“ဈေးဆိုင်ဖွင့်မယ့်သူများအတွက် အတုယူစရာ သင်ခန်းစာ နှင့် ဝယ်ပြီး ပစ္စည်း ပြန်မလဲပေးပါ ဆိုတဲ့ ဆိုင်တွေရဲ့ ဇာတ်သိမ်းခန်း”

News

Unicode
ဈေးရောင်းစားမယ့်သူများအတွက် အတုယူစရာ သင်ခန်းစာ နှင့် ဝယ်ပြီး ပစ္စည်း ပြန်မလဲပေးပါ ဆိုတဲ့ ဆိုင်တွေရဲ့ ဇာတ်သိမ်းခန်း

ဒီလိုမျိုး မြန်မာနိုင်ငံမှာပဲ လူပါးဝလို့ရမယ်။ အဲ့ဒီလို ဆိုင်းဘုတ်တွေရေးထားတဲ့ ဆိုင်တွေရဲ့ ဇာတ်သိမ်း မကြာခင်လာတော့ပါမယ်.. ဒီနေ့ ကျွန်တော် ဆိုင်တစ်ဆိုင်မှာ နွားနို့ထွက်ဝယ်တယ်။

နွားနို့ တစ်ပိဿာပေါ့။ ၅၀ သားနှစ်ထုပ် ပါပဲ။ ဒါပေမဲ့ ဝယ်ပြီးတော့မှ သတိရတယ်။ ၂၅ သား နှစ်ထုပ်တွဲယူရင် ကောင်းမလားလို့။ ဒါနဲ့ အရောင်းကောင်တာက မိန်းကလေးကို ပြောတယ်။

ဈေးဝယ်သူတွေလည်းရှင်းနေတာကိုး။ “ဟိုနှစ်ထုပ်နဲ့ ဒီတစ်ထုပ် အတူတူပဲဆိုတော့ လဲလိုက်မယ်နော်” “လဲလို့ မရဘူး” “အတူတူပဲ မဟုတ်လား” “ဟိုမှာ ရေးထားတယ်” သူပြတဲ့ စာကို ဖတ်ကြည့်တော့ “ဝယ်ပြီးပစ္စည်း ပြန်မလဲပေးပါ” တဲ့။

ဆိုင်ထဲကလည်းမထွက်ရသေးဘူး။ ပိုက်ဆံပေးပြီးရုံပဲ ရှိသေးတယ်။ အမျိုးအစားတူ၊ ဈေးနှုန်းတူကိုပဲ လဲတာ။ သူ့အနေနဲ့ အဆင်မပြေတာ ရှိချင်ရှိမှာပါ။ ဒါပေမဲ့ Customer ရဲ့လိုအပ်ချက်တွေကို ဘာလို့ မဖြည့်ဆည်းပေးနိုင်ရမှာလဲ။

ရောင်းသူနဲ့ ဝယ်သူ ဘယ်သူက အရေးပါလဲ။ မေးခွန်းတွေအများကြီး ပေါ်လာပါတယ်။ ဖတ်ဖူးတဲ့ တစ်ခါက အကြောင်းအရာတစ်ခုကို တင်ပြလိုတယ်။ သူရေးထားတဲ့အတိုင်း တင်ပြပါမယ်။

“ကျွန်တော်ငယ်ငယ်က ကျောင်းအားရက်တွေမှာ အဖေ့ကို ကူညီတဲ့အနေနဲ့ ဆိုင်ထိုင်ပေးရပါတယ်။ အဖေကလည်း ကျွန်တော့်ကို အလုပ်သင်အနေနဲ့လုပ်ခပေးပါတယ်။ အဖေ့ဆိုင်က ပရိဘောဂတွေ ရောင်းတဲ့ဆိုင်ပါ။

တစ်ခါမှာ အမျိုးသမီးကြီးတစ်ယောက်ဟာ ဆိုင်ရှေ့မှာ သူ့ရဲ့ကားကို ရပ်ပြီး ဆိုဖာတစ်လုံးကို ကျွန်တော့်ကို ချစေတယ်။ ကျွန်တော်က ဆိုဖာကို ဆိုင်ထဲသွင်းလိုက်ပါတယ်။ “ဘာမှ မကြာသေးဘူး ပျက်ပြီ။ ဘောက်ချာတော့ မပါဘူး။ ပြင်ပေးလို့ရလား” “ရပါတယ်” အဖေက ဆိုဖာကုလားထိုင်ကို စစ်ဆေးပြီး “နက်ဖြန်လာယူပါ”လို့မှာလိုက်တယ်။

အဖေက ပြင်ပေးတယ်။ ကျွန်တော်က ကုလားထိုင်ကို ကြည့်လိုက်တော့ ကျွန်တော်တို့ မျက်နှာချင်းဆိုင် ဆိုင်ကဖြစ်နေတာကို တွေ့ရတယ်။ “အဖေ။ ဟိုဘက်ဆိုင်က ကုလားထိုင်ပဲ” “ဟုတ်တယ်လေ။ ငါသိပါတယ်” “ဒါဆို အဖေဘာလို့ ပြင်ပေးတာလဲ” “ငါက ဒါလောက်တော့ ပြင်တတ်တာကိုး” “အဖေအမျိုးသမီးကြီးကို ပိုက်ဆံတောင်းဦးမှာလား”“မတောင်းပါဘူး။

သူဝယ်သွားတာတစ်နှစ်တောင် မပြည့်သေးဘူး ပြောတယ်။ ဒီမှာကြည့်။ အသစ်ကြီး။ တစ်ခုခုကြောင့် ဒီလို ပျက်သွားတာ” အဖေက စိတ်ရှည်လက်ရှည် ပြင်ပေးလိုက်တယ်။ နောက်တစ်နေ့မှာအမျိုးသမီးကြီးက သူ့ခုံသူ လာယူသွားတယ်။

တစ်ပတ်လောက်ကြာတော့ အမျိုးသမီးကြီး ပြန်လာတယ်။ “ဆောရီးပဲ။ ကျွန်မ ဆိုင်မှားပြီး ပြင်ခိုင်းလိုက်တာ။ တကယ်တော့ကျွန်မမသိလိုက်ဘူး။

ကျွန်မယောက်ျား ခရီးက ပြန်ရောက်တော့ သူပြောပြမှ သိတယ်။ သူက ကျွန်မကို အပြစ်တင်တယ်” အဖေက ပြုံးနေတယ်။ “ရှင် ဆိုင်မှားနေတာကိုသိမှာပေါ့” “သိပါတယ်။ အောက်ဘက်မှာ ဆိုင်တံဆိပ် ပါတာပဲ” “ကဲပါ။

ကျွန်မဘယ်လောက် ပေးရမလဲ” “မလိုပါဘူး” “ဘာဖြစ်လို့လဲ” “အသေးအမွှားတွေပဲလေ။ ဒီလိုပြင်ပေးဖို့ ကျွန်တော်တို့ ပရိဘောဂသမားတွေမှာတာဝန်ရှိပါတယ်။

နောက်ပြီး ခင်ဗျားအနေနဲ့လည်း ဒီခုံကို ဟိုသယ်ဒီသယ်လုပ်ရတာ အဆင်မှ မပြေတာပဲ” အဖေပြောတော့ အမျိုးသမီးသဘောပေါက်ပြီး ပြန်သွားတယ်။ နှစ်တွေကြာသွားတော့ ကျွန်တော်လည်း အဆောင်ကို ပြောင်းနေခဲ့တယ်။ ကျောင်းကဘွဲ့ရပြီး အိမ်ကိုပြန်ရောက်တော့ ကျွန်တော် ကိုယ်ပိုင်အလုပ်ကို မလုပ်မီ အဖေ့ဆိုင်မှာ ထိုင်ပေးပါတယ်။

တစ်ရက်မှာသူရဲ့ဆိုဖာခုံကို ဆိုင်မှားပြင်ခိုင်းတဲ့ အမျိုးသမီးသမီးကြီးရောက်လာတယ်။ အဖေ့ကို ပြုံးပြီး နှုတ်ဆက်တယ်။ သူတစ်ယောက်ထဲ မဟုတ်ဘူး။ နောက်မှာ လူအချို့လည်း ပါလာတယ်။ “ဒါက ကျွန်မမြေးတွေ။ သူတို့ မင်္ဂလာဆောင်ပြီး အိမ်သစ်အတွက် ပရိဘောဂလိုချင်လို့ပါ” သူတို့ ကက်တလောက်တွေကို ကြည့်ပြီး ပစ္စည်းတွေ မှာသွားတယ်။ သူတို့ပြန်သွားတော့ အဖေ့ကို မေးတယ်။

“မိတ်ဆွေတွေ ဖြစ်သွားလား”“ဟုတ်တယ်။ ဒီအမျိုးသမီးကြီးက လူမှုကွန်ရက်မှာ အရေးပါတဲ့ တစ်ယောက်ပဲ။ သူက ဖောက်သည်တွေ အများကြီး ရှာပေးတယ်” “အဖေ့ ပစ္စည်းတွေလည်း ကောင်းတာကိုး” “ပစ္စည်းကောင်းရုံနဲ့ မရဘူးသား။ စိတ်ထားလည်း ကောင်းရတယ်။ တို့ဈေးရောင်းတယ်ဆိုတာ အခြားသူတွေကို ကူညီနေတာပဲမဟုတ်လား “ အဖေ့ဟာ ကျွန်တော့်ရဲ့ ကျေးဇူးရှင် ဆရာအစစ်အမှန်ဖြစ်လာပါတယ်။

ဒီနေ့မှာ ကျွန်တော်ဟာ သန်းကြွယ်သူဌေးကြီး ဖြစ်နေပါပြီ။ ပိုက်ဆံရှိတာထက် လူမှုအသိုင်းအဝိုင်းထဲမှာ ပျော်ရွှင်မှုတွေနဲ့ နေတတ်ဖို့ အဖေသင်ပေးတာပါပဲ”တဲ့။ ကျွန်တော်တို့ ကမ္ဘာကြီးမှာ တစ်နေရာနဲ့တစ်နေရာ၊ တစ်ယောက်နဲ့တစ်ယောက် နီးကပ်လာပါပြီ။ နယ်စည်းမခြားဆိုတာ တကယ့်ကို ဖြစ်လာပြီပဲ။ ဒါကို Globalization လို့ ခေါ်ကြတယ်။ ကမ္ဘာလုံးခြုံ ဖြစ်ထွန်းမှုပေါ့။

တစ်နေရာကလိုတဲ့ပစ္စည်းကို နောက်တစ်နေရာက ပို့ဆောင်ရောင်းဝယ်တာပါပဲ။ အဓိကကတော့ ဈေးကွက်ပေါ့။ ၂၁ ရာစု ဈေးကွက်ဆိုတာ အကောင်းဆုံးကို လိုချင်တဲ့ ဈေးကွက်ပါပဲ။ လူတွေဟာ ပစ္စည်းကောင်းကို သုံးချင်တယ်။

ရွေးချယ်ခွင့်ကို ရချင်တယ်။ မိမိကိုလေးစားတဲ့ သူတွေနဲ့သာ ဆက်ဆံလိုတယ်။ ၁၉၆၀ ပြည့်နှစ်လောက်က ထိုင်းမှာ စီးပွားရေးပြုပြင်ရေးတွေ လုပ်တယ်။ ထိုင်းအစိုးရက နိုင်ငံတကာကလူတွေကို ဖိတ်ခေါပြီး ထိုင်းမှာ ဆိုင်တွေဖွင့်ဖို့ အားပေးအားမြှောက် ပြုတယ်။ ကုန်တိုက်ကြီးတွေ နေ့ချင်းညချင်း ပေါ်လာပါတယ်။

ဒါပေမဲ့ တစ်နှစ်မပြည့်မီအနောက်တိုင်းရင်းနှီးမြှုပ်နှံသူတွေက ပြန်ထွက်ဖို့ ပြင်ဆင်ကြတယ်။ ဒီတော့ ထိုင်းတာဝန်ရှိသူတွေက ရင်းနှီးမြှုပ်နှံသူတွေကို မေးတယ်။ “ဘာလို့ ထွက်မှာလဲ” “ဝန်ထမ်းတွေပါပဲ။ သူတို့နဲ့ အလုပ်လုပ်ရတာ အဆင်မပြေဘူး” “ဝန်ထမ်းတွေကို ခိုင်းလေဗျာ” “ခိုင်းပါတယ်။ သူတို့ဟာ စကား စုပြောတယ်။

ဖောက်သည်သည်တွေလာရင်လည်း ချေချေငံငံ မဆက်ဆံဘူး” “ဘယ်လိုမျိုးလဲ” “ပစ္စည်းတစ်ခုပြခိုင်းရင်ဈေးကြီးတယ်နော်၊ ဝယ်နိုင်လို့လား ဆိုတဲ့ ပုံစံမျိုးနဲ့ ဆက်ဆံတယ်” “သူတို့ကို သဘော‌ပေါက်အောင် ပြောလို့မရဘူးလား” “မရဘူး။ တစ်ခါတစ်ခါ သူတို့အချင်းချင်း စကားပြောနေတယ်။ ဖောက်သည်တွေကိုလည်း ပြန်ငြင်းတာ ရှိတယ်” “သူတို့က ရှင်းပြတာ နေမှာပေါ့” “ဟုတ်မှာပါ။ ဒါပေမဲ့ဖောက်သည်က ဘာမှမသိဘူးဆိုတာ မလုပ်ရဘူးလေ။

Customer is always right ဆိုတဲ့စကား ရှိတယ်” “ဖောက်သည်က မှားနေရင်ကော” “မှားတာတွေ ရှိမှာပါ။ ဒါပေမဲ့ ဈေးရောင်းတဲ့သူတွေက ဒါကို ထောက်ပြစရာ မလိုဘူးလေ။ သူ့တာဝန်ကဝန်ဆောင်မှုပေးဖို့ပဲ” “ခင်ဗျားပြောတာ တော်တော်ကောင်းတာပဲ။

ခင်ဗျားတို့ ဘာလုပ်ပေးလို့ရလဲ” “အင်း၊ ကျွန်တော်တို့ သူတို့ကို တစ်လနှစ်လလောက် သင်တန်းပေးဖို့ လိုတယ်” “အဲဒီအချိန်မှာ ကုန်တိုက်ကို ဘာလုပ်ရမှာလဲ” “ပိတ်ထားလိုက်ပေါ့” “ခင်ဗျာ” “တစ်သက်လုံး အဆင်ပြေမဲ့ကိစ္စ တစ်လနှစ်လလောက်တော့ ရင်းနှီးရမှာပေါ့” အဲဒီနောက်တော့ ထိုင်းကုန်တိုက်တွေဟာ ကမ္ဘာ့အဆင့် မှီလာတယ်။ နောက်ပြီးစားသောက်ဆိုင်က ဝန်ထမ်းတွေကိုလည်း သင်တန်းတွေပေးတယ်။

အချို့ ကို နိုင်ငံခြားလွှတ်သင်တန်းတွေတက်ခိုင်းတယ်။ ဆက်ဆံရေးတွေကောင်းပြီး ဂရုစိုက်မှုတွေနဲ့ စာသုံးသူတွေကို အဆင်ပြေအောင် လုပ်ဖို့ဆိုတာတွေကို သင်တန်းတွေမှာ သင်ပေးတယ်။ မန်နေဂျာသင်တန်းတွေ၊ စီအီးအိုသင်တန်းတွေတောင် ရှိပါတယ်။

ဒါတွေက အင်မတန် အရေးကြီးတယ်။ ဘာကြောင့် ဒါတွေ လိုအပ်လဲ။ စောစောက ကျွန်တော်ပြောသလို Globalization ဆိုတာ ကျွန်တော်တို့ဆီ ရောက်လာနေပြီ။ ငွေအား၊ လူအားနဲ့ ဝင်လာတဲ့ လုပ်ငန်းတွေကို ကျွန်တော်တို့ ပြိုင်ရမှာပဲ။

ဒီအတိုင်း ဆက်နေရင်တော့ မြန်မာတွေဟာအလုပ်သမားတွေပဲ ဖြစ်လာမှာပေါ့။ ဘဏ်လုပ်ငန်းတွေ၊ ဓာတ်ဆီဆိုင်လုပ်ငန်းတွေမှာ အစိုးရက သူတို့ဝင်မတိုးနိုင်အောင် ကာကွယ်ထားတာတွေ ရှိတယ်။ ဒါပေမဲ့ ရေရှည်မှာ သူတို့ကို ဖွင့်ပေးရမှာပဲ။

ဒီအခါ ခက်ခဲတဲ့ယှဉ်ပြိုင်မှုတွေကို တွေ့ရမှာပါပဲ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို မလွဲမသွေ လမ်းဖွင့်ပေးရမှာ ဖြစ်တယ်။ ဒီတော့အကောင်းဆုံးဖြစ်အောင် မိမိကိုယ်ကိုယ် မိမိတို့ ပြင်ဆင်ထားကြဖို့လိုတယ်။

နိုင်ငံခြားမှာ မိမိမကြိုက်ရင် ဝယ်ပြီးပစ္စည်းတွေကို တစ်ပတ်အတွင်း ပြန်လဲလို့ ရတယ်။ မြန်မာပြည်မှာ ဆိုင်ထဲကနေ မထွက်ရသေးတာတောင် လဲလို့မရဘူး။ “ဝယ်ပြီးပစ္စည်း မလဲပေးပါ။ ကျန်ရှိပစ္စည်း တာဝန်မယူ” ဆိုတာတွေနဲ့ နိုင်ငံတကာဈေးကွက်ကို တိုးဖို့မလွယ်လှကြောင်း တင်ပြလိုက်ရပါတယ်။

crd

Zawgyi

ေဈးေရာင္းစားမယ့္သူမ်ားအတြက္ အတုယူစရာ သင္ခန္းစာ ႏွင့္ ဝယ္ၿပီး ပစၥည္း ျပန္မလဲေပးပါ ဆိုတဲ့ ဆိုင္ေတြရဲ႕ ဇာတ္သိမ္းခန္း

ဒီလိုမ်ိဳး ျမန္မာႏိုင္ငံမွာပဲ လူပါးဝလို႔ရမယ္။ အဲ့ဒီလို ဆိုင္းဘုတ္ေတြေရးထားတဲ့ ဆိုင္ေတြရဲ႕ ဇာတ္သိမ္း မၾကာခင္လာေတာ့ပါမယ္.. ဒီေန႔ ကြၽန္ေတာ္ ဆိုင္တစ္ဆိုင္မွာ ႏြားႏို႔ထြက္ဝယ္တယ္။

ႏြားႏို႔ တစ္ပိႆာေပါ့။ ၅၀ သားႏွစ္ထုပ္ ပါပဲ။ ဒါေပမဲ့ ဝယ္ၿပီးေတာ့မွ သတိရတယ္။ ၂၅ သား ႏွစ္ထုပ္တြဲယူရင္ ေကာင္းမလားလို႔။ ဒါနဲ႔ အေရာင္းေကာင္တာက မိန္းကေလးကို ေျပာတယ္။

ေဈးဝယ္သူေတြလည္းရွင္းေနတာကိုး။ “ဟိုႏွစ္ထုပ္နဲ႔ ဒီတစ္ထုပ္ အတူတူပဲဆိုေတာ့ လဲလိုက္မယ္ေနာ္” “လဲလို႔ မရဘူး” “အတူတူပဲ မဟုတ္လား” “ဟိုမွာ ေရးထားတယ္” သူျပတဲ့ စာကို ဖတ္ၾကည့္ေတာ့ “ဝယ္ၿပီးပစၥည္း ျပန္မလဲေပးပါ” တဲ့။

ဆိုင္ထဲကလည္းမထြက္ရေသးဘူး။ ပိုက္ဆံေပးၿပီး႐ုံပဲ ရွိေသးတယ္။ အမ်ိဳးအစားတူ၊ ေဈးႏႈန္းတူကိုပဲ လဲတာ။ သူ႔အေနနဲ႔ အဆင္မေျပတာ ရွိခ်င္ရွိမွာပါ။ ဒါေပမဲ့ Customer ရဲ႕လိုအပ္ခ်က္ေတြကို ဘာလို႔ မျဖည့္ဆည္းေပးႏိုင္ရမွာလဲ။

ေရာင္းသူနဲ႔ ဝယ္သူ ဘယ္သူက အေရးပါလဲ။ ေမးခြန္းေတြအမ်ားႀကီး ေပၚလာပါတယ္။ ဖတ္ဖူးတဲ့ တစ္ခါက အေၾကာင္းအရာတစ္ခုကို တင္ျပလိုတယ္။ သူေရးထားတဲ့အတိုင္း တင္ျပပါမယ္။

“ကြၽန္ေတာ္ငယ္ငယ္က ေက်ာင္းအားရက္ေတြမွာ အေဖ့ကို ကူညီတဲ့အေနနဲ႔ ဆိုင္ထိုင္ေပးရပါတယ္။ အေဖကလည္း ကြၽန္ေတာ့္ကို အလုပ္သင္အေနနဲ႔လုပ္ခေပးပါတယ္။ အေဖ့ဆိုင္က ပရိေဘာဂေတြ ေရာင္းတဲ့ဆိုင္ပါ။

တစ္ခါမွာ အမ်ိဳးသမီးႀကီးတစ္ေယာက္ဟာ ဆိုင္ေရွ႕မွာ သူ႔ရဲ႕ကားကို ရပ္ၿပီး ဆိုဖာတစ္လုံးကို ကြၽန္ေတာ့္ကို ခ်ေစတယ္။ ကြၽန္ေတာ္က ဆိုဖာကို ဆိုင္ထဲသြင္းလိုက္ပါတယ္။ “ဘာမွ မၾကာေသးဘူး ပ်က္ၿပီ။ ေဘာက္ခ်ာေတာ့ မပါဘူး။ ျပင္ေပးလို႔ရလား” “ရပါတယ္” အေဖက ဆိုဖာကုလားထိုင္ကို စစ္ေဆးၿပီး “နက္ျဖန္လာယူပါ”လို႔မွာလိုက္တယ္။

အေဖက ျပင္ေပးတယ္။ ကြၽန္ေတာ္က ကုလားထိုင္ကို ၾကည့္လိုက္ေတာ့ ကြၽန္ေတာ္တို႔ မ်က္ႏွာခ်င္းဆိုင္ ဆိုင္ကျဖစ္ေနတာကို ေတြ႕ရတယ္။ “အေဖ။ ဟိုဘက္ဆိုင္က ကုလားထိုင္ပဲ” “ဟုတ္တယ္ေလ။ ငါသိပါတယ္” “ဒါဆို အေဖဘာလို႔ ျပင္ေပးတာလဲ” “ငါက ဒါေလာက္ေတာ့ ျပင္တတ္တာကိုး” “အေဖအမ်ိဳးသမီးႀကီးကို ပိုက္ဆံေတာင္းဦးမွာလား”“မေတာင္းပါဘူး။

သူဝယ္သြားတာတစ္ႏွစ္ေတာင္ မျပည့္ေသးဘူး ေျပာတယ္။ ဒီမွာၾကည့္။ အသစ္ႀကီး။ တစ္ခုခုေၾကာင့္ ဒီလို ပ်က္သြားတာ” အေဖက စိတ္ရွည္လက္ရွည္ ျပင္ေပးလိုက္တယ္။ ေနာက္တစ္ေန႔မွာအမ်ိဳးသမီးႀကီးက သူ႔ခုံသူ လာယူသြားတယ္။

တစ္ပတ္ေလာက္ၾကာေတာ့ အမ်ိဳးသမီးႀကီး ျပန္လာတယ္။ “ေဆာရီးပဲ။ ကြၽန္မ ဆိုင္မွားၿပီး ျပင္ခိုင္းလိုက္တာ။ တကယ္ေတာ့ကြၽန္မမသိလိုက္ဘူး။

ကြၽန္မေယာက္်ား ခရီးက ျပန္ေရာက္ေတာ့ သူေျပာျပမွ သိတယ္။ သူက ကြၽန္မကို အျပစ္တင္တယ္” အေဖက ၿပဳံးေနတယ္။ “ရွင္ ဆိုင္မွားေနတာကိုသိမွာေပါ့” “သိပါတယ္။ ေအာက္ဘက္မွာ ဆိုင္တံဆိပ္ ပါတာပဲ” “ကဲပါ။

ကြၽန္မဘယ္ေလာက္ ေပးရမလဲ” “မလိုပါဘူး” “ဘာျဖစ္လို႔လဲ” “အေသးအမႊားေတြပဲေလ။ ဒီလိုျပင္ေပးဖို႔ ကြၽန္ေတာ္တို႔ ပရိေဘာဂသမားေတြမွာတာဝန္ရွိပါတယ္။

ေနာက္ၿပီး ခင္ဗ်ားအေနနဲ႔လည္း ဒီခုံကို ဟိုသယ္ဒီသယ္လုပ္ရတာ အဆင္မွ မေျပတာပဲ” အေဖေျပာေတာ့ အမ်ိဳးသမီးသေဘာေပါက္ၿပီး ျပန္သြားတယ္။ ႏွစ္ေတြၾကာသြားေတာ့ ကြၽန္ေတာ္လည္း အေဆာင္ကို ေျပာင္းေနခဲ့တယ္။ ေက်ာင္းကဘြဲ႕ရၿပီး အိမ္ကိုျပန္ေရာက္ေတာ့ ကြၽန္ေတာ္ ကိုယ္ပိုင္အလုပ္ကို မလုပ္မီ အေဖ့ဆိုင္မွာ ထိုင္ေပးပါတယ္။

တစ္ရက္မွာသူရဲ႕ဆိုဖာခုံကို ဆိုင္မွားျပင္ခိုင္းတဲ့ အမ်ိဳးသမီးသမီးႀကီးေရာက္လာတယ္။ အေဖ့ကို ၿပဳံးၿပီး ႏႈတ္ဆက္တယ္။ သူတစ္ေယာက္ထဲ မဟုတ္ဘူး။ ေနာက္မွာ လူအခ်ိဳ႕လည္း ပါလာတယ္။ “ဒါက ကြၽန္မေျမးေတြ။ သူတို႔ မဂၤလာေဆာင္ၿပီး အိမ္သစ္အတြက္ ပရိေဘာဂလိုခ်င္လို႔ပါ” သူတို႔ ကက္တေလာက္ေတြကို ၾကည့္ၿပီး ပစၥည္းေတြ မွာသြားတယ္။ သူတို႔ျပန္သြားေတာ့ အေဖ့ကို ေမးတယ္။

“မိတ္ေဆြေတြ ျဖစ္သြားလား”“ဟုတ္တယ္။ ဒီအမ်ိဳးသမီးႀကီးက လူမႈကြန္ရက္မွာ အေရးပါတဲ့ တစ္ေယာက္ပဲ။ သူက ေဖာက္သည္ေတြ အမ်ားႀကီး ရွာေပးတယ္” “အေဖ့ ပစၥည္းေတြလည္း ေကာင္းတာကိုး” “ပစၥည္းေကာင္း႐ုံနဲ႔ မရဘူးသား။ စိတ္ထားလည္း ေကာင္းရတယ္။ တို႔ေဈးေရာင္းတယ္ဆိုတာ အျခားသူေတြကို ကူညီေနတာပဲမဟုတ္လား “ အေဖ့ဟာ ကြၽန္ေတာ့္ရဲ႕ ေက်းဇူးရွင္ ဆရာအစစ္အမွန္ျဖစ္လာပါတယ္။

ဒီေန႔မွာ ကြၽန္ေတာ္ဟာ သန္းႂကြယ္သူေဌးႀကီး ျဖစ္ေနပါၿပီ။ ပိုက္ဆံရွိတာထက္ လူမႈအသိုင္းအဝိုင္းထဲမွာ ေပ်ာ္႐ႊင္မႈေတြနဲ႔ ေနတတ္ဖို႔ အေဖသင္ေပးတာပါပဲ”တဲ့။ ကြၽန္ေတာ္တို႔ ကမာၻႀကီးမွာ တစ္ေနရာနဲ႔တစ္ေနရာ၊ တစ္ေယာက္နဲ႔တစ္ေယာက္ နီးကပ္လာပါၿပီ။ နယ္စည္းမျခားဆိုတာ တကယ့္ကို ျဖစ္လာၿပီပဲ။ ဒါကို Globalization လို႔ ေခၚၾကတယ္။ ကမာၻလုံးၿခဳံ ျဖစ္ထြန္းမႈေပါ့။

တစ္ေနရာကလိုတဲ့ပစၥည္းကို ေနာက္တစ္ေနရာက ပို႔ေဆာင္ေရာင္းဝယ္တာပါပဲ။ အဓိကကေတာ့ ေဈးကြက္ေပါ့။ ၂၁ ရာစု ေဈးကြက္ဆိုတာ အေကာင္းဆုံးကို လိုခ်င္တဲ့ ေဈးကြက္ပါပဲ။ လူေတြဟာ ပစၥည္းေကာင္းကို သုံးခ်င္တယ္။

ေ႐ြးခ်ယ္ခြင့္ကို ရခ်င္တယ္။ မိမိကိုေလးစားတဲ့ သူေတြနဲ႔သာ ဆက္ဆံလိုတယ္။ ၁၉၆၀ ျပည့္ႏွစ္ေလာက္က ထိုင္းမွာ စီးပြားေရးျပဳျပင္ေရးေတြ လုပ္တယ္။ ထိုင္းအစိုးရက ႏိုင္ငံတကာကလူေတြကို ဖိတ္ေခါၿပီး ထိုင္းမွာ ဆိုင္ေတြဖြင့္ဖို႔ အားေပးအားေျမႇာက္ ျပဳတယ္။ ကုန္တိုက္ႀကီးေတြ ေန႔ခ်င္းညခ်င္း ေပၚလာပါတယ္။

ဒါေပမဲ့ တစ္ႏွစ္မျပည့္မီအေနာက္တိုင္းရင္းႏွီးျမႇဳပ္ႏွံသူေတြက ျပန္ထြက္ဖို႔ ျပင္ဆင္ၾကတယ္။ ဒီေတာ့ ထိုင္းတာဝန္ရွိသူေတြက ရင္းႏွီးျမႇဳပ္ႏွံသူေတြကို ေမးတယ္။ “ဘာလို႔ ထြက္မွာလဲ” “ဝန္ထမ္းေတြပါပဲ။ သူတို႔နဲ႔ အလုပ္လုပ္ရတာ အဆင္မေျပဘူး” “ဝန္ထမ္းေတြကို ခိုင္းေလဗ်ာ” “ခိုင္းပါတယ္။ သူတို႔ဟာ စကား စုေျပာတယ္။

ေဖာက္သည္သည္ေတြလာရင္လည္း ေခ်ေခ်ငံငံ မဆက္ဆံဘူး” “ဘယ္လိုမ်ိဳးလဲ” “ပစၥည္းတစ္ခုျပခိုင္းရင္ေဈးႀကီးတယ္ေနာ္၊ ဝယ္ႏိုင္လို႔လား ဆိုတဲ့ ပုံစံမ်ိဳးနဲ႔ ဆက္ဆံတယ္” “သူတို႔ကို သေဘာ‌ေပါက္ေအာင္ ေျပာလို႔မရဘူးလား” “မရဘူး။ တစ္ခါတစ္ခါ သူတို႔အခ်င္းခ်င္း စကားေျပာေနတယ္။ ေဖာက္သည္ေတြကိုလည္း ျပန္ျငင္းတာ ရွိတယ္” “သူတို႔က ရွင္းျပတာ ေနမွာေပါ့” “ဟုတ္မွာပါ။ ဒါေပမဲ့ေဖာက္သည္က ဘာမွမသိဘူးဆိုတာ မလုပ္ရဘူးေလ။

Customer is always right ဆိုတဲ့စကား ရွိတယ္” “ေဖာက္သည္က မွားေနရင္ေကာ” “မွားတာေတြ ရွိမွာပါ။ ဒါေပမဲ့ ေဈးေရာင္းတဲ့သူေတြက ဒါကို ေထာက္ျပစရာ မလိုဘူးေလ။ သူ႔တာဝန္ကဝန္ေဆာင္မႈေပးဖို႔ပဲ” “ခင္ဗ်ားေျပာတာ ေတာ္ေတာ္ေကာင္းတာပဲ။

ခင္ဗ်ားတို႔ ဘာလုပ္ေပးလို႔ရလဲ” “အင္း၊ ကြၽန္ေတာ္တို႔ သူတို႔ကို တစ္လႏွစ္လေလာက္ သင္တန္းေပးဖို႔ လိုတယ္” “အဲဒီအခ်ိန္မွာ ကုန္တိုက္ကို ဘာလုပ္ရမွာလဲ” “ပိတ္ထားလိုက္ေပါ့” “ခင္ဗ်ာ” “တစ္သက္လုံး အဆင္ေျပမဲ့ကိစၥ တစ္လႏွစ္လေလာက္ေတာ့ ရင္းႏွီးရမွာေပါ့” အဲဒီေနာက္ေတာ့ ထိုင္းကုန္တိုက္ေတြဟာ ကမာၻ႔အဆင့္ မွီလာတယ္။ ေနာက္ၿပီးစားေသာက္ဆိုင္က ဝန္ထမ္းေတြကိုလည္း သင္တန္းေတြေပးတယ္။

အခ်ိဳ႕ ကို ႏိုင္ငံျခားလႊတ္သင္တန္းေတြတက္ခိုင္းတယ္။ ဆက္ဆံေရးေတြေကာင္းၿပီး ဂ႐ုစိုက္မႈေတြနဲ႔ စာသုံးသူေတြကို အဆင္ေျပေအာင္ လုပ္ဖို႔ဆိုတာေတြကို သင္တန္းေတြမွာ သင္ေပးတယ္။ မန္ေနဂ်ာသင္တန္းေတြ၊ စီအီးအိုသင္တန္းေတြေတာင္ ရွိပါတယ္။

ဒါေတြက အင္မတန္ အေရးႀကီးတယ္။ ဘာေၾကာင့္ ဒါေတြ လိုအပ္လဲ။ ေစာေစာက ကြၽန္ေတာ္ေျပာသလို Globalization ဆိုတာ ကြၽန္ေတာ္တို႔ဆီ ေရာက္လာေနၿပီ။ ေငြအား၊ လူအားနဲ႔ ဝင္လာတဲ့ လုပ္ငန္းေတြကို ကြၽန္ေတာ္တို႔ ၿပိဳင္ရမွာပဲ။

ဒီအတိုင္း ဆက္ေနရင္ေတာ့ ျမန္မာေတြဟာအလုပ္သမားေတြပဲ ျဖစ္လာမွာေပါ့။ ဘဏ္လုပ္ငန္းေတြ၊ ဓာတ္ဆီဆိုင္လုပ္ငန္းေတြမွာ အစိုးရက သူတို႔ဝင္မတိုးႏိုင္ေအာင္ ကာကြယ္ထားတာေတြ ရွိတယ္။ ဒါေပမဲ့ ေရရွည္မွာ သူတို႔ကို ဖြင့္ေပးရမွာပဲ။

ဒီအခါ ခက္ခဲတဲ့ယွဥ္ၿပိဳင္မႈေတြကို ေတြ႕ရမွာပါပဲ။ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈကို မလြဲမေသြ လမ္းဖြင့္ေပးရမွာ ျဖစ္တယ္။ ဒီေတာ့အေကာင္းဆုံးျဖစ္ေအာင္ မိမိကိုယ္ကိုယ္ မိမိတို႔ ျပင္ဆင္ထားၾကဖို႔လိုတယ္။

ႏိုင္ငံျခားမွာ မိမိမႀကိဳက္ရင္ ဝယ္ၿပီးပစၥည္းေတြကို တစ္ပတ္အတြင္း ျပန္လဲလို႔ ရတယ္။ ျမန္မာျပည္မွာ ဆိုင္ထဲကေန မထြက္ရေသးတာေတာင္ လဲလို႔မရဘူး။ “ဝယ္ၿပီးပစၥည္း မလဲေပးပါ။ က်န္ရွိပစၥည္း တာဝန္မယူ” ဆိုတာေတြနဲ႔ ႏိုင္ငံတကာေဈးကြက္ကို တိုးဖို႔မလြယ္လွေၾကာင္း တင္ျပလိုက္ရပါတယ္။

crd

Leave a Reply

Your email address will not be published.