မြန်မာပြည်ကပါ မြင်ရမယ့် တန်ဆောင်မုန်းလပြည့်နေ့ လကြတ်ခြင်းဖြစ်စဉ်နဲ့ အခြား ထူးခြားဖြစ်စဉ်များ

News

၂၀၂၂ နိုဝင်ဘာလအတွင်း ထူးခြားမည့်ဖြစ်စဉ်များ။ ၂၀၂၂ နိုဝင်ဘာလအတွင်း အာကာသမှာ ထူးခြားတဲ့ ဖြစ်စဉ်အချို့ ရှိနေပါတယ်။

အထူးသဖြင့် တန်ဆောင်မုန်းလပြည့်နေ့ (အမှန်) ဖြစ်တဲ့ နိုဝင်ဘာလ (၈) ရက်နေ့ ညဦးပိုင်းမှာ လကြတ်ခြင်းဖြစ်စဉ် ပေါ်ပေါက်မှာဖြစ်ပြီး

မြန်မာနိုင်ငံမှလည်း လထွက်ချိန်မှာ လကို ကြတ်လျက် အနေအထားအတိုင်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ် (မားစ်) ဟာ အောက်တိုဘာလ ၃၀ ရက်နေ့မှာတော့ ပြိသရာသီအတွင်းမှာပဲ နောက်ပြန် (ဝကြ) သွားခြင်းကို စတင်ပါတယ်။

၂၀၂၃ ဇန်နဝါရီလ ၁၃ ရက်နေ့မှ ပြီးဆုံးပါမယ်။ နတ်တော်လပြည့်ချိန်ခါ (ဒီဇင်ဘာ ၈ ရက်) မှာ နေရဲ့ ဆန့်ကျင်ဘက်အရပ်တည့်တည့်သို့ ရောက်ရှိလာမှာဖြစ်ပြီး လပြည့်လရဲ့ ဖုံးကွယ်ခြင်းကိုလည်း ခံရဦးမှာပါ။

ပြိသရာသီ ကြယ်စုများထဲမှာ လင်းလက်နေတဲ့ အနီရောင် Aldebaran ကြယ် (ရောဟိနီ နက္ခတ်) လည်း ရှိနေတာမို့ ကောင်းကင်မှာ အနီရောင်ကြယ်ပုံစံ ၂ ခုကို တညလုံး မြင်တွေ့နေရမှာပါ။

လဟာ နိုဝင်ဘာ (၁) ရက်နေ့ညနေမှာ စနေဂြိုဟ် (စေတန်) အနီးမှာရှိနေပြီး နိုဝင်ဘာ (၄) ရက်နေ့ ညနေခင်းမှာတော့ ကြာသပတေးဂြိုဟ် (ဂျူပီတာ) နဲ့ ယှဉ်တွဲပြီး တွေ့မြင်ရမှာပါ။

ထူးခြားစွာ ကြယ်ကြွေမည့် (ကြယ်မိုးရွာမည့်) နေ့ရက်တွေကတော့ နိုဝင်ဘာလ ၁၈ ရက်မှာ တွေ့ရမည့် သိဟ်ရာသီ ကြယ်မိုး နှင့် နိုဝင်ဘာလ ၂၁ ရက်နေ့ မနက်စောစောမှာ မြင်တွေ့ရမည့် α-Monocerotid ကြယ်မိုးရွာခြင်းတို့ပဲ ဖြစ်ပါတယ်။

နေကြတ်ခြင်း၊ လကြတ်ခြင်း၊ ဂြိုဟ်နောက်ပြန်သွားခြင်းတို့ဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက ဖြစ်ပေါ်နေကျ သဘာဝ နက္ခတ္တ ဖြစ်စဉ်များသာ ဖြစ်ပါတယ်။

နက္ခတ္တဗေဒင်ပညာရပ်မှာတော့ စစ်မက် နဲ့ သဘာဝဘေးအန္တရာယ်များ ပိုမိုကြုံတွေ့လာနိုင်တယ်လို့ ဆိုကြပါတယ်။ အနာဂတ်ပညာရေးအတွက် သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Zawgyi

၂၀၂၂ ႏိုဝင္ဘာလအတြင္း ထူးျခားမည့္ျဖစ္စဥ္မ်ား။ ၂၀၂၂ ႏိုဝင္ဘာလအတြင္း အာကာသမွာ ထူးျခားတဲ့ ျဖစ္စဥ္အခ်ိဳ႕ ရွိ​ေနပါတယ္။

အထူးသျဖင့္ တန္​ေဆာင္မုန္းလျပည့္​ေန႔ (အမွန္) ျဖစ္တဲ့ ​ႏိုဝင္ဘာလ (၈) ရက္​ေန႔ ညဦးပိုင္းမွာ လၾကတ္ျခင္းျဖစ္စဥ္ ​ေပၚ​ေပါက္မွာျဖစ္ၿပီး

ျမန္မာႏိုင္ငံမွလည္း လထြက္ခ်ိန္မွာ လကို ၾကတ္လ်က္ အ​ေနအထားအတိုင္း ​ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

အဂၤါၿဂိဳဟ္ (မားစ္) ဟာ ​ေအာက္တိုဘာလ ၃၀ ရက္​ေန႔မွာ​ေတာ့ ၿပိသရာသီအတြင္းမွာပဲ ​ေနာက္ျပန္ (ဝၾက) သြားျခင္းကို စတင္ပါတယ္။

၂၀၂၃ ဇန္နဝါရီလ ၁၃ ရက္​ေန႔မွ ၿပီးဆုံးပါမယ္။ နတ္​ေတာ္လျပည့္ခ်ိန္ခါ (ဒီဇင္ဘာ ၈ ရက္) မွာ ​ေနရဲ႕ ဆန္႔က်င္ဘက္အရပ္တည့္တည့္သို႔ ​ေရာက္ရွိလာမွာျဖစ္ၿပီး လျပည့္လရဲ႕ ဖုံးကြယ္ျခင္းကိုလည္း ခံရဦးမွာပါ။

ၿပိသရာသီ ၾကယ္စုမ်ားထဲမွာ လင္းလက္​ေနတဲ့ အနီ​ေရာင္ Aldebaran ၾကယ္ (​ေရာဟိနီ နကၡတ္) လည္း ရွိ​ေနတာမို႔ ေကာင္းကင္မွာ အနီ​ေရာင္ၾကယ္ပုံစံ ၂ ခုကို တညလုံး ျမင္​ေတြ႕​ေနရမွာပါ။

လဟာ ႏိုဝင္ဘာ (၁) ရက္​ေန႔ည​ေနမွာ စ​ေနၿဂိဳဟ္ (​ေစတန္) အနီးမွာရွိ​ေနၿပီး ႏိုဝင္ဘာ (၄) ရက္​ေန႔ ည​ေနခင္းမွာ​ေတာ့ ၾကာသပ​ေတးၿဂိဳဟ္ (ဂ်ဴပီတာ) နဲ႔ ယွဥ္တြဲၿပီး ေတြ႕ျမင္ရမွာပါ။

ထူးျခားစြာ ၾကယ္​ေႂကြမည့္ (ၾကယ္မိုး႐ြာမည့္) ေန႔ရက္​ေတြက​ေတာ့ ႏိုဝင္ဘာလ ၁၈ ရက္မွာ ​ေတြ႕ရမည့္ သိဟ္ရာသီ ၾကယ္မိုး ႏွင့္ ႏိုဝင္ဘာလ ၂၁ ရက္​ေန႔ မနက္​ေစာ​ေစာမွာ ျမင္​ေတြ႕ရမည့္ α-Monocerotid ၾကယ္မိုး႐ြာျခင္းတို႔ပဲ ျဖစ္ပါတယ္။

ေနၾကတ္ျခင္း၊ လၾကတ္ျခင္း၊ ၿဂိဳဟ္​ေနာက္ျပန္သြားျခင္းတို႔ဟာ လြန္ခဲ့တဲ့ ႏွစ္သန္း​ေပါင္းမ်ားစြာကတည္းက ျဖစ္​ေပၚ​ေနက် သဘာဝ နကၡတၱ ျဖစ္စဥ္မ်ားသာ ျဖစ္ပါတယ္။

နကၡတၱ​ေဗဒင္ပညာရပ္မွာ​ေတာ့ စစ္မက္ နဲ႔ သဘာဝ​ေဘးအႏၲရာယ္မ်ား ပိုမိုႀကဳံ​ေတြ႕လာႏိုင္တယ္လို႔ ဆိုၾကပါတယ္။ အနာဂတ္ပညာ​ေရးအတြက္ သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ သင္​ေထာက္ကူ)

Credit

Leave a Reply

Your email address will not be published.