Facebook ပေါ်မှာမလုပ်သင့်တဲ့ အချက် (၁၀) ချက်…
ဒီနေ့ခေတ်မှာ Facebook က လူကြိုက်အများဆုံး ဆိုရှယ်မီဒီယာတစ်ခု အဖြစ်ရပ်တည်နေပြီး၊တစ်ကမ္ဘာလုံးမှာ Facebook အသုံးပြုသူဟာ တစ်ရက်ကို ၁.၂၈ ဘီလီယံခန့်ရှိတယ် လို့ မတ် လ စာရင်းများအရ သိရပါတယ်။ဒါ့အပြင် Facebook အသုံးပြုသူ လူဦးရေဟာ တစ်နှစ်ကို ၁၈ % ခန့် ပိုများလာနေတဲ့အတွက်Facebook ရဲ့ အသုံးပြုတဲ့လူဦးရေဟာ တစ်နေ့တခြားပိုများလာနေပါတယ်။
Facebook အသုံးပြုသူအများစုဟာ အချင်းချင်းဆက်သွယ်ကြပြီး၊အတွေးအခေါ်တွေကို မျှဝေကြပြီး သတင်းအချက်အလက်တွေကို ရယူကြပါတယ်။ဒါပေမဲ့ Facebook မှာလည်း ပြင်ပလောကလိုပဲ ကျင့်ဝတ်စည်းကမ်းလေးတွေရှိကြပါတယ်။ဒါ့ကြောင့် သင့်အနေနဲ့ သင့်ရဲ့ Facebook Friends တွေကို စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး၊သင့်အနေနဲ့လည်း Facebook ကို လုံခြုံစွာ အသုံးပြုချင်တယ်ဆိုရင်Facebook ပေါ်မှာ ၊မလုပ်သင့်တဲ့ အချက် (၁၀) ချက် ကိုဖော်ပြလိုက်ပါတယ်။
၁။ ကိုယ်တင်ထားတဲ့ Status တွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ကိုယ်တိုင်ဒိုင်ခံ Like ပေးနေခြင်း။
Facebook ပေါ်မှာ Post တင်ကတည်းက သင်ကြိုက်လို့ တင်လိုက်တာပါ။ဒါ့ကြောင့် ဒါကြီးကို Like နှိပ်ပြီး သင့်လည်း ကြိုက်ကြောင်း ပြစရာမလိုပါဘူး။ဒါပေမဲ့ ကိုယ့် ပိုစ့်ကို ကိုယ် Like လုပ်ကြတဲ့ လူတွေရဲ့ စိတ်တွေထဲမှာတော့ ကိုယ်ရဲ့ပိုစ်ကို ကိုယ် Like မယ်ဆိုရင် ကိုယ်ရဲ့ ပိုစ်ဟာ သူငယ်ချင်းတွေ တွေပိုသိကြမလားဆိုပြီး Like နှိပ်ထားလေ့ရှိပါတယ်။ဒီလိုလုပ်တာကလည်း ကိုယ်တင်ထားတဲ့ Post ကို ကိုယ်ကိုတိုင် မယုံသလိုဖြစ်နေပါတယ်။ဒါ့ကြောင့် ကိုယ့် Post ကို ကိုယ်တိုင်ပြန် Like လေ့ရှိတယ်ဆိုရင် အဲ့လိုလုပ် ရပ်လိုက်ပါတော့။ ဒါက လုံးဝသဘာဝ မကြပါဘူး။
၂။ Page အသစ် Invites လုပ်တာမျိုး။
တစ်ခါတစ်လေ လူတွေက သူတို့ရဲ့ Page အသစ်တွေ စလုပ်ပြီး သူရဲ့ Friend List အကုန္လုံးကို Invites တွေ လိုက်ပို့လေ့ရှိပါတယ်။ဒီလိုလုပ်တာကလည်း သဘာဝမကြပါဘူး။တကယ်လို့ သင့် Page ကတင်တဲ့ ပိုစ့်တွေဟာ ဆွဲဆောင်မှုရှိနေတယ်ဆိုရင် သူတို့ကို Invites တောင်လုပ်စရာမလိုပဲ Like လာပါလိမ့်မယ်။ဒါ့ကြောင့် လူတွေကို ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါ သွားမပြောပါနဲ့။လူတွေက သူတို့ ယုံကြည်တဲ့ အရာတစ္ခုကိုပဲ လုပ်ကြတာ ဖြစ်ပါတယ်။
၃။ လူတကာကို လျှောက် Tag နေခြင်း။
ဒီ ကိစ္စကတော့ Facebook စသုံးလာကတည်းက ဆွေးနွေးလာကြတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ အတွက် အခုချိန်မှာတော့ လူတော်တော်များများ သဘောပေါက်နေကြတဲ့ အရာတစ်ခုဖြစ်ပါတယ်။ဒါကြောင့် မဖြစ်မ နေTag တွဲရမယ်ဆိုရင်တော့ လုံးဝအားမနာပဲ Tag တွဲလိုက်ပါ။လူတွေက သင်အဲ့လို သူတို့ကို သတိတရ Tag တွဲတဲ့ အတွက် ပျော်ကြမှာပါ။ဒါပေမဲ့ သင်ကိုယ်တိုင်တောင် မသိတဲ့လူတွေကိုတော့ Tag သွားမတွဲမိပါစေနဲ့။Like များများလိုချင်လို့ လူ ၅၀ လောက်ကို Tag တွဲပြီး Post တင်လိုက်တာမျိုးက တကယ်စိတ်ပျက်ဖို့ ကောင်းပါတယ်။
၄။ အသုံးမဝင်တဲ့ Event တွေ Invites တွေလုပ်ခြင်း။
မလိုအပ်ဘဲ Invites တွေ လိုက်ပို့တာကိုက အဓိပ္ပါယ မရှိပါဘူး။ဒါကြောင့် Event တွေ Invite လုပ်မယ်ဆိုလည်း တကယ်သွားချင်လောက်တဲ့ လူကိုပဲ Invite လုပ်ပါ။လူတကာကို Invite လုပ်နေမယ်ဆိုရင် သင်က Facebook ပေါ်မှာပါ ကြောင်တောင်တောင် လူတစ်ယောက် ဖြစ်နေပါလိမ့်မယ်။
၅။ Twitter တို့ Instagram တို့နဲ့ Cross-Post မတင်ပါနဲ့။
သင့်ရဲ့ Facebook က Follower တွေနဲ့ Twitter က Follower ဆိုတာလည်း မတူပါဘူး။Facebook post ကောင်းကောင်းတစ်ခုဆိုတာလည်း Tweet ကောင်းကောင်းနဲ့ မတူပါဘူး။ဒါ့ကြောင့် အကြောင်းအရာတစ်ခုတည်းကိုပဲ ဆိုရှယ်မီဒီယာ ၂ ခု၊ ၃ခုပေါ် တင်မနေပါနဲ့။ဒါ့ကြောင့် ဒီလိုလုပ်မယ်ဆိုရင် သင့်ရဲ့ Friends တွေနဲ့ Follower တွေကို အာရုံပဲနောက်စေမှာပါ။
၆။ Like ရရန် Attention မယူပါနဲ့။
Facebook Post တစ်ခုမှာLike လိုချင်ကို Attention တောင်းတာက ကြည့်ရတာ အဆင်မပြေပါဘူး။ဒါ့ပေမဲ့ အများစုက ဒီလိုလုပ်နေကြဆဲပါ။ လူတွေကသင့်ကို အရမ်းအားနာလို့ပဲ Like လုပ်သွားရင် သွားပါလိမ့်မယ်၊သူတို့အတွက်လည်း အသုံးမဝင်ပါဘူး။ ဒါ့ကြောင့် Like ရဖို့ သူတို့အတွက် အသုံးမဝင်တာတွေကို Like မလုပ်ခိုင်းပါနဲ့။
၇။ Message တစ်စောင်တည်းကို လူအများကြီးလျှောက်ပို့တာမျိုးမလုပ်ပါနဲ့။
Facebook ကို မျက်နှာပြောင်ဖို့အတွက်သုံးပြီး သင်ပို့လိုက်တဲ့ သူတွေကလည်း သင့်လိုပဲ မျက်နှာပြောင်တဲ့ သူတွေပဲဆိုရင်တော့ ပြဿနာ မရှိပါဘူး။ဒါပေမဲ့ သင်ကို သင်မလိုချင်တဲ့ ကြော်ငြာလိုလို စာတစ်စောင်ကို သင်ဆီပို့လိုက်ရင် သင်ချက်ချင်းလွှင့်ပစ်လိုက်တာပဲမှလား။သင်တစ်ယောက်တည်းကို ဦးတည်ပြီးပို့ရင်တော့ သင့်အတွက်ရတနာ တစ်ခုပေါ့။ Facebook မွာ Message ပို့တာကလည်း ဒီလိုပါပဲ။လူတွေက သူတို့ကို ဒီလို Message တွေပို့တာမျိုးကို မကြိုက်ကြပါဘူး။
၈။ Check-in ဝင်ခြင်း။
ဆိုရှယ်မီဒီယာ စွဲလမ်းသူတစ်ယောက်ဆိုရင်တောင် သင် Facebook ပေါ်ကို အကုန်တင်စရာမလိုပါဘူး။သင်ရဲ့ ပုဂ္ဂိုလ်ရေးရာ ဘဝကိုလည်း ဖုံးကွယ်ထားဖို့ လိုပါလိမ့်မယ်။သင်တစ်နေ့ကို နေရာ ၅ နေရာလောက် သွားရင် ၅ နေရာလုံးကို Check In တင်စရာမလိုပါဘူး။ဒါ့အပြင် ဒါ့ဟာ သင့်နောက်ကိုလိုက်ချင်တဲ့ သူတွေအတွက် သတင်းပေးထားသလိုလည်း ဖြစ်နေပါတယ်။
၉။ App Request တွေ။
Cafeworld, Candycrush နဲ့ Farmville စတဲ့ ဂိမ်းတွေကို သင့်က သင့်ရဲ့ သူငယ်ချင်းတွေကို Request တွေပို့ပြီး သင့်ရဲ့ စွဲလမ်းမှုကိုပြစရာမလိုပါဘူး။တကယ်စိတ်ဝင်စားလောက်မယ့် သူတွေကိုပဲ Request ပို့ပြီး အကုန်လုံးကို မပို့မိပါစေနဲ့။
၁၀။ Friends တွေကို အကြံပြုခြင်း။
ဒီအရာကို Facebook သုံးတဲ့ သူတွေ သိပ်လုပ်လေ့မရှိပါဘူး။ဒါ့ပေမဲ့ မလုပ်သင့်တဲ့ အရာတွေထဲ ဒီအချက်လည်း ပါတဲ့အတွက် ရေးလိုက်တာပါ။သင့်ရဲ့ Friend တွေကို တခြားတစ်ယောက်နဲ့ Friend ဖြစ်ဖို့ အကြံပြုစရာ မလိုပါဘူး။ သူတို့ Friend ဖြစ်ချင်တယ်ဆိုရင် သြား Add ပါလိမ့်မယ်။သင်ကကြားထဲက အောင်သွယ်ပေးစရာ မလိုပါဘူး။
မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Unicode