ဖုန်းဆင်းကတ်တွေကို နာမည်မှတ်ပုံတင်နံပါတ်အမှန်နဲ့ ဇန်နဝါရီ ၃၁ ရက်နောက်ဆုံးထား ပြင်ဆင်ဖို့ ထုတ်ပြန်

News

ဖုန်းဆင်းကတ်တွေကို နာမည်မှတ်ပုံတင်နံပါတ်အမှန်နဲ့ ဇန်နဝါရီ ၃၁ ရက်နောက်ဆုံးထား ပြင်ဆင်ဖို့ စစ်ကောင်စီထုတ်ပြန်

ဖုန်းဆင်းကတ်တွေကိုမှတ်ပုံတင်ရမှာ အမည်၊ နိုင်ငံသားစိစစ်ရေးကတ် စတဲ့အချက်အလက်တွေကို မှန်ကန်စွာဖြည့်စွက်မထားတဲ့ ဆင်းကတ်တွေကို ပိတ်သိမ်းသွားမှာဖြစ်လို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နောက်ဆုံးထားပြီး ဆင်းကတ်မှတ်ပုံတင်အချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးပြင်ဆင်ဖို့ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လာပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ national database နဲ့အချက်အလက်တွေကိုတိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်စွာဖြည့်စွက်မထားတဲ့ ဆင်းကတ်တွေကိုပိတ်သိမ်းသွားမယ်လို့ လည်းဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့လဝက ဝန်ကြီးဌာနဟာ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း ပုံစံ ၆၆/၆ တစ်ခုထက်ပိုပြီးကိုင်ဆောင်သူတွေကိုလည်း နိုဝင်ဘာ ၁၅ ရက်နောက်ဆုံးထားပြီးနီးစပ်ရာ လဝက ရုံးတွေမှာ လာရောက်အပ်နှံဖို့ ထုတ်ပြန်ထားတာရှိပါတယ်။

မြန်မာ့ဒီမိုကရေစီကူးပြောင်းစမှာ ပြည်တွင်းကို ဝင်ရောက်လာတဲ့ တယ်လီနော နဲ့ အော်ရီဒူးလို နိုင်ငံတကာ ဆက်သွယ်ရေး အော်ပရေတာတွေလည်း အာဏာသိမ်းပြီးတဲ့နောက် သူတို့ရှယ်ယာတွေကို ရောင်းပြီးပြန်လည်ထွက်ခွာသွားကြပါပြီ။

စစ်ကောင်စီအနေနဲ့ ပြည်သူတွေရဲ့ကိုယ်ရေးအချက်အလက်တွေကို နည်းလမ်းပေါင်းစုံကနေ စိစစ် ထိန်းချုပ်မှုတွေ ပြုလုပ်လာနေတာဖြစ်ပါတယ်။

ဖုန်းဆင်းကတ်ကအချက်အလက်တွေတင်မကဘဲ၊ မိုဘိုင်းဘဏ်စနစ်သုံးစွဲသူတွေရဲ့ အချက်အလက်တွေ၊ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းလို အချက်အလက်တွေကိုပါ အမှန်ပြင်ကြဖို့ စစ်ကောင်စီကဆက်တိုက် ထုတ်ပြန်နေတာဖြစ်ပါတယ်။ crd

Leave a Reply

Your email address will not be published.