်ရတဲ့ထိရောမွှေပြီး သံပရာရည် (၁) စိတ်လောက် နဲ့ရောလိုက်ပါ။

ပြီးရင်တော့ မျက်နှာတစ်ခုလုံးပေါ်နဲ့ အထူးသဖြင့်ချွေး ပေါ်ကျယ်တဲ့နေရာပေါ်ကို (၁၅-၂၀) မိနစ်လောက် လိမ်းထားပေးပါ

ခြောက်သွားပြီဆိုရင်တော့ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်လို့ရပါပြီ။

အသီးနှစ်မျိုးလုံးက အက်ဆစ်ဓာတ်ပါတာကြောင့်မို့ အဆီဓာတ်ကင်းပြီး ချွေးပေါက်ကျဉ်းတဲ့မျက်နှာကို အလွယ်လေးပိုင်ဆိုင်နိုင်ပါတယ်။

 













Credit

Leave a Reply

Your email address will not be published.