ဘုန်းဘုန်းတွေကျောင်းထိုင်မယ်ဆိုရင် ချက်ပြုတ်တတ်ဖို့လိုပြီး ဆွမ်းမပို့တဲ့ရွာအကြောင်း
ဆွမ်းမပို့တဲ့ရွာ( မြေပြန့်ဒေသတွေမှာတော့ ဆွမ်းကွမ်းကိစ္စအတွက်ကို ဒကာဒကာမတွေက တာဝန်ယူကြတာဟာ တာဝန်တစ်ရပ်လိုကို ဖြစ်နေပါပြီဗုဒ္ဓဘာသာရွာမှန်ရင် ဘုန်းတော်ကြီးတွေရဲ့ ဆွမ်းကွမ်းကိစ္စအတွက်ကို ဒကာဒကာမတွေက ဆွမ်းပို့ပေးပြီး တာဝန်ယူကြတာဟာ မြေပြန့်ဒေသတွေမှာတော့ ဓလေ့ထုံးစံတစ်ခု၊ တာဝန်တစ်ရပ်လိုကို ဖြစ်နေပါပြီ။
ချင်းပြည်နယ်က တစ်ချို့သော ရွာလေးတွေမှာတော့ မြေပြန့်က သာသနာလာပြုတဲ့ ရဟန်းတွေဟာ ဆွမ်းကွမ်းအတွက်ကို ကိုယ်တိုင်ချက်ပြီး ဘုဉ်းပေးကြရပါတယ်။
ဒါကလည်း ချင်းပြည်နယ်မှာ သာသနာပြုတာဝန်ကျတဲ့ ရဟန်းတော်တွေအတွက် အထူးအဆန်းတော့ မဟုတ်ပါဘူး။ချင်းပြည်နယ်တောင်ပိုင်းရဲ့ မြို့တွေဖြစ်တဲ့ ကန်ပက်လက်မြို့နယ်ထဲမှာဆို သာသနာပြုဌာနပေါင်း (၃၆)ဌာနရှိပြီး မင်းတပ်မြို့နယ်ထဲမှာဆိုရင် ဌာနပေါင်း (၅၀)ကျော် ရှိပါတယ်။
ကန်ပက်လက်မြို့နယ်ထဲမှာ ဒေသခံ ချင်းတိုင်းရင်းသားတွေက ဆွမ်းပို့တဲ့ရွာပေါင်း (၂၀)လောက်ရှိပြီး မင်းတပ်မြို့နယ်ထဲမှာလည်း ကျောင်းပေါင်း(၂၀)လောက်ရှိပါတယ်။
ဆွမ်းမပို့လို့ ကိုယ်တိုင်ချက်ဘုဉ်းပေးရတဲ့ ရွာတွေကတော့ နှစ်မြို့နယ်ပေါင်း (၅၀)ကျော် ရှိတာမို့ အဲဒီရွာတွေမှာ တာဝန်ကျတဲ့ ဦးဇင်းတွေကတော့ ချက်တတ်သည်ဖြစ်စေ၊ မချက်တတ်သည်ဖြစ်စေ ချက်ပြုတ်နည်းကို သင်ယူလေ့လာပြီး ဖြစ်သလို ချက်စားကြရတော့တာပါပဲ။
ကိုယ်ကတော့ မင်းတပ်နယ်ထဲက မဲင်းရွာရောက်တိုင်း သူငယ်ချင်းနဲ့အတူ ဝိုင်းဝန်းကူချက်လေ့ ရှိပါတယ်။ကိုယ့်ရွာက ဒကာဒကာမတွေက ဆွမ်းပို့တာကြောင့် ဆွမ်းကွမ်းအတွက် ဘာမှမပူရလို့ တစ်ခြားအလုပ်တွေ လုပ်ချိန် ပိုရပါတယ်။
စာရေးမလား၊ စာဖတ်မလား၊ ကျောင်းဝိုင်း သန့်ရှင်းရေးလုပ်မလား၊ ဘုရားတည်မလား၊ ကျောင်းဆောက်မလား၊ သစ်ပင်စိုက်မလား ကြိုက်တာလုပ်နိုင်ပါတယ်။
ဆွမ်းပို့ခြင်း၊ မပို့ခြင်းက ဘယ်လောက်ကွာခြားသလဲဆိုတာကိုလည်း ကိုယ်တိုင် သိမြင်လာရပါတယ်။ဆွမ်းကွမ်းချက်နေရတာနဲ့တင်ကို မနက်ပိုင်းတစ်ခုလုံးဟာ ကုန်မှန်းမသိ ကုန်သွားပါတယ်။
နောက်ပြီး ရွာထဲက ဒကာဒကာမတွေက ဆွမ်းမပို့တော့ ကျောင်းကို အရောက်အပေါက် နည်းပြီးဗုဒ္ဓဘာသာ ရဟန်းသံဃာတွေနဲ့ ထိတွေ့ခွင့် နည်းပါးတာကြောင့် လုံလောက်တဲ့ ခင်မင်ရင်းနှီးမှု၊ လုံလောက်တဲ့ ကြည်ညိုလေးစားမှုလည်း နည်းပါးလှပါတယ်။
ဆွမ်းပို့တဲ့ရွာတွေဆိုရင် ရဟန်းသံဃာတွေဘက်ကလည်း “ဪ…ဒီရွာထဲက ဒကာဒကာမတွေ လှူဒါန်းတဲ့ ဆွမ်းကွမ်းကို အမှီပြုပြီး ငါ အသက်ရှင်ရပ်တည်နေရတယ်။ငါ့အပေါ်မှာ ဒကာဒကာမတွေရဲ့ ကျေးဇူးတွေ ရှိတယ်။
ဒါကြောင့် ငါ နေချင်သလို နေဖို့ မသင့်ဘူး။ ငါ လုပ်ချင်တာ လုပ်ဖို့ မသင့်ဘူး။ငါ့အပေါ် ကျေးဇူးရှိလို့ သူတို့အပေါ်ကိုလည်း ပြန်ပြီး ကျေးဇူးပြုနိုင်ရင် ကောင်းမှာပဲ” ဆိုတဲ့ အတွေးတွေဟာ ရဟန်းတစ်ပါးရဲ့စိတ်ကို ပိုပြီး ပီသစေပါတယ်။
ွမ်းမပို့တဲ့ ရွာတွေမှာကျ ရဟန်းတွေနဲ့ ဒကာဒကာမတွေဟာ ခပ်စိမ်းစိမ်းဆိုတော့ ကျေးဇူးဆိုတာလည်း သိပ်ပြီး မရှိလှသလိုပါပဲ။
ကျေးဇူးတွေ နည်းပါးတော့ တစ်ဖက်နဲ့တစ်ဖက် ထောက်ထားငဲ့ညှာစရာတွေလည်း သိပ်မလိုကြလို့ ခပ်စိမ်းစိမ်းဟာ ခပ်စိမ်းစိမ်းပဲ နေခဲ့ကြပါတယ်။တစ်ဖက်နဲ့တစ်ဖက် ကျေးဇူးတရားလေးတွေ အပြန်အလှန်ရှိမှသာလျှင် နေရထိုင်ရတာလည်း ပိုပြီး ပျော်မွေ့စရာ ကောင်းမယ်ထင်ပါတယ်။ရဟန်းတွေဘက်ကလည်း
သူတို့ပို့တဲ့ဆွမ်းနဲ့ အသက်ရှင်နေထိုင်ရတဲ့ ဘဝမို့ သူတို့ဟာ ငါ့ရဲ့ကျေးဇူးရှင်တွေပါလား”ဆိုတဲ့ အသိမျိုး ဝင်သင့်သလို လူတွေဘက်ကလည်း ဦးဇင်းရှိလို့ ဆွမ်းကွမ်းလှူရတာကြောင့် ဒါနကုသိုလ်တွေ ရတယ်။ဦးဇင်းရှိလို့ ဘုရားတည်ဖြစ်တယ်။
ကျောင်းဆောက်ဖြစ်တယ ဆိုတဲ့ အပြန်အလှန် ကျေးဇူးတရားလေးတွေ ရှိနေနိုင်ရင်တော့ ပိုကောင်းမယ် ထင်ပါတယ်။ချင်းတောင်ပေါ်က ဆွမ်းမပို့တဲ့ ရွာလေးတွေကိုလည်း အပြစ်မဆိုသာပါဘူး။ တကယ်တော့ သူတို့ရွာလေးတွေဟာ ဗုဒ္ဓဘာသာသက်တမ်း အင်မတန် နုနယ်ကြပါသေးတယ်။
ရွာထဲမှာ ခရစ်ယာန်တစ်ဝက်၊ ဗုဒ္ဓဘာသာတစ်ဝက်မို့ ဗုဒ္ဓဘာသာကလည်း ခရစ်ယာန်ထဲ အချိန်မရွေး ဝင်သွားနိုင်သလို ခရစ်ယာန်ကလည်း ဗုဒ္ဓဘာသာထဲကို အချိန်မရွေး ဝင်လာနိုင်ပါတယ်။သူတို့လေးတွေမှာ ဘာသာရေးနဲ့ပတ်သက်ပြီး ခံစားချက် သိပ်မရှိကြတာကိုလည်း တွေ့ရပါတယ်။
လူသာသနာပြုပုဂ္ဂိုလ်နဲ့ မတည့်လို့ ခရစ်ယာန်ထဲ ပြောင်းသွားရတာနဲ့၊ ဘုန်းကြီးနဲ့ မရင်းနှီးလို့ တစ်ခြားဘာသာထဲ ပြောင်းသွားရတာနဲ့။သူတို့အတွက်ကတော့ ဘာသာတစ်ခုကနေ တစ်ခုကို ကူးပြောင်းကိုးကွယ်ဖို့က ရေသောက်သလောက်တောင် ခက်ပုံ မရပါဘူး။
ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာသက်တမ်းနုသေးတဲ့ ချင်းတောင်ပေါ်က ရွာလေးတွေမှာ ဆွမ်းကွမ်းကို ကိုယ်တိုင်ချက်ပြီး ဘုဉ်းပေးရပ်တည်နေရတဲ့ သူငယ်ချင်း၊ ညီတော်၊ နောင်တော်အားလုံးကို လေးစားမိပါကြောင်း…။
zawgyi
ဘုန္းဘုန္းေတြေက်ာင္းထိုင္မယ္ဆိုရင္ ခ်က္ျပဳတ္တတ္ဖို႔လိုၿပီး ဆြမ္းမပို႔တဲ့ရြာအေၾကာင္း
ဆြမ္းမပို႔တဲ့ရြာ( ေျမျပန႔္ေဒသေတြမွာေတာ့ ဆြမ္းကြမ္းကိစၥအတြက္ကို ဒကာဒကာမေတြက တာဝန္ယူၾကတာဟာ တာဝန္တစ္ရပ္လိုကို ျဖစ္ေနပါၿပီဗုဒၶဘာသာရြာမွန္ရင္ ဘုန္းေတာ္ႀကီးေတြရဲ့ ဆြမ္းကြမ္းကိစၥအတြက္ကို ဒကာဒကာမေတြက ဆြမ္းပို႔ေပးၿပီး တာဝန္ယူၾကတာဟာ ေျမျပန႔္ေဒသေတြမွာေတာ့ ဓေလ့ထုံးစံတစ္ခု၊ တာဝန္တစ္ရပ္လိုကို ျဖစ္ေနပါၿပီ။
ခ်င္းျပည္နယ္က တစ္ခ်ိဳ႕ေသာ ရြာေလးေတြမွာေတာ့ ေျမျပန႔္က သာသနာလာျပဳတဲ့ ရဟန္းေတြဟာ ဆြမ္းကြမ္းအတြက္ကို ကိုယ္တိုင္ခ်က္ၿပီး ဘုဥ္းေပးၾကရပါတယ္။
ဒါကလည္း ခ်င္းျပည္နယ္မွာ သာသနာျပဳတာဝန္က်တဲ့ ရဟန္းေတာ္ေတြအတြက္ အထူးအဆန္းေတာ့ မဟုတ္ပါဘူး။ခ်င္းျပည္နယ္ေတာင္ပိုင္းရဲ့ ၿမိဳ႕ေတြျဖစ္တဲ့ ကန္ပက္လက္ၿမိဳ႕နယ္ထဲမွာဆို သာသနာျပဳဌာနေပါင္း (၃၆)ဌာနရွိၿပီး မင္းတပ္ၿမိဳ႕နယ္ထဲမွာဆိုရင္ ဌာနေပါင္း (၅၀)ေက်ာ္ ရွိပါတယ္။
ကန္ပက္လက္ၿမိဳ႕နယ္ထဲမွာ ေဒသခံ ခ်င္းတိုင္းရင္းသားေတြက ဆြမ္းပို႔တဲ့ရြာေပါင္း (၂၀)ေလာက္ရွိၿပီး မင္းတပ္ၿမိဳ႕နယ္ထဲမွာလည္း ေက်ာင္းေပါင္း(၂၀)ေလာက္ရွိပါတယ္။
ဆြမ္းမပို႔လို႔ ကိုယ္တိုင္ခ်က္ဘုဥ္းေပးရတဲ့ ရြာေတြကေတာ့ ႏွစ္ၿမိဳ႕နယ္ေပါင္း (၅၀)ေက်ာ္ ရွိတာမို႔ အဲဒီရြာေတြမွာ တာဝန္က်တဲ့ ဦးဇင္းေတြကေတာ့ ခ်က္တတ္သည္ျဖစ္ေစ၊ မခ်က္တတ္သည္ျဖစ္ေစ ခ်က္ျပဳတ္နည္းကို သင္ယူေလ့လာၿပီး ျဖစ္သလို ခ်က္စားၾကရေတာ့တာပါပဲ။
ကိုယ္ကေတာ့ မင္းတပ္နယ္ထဲက မဲင္းရြာေရာက္တိုင္း သူငယ္ခ်င္းနဲ႔အတူ ဝိုင္းဝန္းကူခ်က္ေလ့ ရွိပါတယ္။ကိုယ့္ရြာက ဒကာဒကာမေတြက ဆြမ္းပို႔တာေၾကာင့္ ဆြမ္းကြမ္းအတြက္ ဘာမွမပူရလို႔ တစ္ျခားအလုပ္ေတြ လုပ္ခ်ိန္ ပိုရပါတယ္။
စာေရးမလား၊ စာဖတ္မလား၊ ေက်ာင္းဝိုင္း သန႔္ရွင္းေရးလုပ္မလား၊ ဘုရားတည္မလား၊ ေက်ာင္းေဆာက္မလား၊ သစ္ပင္စိုက္မလား ႀကိဳက္တာလုပ္နိုင္ပါတယ္။
ဆြမ္းပို႔ျခင္း၊ မပို႔ျခင္းက ဘယ္ေလာက္ကြာျခားသလဲဆိုတာကိုလည္း ကိုယ္တိုင္ သိျမင္လာရပါတယ္။ဆြမ္းကြမ္းခ်က္ေနရတာနဲ႔တင္ကို မနက္ပိုင္းတစ္ခုလုံးဟာ ကုန္မွန္းမသိ ကုန္သြားပါတယ္။
ေနာက္ၿပီး ရြာထဲက ဒကာဒကာမေတြက ဆြမ္းမပို႔ေတာ့ ေက်ာင္းကို အေရာက္အေပါက္ နည္းၿပီးဗုဒၶဘာသာ ရဟန္းသံဃာေတြနဲ႔ ထိေတြ႕ခြင့္ နည္းပါးတာေၾကာင့္ လုံေလာက္တဲ့ ခင္မင္ရင္းႏွီးမႈ၊ လုံေလာက္တဲ့ ၾကည္ညိဳေလးစားမႈလည္း နည္းပါးလွပါတယ္။
ဆြမ္းပို႔တဲ့ရြာေတြဆိုရင္ ရဟန္းသံဃာေတြဘက္ကလည္း “ဪ…ဒီရြာထဲက ဒကာဒကာမေတြ လႉဒါန္းတဲ့ ဆြမ္းကြမ္းကို အမွီျပဳၿပီး ငါ အသက္ရွင္ရပ္တည္ေနရတယ္။ငါ့အေပၚမွာ ဒကာဒကာမေတြရဲ့ ေက်းဇူးေတြ ရွိတယ္။
ဒါေၾကာင့္ ငါ ေနခ်င္သလို ေနဖို႔ မသင့္ဘူး။ ငါ လုပ္ခ်င္တာ လုပ္ဖို႔ မသင့္ဘူး။ငါ့အေပၚ ေက်းဇူးရွိလို႔ သူတို႔အေပၚကိုလည္း ျပန္ၿပီး ေက်းဇူးျပဳနိုင္ရင္ ေကာင္းမွာပဲ” ဆိုတဲ့ အေတြးေတြဟာ ရဟန္းတစ္ပါးရဲ့စိတ္ကို ပိုၿပီး ပီသေစပါတယ္။
ြမ္းမပို႔တဲ့ ရြာေတြမွာက် ရဟန္းေတြနဲ႔ ဒကာဒကာမေတြဟာ ခပ္စိမ္းစိမ္းဆိုေတာ့ ေက်းဇူးဆိုတာလည္း သိပ္ၿပီး မရွိလွသလိုပါပဲ။
ေက်းဇူးေတြ နည္းပါးေတာ့ တစ္ဖက္နဲ႔တစ္ဖက္ ေထာက္ထားငဲ့ညႇာစရာေတြလည္း သိပ္မလိုၾကလို႔ ခပ္စိမ္းစိမ္းဟာ ခပ္စိမ္းစိမ္းပဲ ေနခဲ့ၾကပါတယ္။တစ္ဖက္နဲ႔တစ္ဖက္ ေက်းဇူးတရားေလးေတြ အျပန္အလွန္ရွိမွသာလၽွင္ ေနရထိုင္ရတာလည္း ပိုၿပီး ေပ်ာ္ေမြ႕စရာ ေကာင္းမယ္ထင္ပါတယ္။ရဟန္းေတြဘက္ကလည္း
သူတို႔ပို႔တဲ့ဆြမ္းနဲ႔ အသက္ရွင္ေနထိုင္ရတဲ့ ဘဝမို႔ သူတို႔ဟာ ငါ့ရဲ့ေက်းဇူးရွင္ေတြပါလား”ဆိုတဲ့ အသိမ်ိဳး ဝင္သင့္သလို လူေတြဘက္ကလည္း ဦးဇင္းရွိလို႔ ဆြမ္းကြမ္းလႉရတာေၾကာင့္ ဒါနကုသိုလ္ေတြ ရတယ္။ဦးဇင္းရွိလို႔ ဘုရားတည္ျဖစ္တယ္။
ေက်ာင္းေဆာက္ျဖစ္တယ ဆိုတဲ့ အျပန္အလွန္ ေက်းဇူးတရားေလးေတြ ရွိေနနိုင္ရင္ေတာ့ ပိုေကာင္းမယ္ ထင္ပါတယ္။ခ်င္းေတာင္ေပၚက ဆြမ္းမပို႔တဲ့ ရြာေလးေတြကိုလည္း အျပစ္မဆိုသာပါဘူး။ တကယ္ေတာ့ သူတို႔ရြာေလးေတြဟာ ဗုဒၶဘာသာသက္တမ္း အင္မတန္ ႏုနယ္ၾကပါေသးတယ္။
ရြာထဲမွာ ခရစ္ယာန္တစ္ဝက္၊ ဗုဒၶဘာသာတစ္ဝက္မို႔ ဗုဒၶဘာသာကလည္း ခရစ္ယာန္ထဲ အခ်ိန္မေရြး ဝင္သြားနိုင္သလို ခရစ္ယာန္ကလည္း ဗုဒၶဘာသာထဲကို အခ်ိန္မေရြး ဝင္လာနိုင္ပါတယ္။သူတို႔ေလးေတြမွာ ဘာသာေရးနဲ႔ပတ္သက္ၿပီး ခံစားခ်က္ သိပ္မရွိၾကတာကိုလည္း ေတြ႕ရပါတယ္။
လူသာသနာျပဳပုဂၢိဳလ္နဲ႔ မတည့္လို႔ ခရစ္ယာန္ထဲ ေျပာင္းသြားရတာနဲ႔၊ ဘုန္းႀကီးနဲ႔ မရင္းႏွီးလို႔ တစ္ျခားဘာသာထဲ ေျပာင္းသြားရတာနဲ႔။သူတို႔အတြက္ကေတာ့ ဘာသာတစ္ခုကေန တစ္ခုကို ကူးေျပာင္းကိုးကြယ္ဖို႔က ေရေသာက္သေလာက္ေတာင္ ခက္ပုံ မရပါဘူး။
ဘာေတြ ဘယ္လိုပဲျဖစ္ျဖစ္ ဗုဒၶဘာသာသက္တမ္းႏုေသးတဲ့ ခ်င္းေတာင္ေပၚက ရြာေလးေတြမွာ ဆြမ္းကြမ္းကို ကိုယ္တိုင္ခ်က္ၿပီး ဘုဥ္းေပးရပ္တည္ေနရတဲ့ သူငယ္ခ်င္း၊ ညီေတာ္၊ ေနာင္ေတာ္အားလုံးကို ေလးစားမိပါေၾကာင္း…။
Credit