သူငယ်ချင်းတွေတောင် မယုံရတဲ့ခေတ်…အကူအညီတောင်းလို့လိုက်ပို့တဲ့ (၁၆)နှစ်အရွယ် မဖူးပွင့်ကဗျာရဲ့ အဖြစ်ဆိုး

News

အကူအညီတောင်းလို့ လိုက်ပို့တဲ့ (၁၆)နှစ်အရွယ် မဖူးပွင့်ကဗျာ ကံဆိုးမှုတွေနဲ့ ကြုံတွေ့ရ

ရေးမြို့နယ်၊နှစ်ကရင်ကျေးရွာမှ ပျောက်ဆုံးနေသူ အမျိုးသမီးငယ်အား ဓ-ားဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိ

မွန်ပြည်နယ်၊ရေးမြို့နယ်၊နှစ်ကရင်ကျေးရွာမှ ပျောက်ဆုံးနေသူ အမျိုးသမီးငယ်အား ယမန်နေ့ (နိုဝင်ဘာ ၆ရက်)၊ မွန်းလွဲပိုင်းတွင်

ဓ-ားဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိခဲ့ကြောင်း ရွှေဟင်္သာ လူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါ ပျောက်ဆုံးသူ အသက် ၁၆ နှစ်အရွယ်ရှိ မဖူးပွင့်ကဗျာအား နှစ်ကရင်ရွာအထွက် ရော်ဘာခြံလမ်းကြား (သင်္ချိုင်းအနီး) ခြုံကြားတွင်

ထိုးသွင်း ဓ-ားဒဏ်ရာငါးချက်၊ ထိုးကြိတ်ခံထားရသည့် ဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူမှဆိုသည်။

“လက်ရှိမှာတော့ မော်လမြိုင်ဆေးရုံကြီးမှာပါ။သက်သာသွားပါပြီ။ ဒဏ်ရာက ငါးချက်ထိတာမှာ တစ်ချက်နှစ်ချက်ပဲ နက်တဲ့ဒဏ်ရာရတာ။

ကျန်တာအ‌ပေါ်ယံထိရုံပါပဲ”ဟု ‌အဆိုပါ တာဝန်ရှိသူမှ စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။

မဖူးပွင့်ကဗျာ ဝတ်ဆင်ထားသည့် လက်ဝတ်လက်စားများ နှင့် Wave – I 125 အမျိုးအစား (ဖြူ/နီ အရောင်) မော်တော်ဆိုင်ကယ်ကိုလည်း ယူဆောင်သွားကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မွန်ပြည်နယ်၊သံဖြုဇရပ်မြို့နယ်ရဲစခန်း၌ အမှုဖွင့်ထားပြီးတရားခံများအား ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းသိရသည်။

ပြီးခဲ့သည့် (နိုဝင်ဘာ ၅ ရက်)၊မွန်းလွဲ ၂ နာရီတွင် နှစ်ကရင်ကျေးရွာ၌ နေထိုင်သူ မဖူးပွင့်ကဗျာ ထံအလည်လာသည့်

နှစ်ကရင်ကျေးရွာသူ မပြည့်ဖြိုးဝေ နှင့် သံဖြူဇရပ်မြို့သား မောင်ချမ်းမွန် (ခ) အာရုံဦးတို့ ဇနီးမောင်နှံ နှစ်ဦးသည်

သံဖြူဇရပ်သို့ ပြန်ရန် နှစ်ကရင်ကျေးရွာ လမ်းဝ သို့ ပို့ဆောင်ပေးရန် အကူအညီတောင်းသဖြင့် လိုက်လံ‌ပို့‌ဆောင်ပေးရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း-စံတော်ချိန်ဒစ်ဂျစ်တယ်

ဓာတ်ပုံ-ရွှေဟင်္သာ လူမှုကူညီရေးအသင်း

Zawgyi Version ဖြင့်ဖတ်ရန်

crd

Leave a Reply

Your email address will not be published.