
News

ကင်ဆာ ဝေဒနာသည်တွေအတွက်တော့ သတင်းကောင်းတခုပါ…(ပြန်လည်မျှဝေပေးလိုက်ပါတယ်)

အိမ်နားက အကို အသည်းကင်ဆာ နောက်ဆုံးအဆင့်ဘန်ကောက်မစ်ရှင် ဆေးရုံကြီးကပါ လက်လျှောခဲ့ရတဲ့ လူနာအကြောင်းကို အရင်ရက်က ကျမ ရေးတင်ခဲ့ပါသေးတယ်။

ဒီအတိုင်း လက်လျှော့ရမယ့် အခြေအနေမှာ ညောင်ဦးမြို့နယ်ထဲက ဘုန်းကြီးကျောင်းမှာ ကင်ဆာရောဂါမှန်သမျှ နောက်ဆုံးအဆင့် ရောက်ရှိနေသည့်တိုင် အရှင်းပျောက်ကင်းနေသည့် သတင်းကို ကြားပါတယ်။

လက်တွေ့ ပျောက်ကင်းလာတဲ့ လူနာရှင်တွေရဲ့ဆက်သွယ်ပေးမှုကြောင့် မနေ့က အဲဒီကျောင်းကို လူနာကို တင်ခေါ်ပြီး သွားခဲ့ပါတယ်။

အသည်းရဲ့အနာကြောင့် ကားကို ဖြေးဖြေးမောင်းရင်း ခဏခဏနားရင်း မောပန်းနေတဲ့ လူနာရဲ့ အရိပ်အခြေကြည့်ပြီး ဘုန်းကြီးကျောင်းထိ အောင်မြင်စွာ ရောက်ရှိခဲ့တယ်။

ရောက်တယ်ဆိုရင်ပဲ ဘုန်းဘုန်းကို ဆေးမှတ်တမ်းတွေပေး.ဆေးမှတ်တမ်းကြည့်ပြီး ထိုးဆေးနှစ်လုံး တန်းထိုးပေးတယ်။ ချက်ချင်းပဲ လူနာ အနာသက်သာသွားပြီး လန်းဆန်းသွားတာကို မြင်ရတယ်။

သုံးလအတွင်း ဆေးသုံးကြိမ်ထိုးရမယ် ဗမာဆေးသောက်ရမယ်ပျောက်ကင်းဖို့လဲ အာမခံလိုက်ပါတယ်..ဆေးခန်းမှာ ကုသလို့ ပျောက်ကင်းသွားတဲ့ ကင်ဆာရောဂါ ဝေဒနာရှင် ပေါင်း 36439ယောက် ရှိသွားပါပြီ။

AIDS ၊ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်နေသူများ၊ ကင်ဆာရောဂါသည်များ အားလုံး အရှင်း ပျောက်သွားတာကို လေ့လာ သိရှိခဲ့ရပါတယ်.. ဆရာတော်ကြီးကို fbပေါ် ဒီသတင်းလေးတင်ခွင့် တောင်းပြီး တင်ပေးလိုက်တာပါ။

ဆရာတော်ကြီးကို မန္တလေးမြို့မှာ ဆေးရုံဖွင့်ဖို့ အကြံပေးတော့တောနယ်က မရှိဆင်းရဲသားတွေအတွက် တောမှာပဲ သတင်းသုံးရင်း ဆေးကုမယ့် အကြောင်းပဲ ပြောပါတယ်။

မြို့အရပ်က ပိုက်ဆံရှိကြတော့ တောအရပ်ထိ လာကုနိုင်တယ်တဲ့လေ..ကိုယ်သဒ္ဒါသလောက် ကန်တော့ရပါတယ် ကိုယ်နဲ့အတူ ဆေးကုလာတဲ့ အကိုကတော့ အသွားနဲ့အပြန်နဲ့ ကို မတူတော့ပါဘူး လက်တွေ့ ထူးခြားလွန်းလို့ အံ့သြဘနန်း ဖြစ်ရပါတယ်။

အသည်းက နာနေတာတွေ ဘာမှမရှိတော့ လူက ထောင်ထောင်မတ်မတ် လမ်းလျှောက်နိုင်တဲ့အပြင် စကားတွေလဲ ဖောင်ဖွဲ့လို့ အပြန်လမ်းမှာ လူနာက လူကောင်းဖြစ်ပြီး ပခုက္ကူ က ဘုရားတွေတောင် သူဝင်ဖူးချင်တယ်ဆိုလို့ ဘုရားဖူးတောင် လည်ခဲ့ပါသေးတယ်။

ကားပေါ်မှာလဲ အသွားတုန်းက ကားဆောင့်လိုက်ရင် ရှုံ့မဲ့သွားရတဲ့မျက်နှာက အပြန်လမ်းမှာတော့ တချက်မှ မရှုံ့တဲ့အပြင် တလမ်းလုံး သူကချည် စကားတွေပြောလာတော့တာပဲ…ပြုံးလို့ ရွှင်လို့… မယုံကြည်နိုင်လောက်အောင် ဆေးအစွမ်းကို အံ့သြခဲ့ရတယ်။

ခုမနက် လူနာအကို ဘယ်လိုအခြေအနေရှိလဲ သိချင်လို့ မနက်စောစောထပြီး အိမ်ရှေ့ထွက်ကြည့်မလို့ ကိုယ်က ဟန်ပြင်နေတုန်း လူနာအကိုက လမ်းတောင်ထွက်လျှောက်နေပြီ…လမ်းလာသမျှလူတွေ တပြုံးပြုံးနဲ့ စကားတွေ ပြောလို.. စိတ်ချမ်းသာတဲ့မြင်ကွင်းလေးကြည့်ပြီး ဝမ်းသာရပါတယ်။

ဒါကြောင့်မို့ အသည်းကင်ဆာဝေဒနာရှင်များ သွေးကင်ဆာ၊ အဆုပ်ကင်ဆာ နောက်ဆုံးအဆင့်အောက်ဆီဂျင်တန်းလန်းနဲ့ နာရေးကူညီမှာကားတွေနဲ့ရောက်လာကြတဲ့ လူနာတွေ တောင် ဘုန်းကြီးက ကုသပေးနိုင်တယ်ဆိုတာ လက်တွေ့ မြင်ခဲ့ရပါပြီ။

သွားနိုင်ရင် သွားကြပါ..7 day သတင်းဂျာနယ်က လာရောက် သတင်းယူသွားတယ်တဲ့ ဒါပေမယ့် ဘုန်းဘုန်းက သတင်းမထည့်ခိုင်းသေးပါဘူး.. တနေ့ကို တစ်ရာကျော်လောက်လူနာတွေ လာနေတာမို့ ဘုန်းဘုန်း ကုမနိုင်မှာ စိုးနေတာပါ။

အခုလဲ ဘုန်းဘုန်းဘုရား တပည့်တော် ဒီသတင်းလေး တင်ပါရစေလို့ ခွင့်တောင်းပြီး ဘုန်းဘုန်းပုံကိုရိုက်လာခဲ့တော့ ဘုန်းဘုန်းက ပြောတယ်… အေး နင်တင်လိုက်လို့ လူနာတွေ များလာရင် နင်လာကူရမှာနော်တဲ့။

“ကူပါမယ်ဘုရား တင်ပါရစေဘုရားလို့ ” လျှောက်တင်ပြီး ဝေဒနာရှင်တွေ သိရအောင် ပြန်လည် တင်ပေးခြင်း ဖြစ်ပါတယ်။

ဘုန်းဘုန်းရဲ့အထူးမှာကြားချက်က ကင်ဆာဝေဒနာသည်မှန်သမျှ ကျွဲရိုင်း လစ်ပို လိုမျိုး အချိုရည်တွေကို လုံးဝ မသောက်ဖို့ မှာကြားပါတယ်။

လိပ်စာလေး ထည့်ပေးလိုက်တယ်

ဦးပဏ္ဍိတ၊ သာသနာ့ဇေယျုံကျောင်းတိုက်(ပခုက္ကူ)၊ ဧရာဝတီတံတားအနီး၊ ကန်တောကျေးရွာ၊ ညောင်ဦးမြို့နယ်။ 09259477699၊ 09401006767။

လေးစားလျှက်#ခင်မိုးပြေး

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

 























Leave a Reply

Your email address will not be published.