Unicode
အဆိုတော်ပိုပို ယနေ့ပြန်လွတ် ၊ ဒါရိုက်တာ မိုက်တီးနှင့် မဝင်းမင်းသန်းတို့လည်း ပြန်လွတ်ဟု သတင်းထွက်
နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် အဆိုတော် ပိုပိုဟာ ယနေ့ အောက်တိုဘာ (၂၈) ရက်တွင် ပြန်လည် လွတ်မြောက်လာကြောင်း နီးစပ်သူများထံမှ သိရသည်။
အဆိုတော် ပိုပိုသည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ဖမ်းဝရမ်း ထုတ်ခံခဲ့ရခြင်း ဖြစ်သည်။
အဆိုတော် ပိုပိုအား ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက် ညနေပိုင်းတွင် သူမ၏ နေအိမ်၌ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီးယနေ့ အောက်တိုဘာ (၂၈) ရက်တွင်ညနေပိုင်းတွင် အဆို တော် ပိုပို ထောင်မှ ပြန်လည် လွတ်မြောက်ကြောင်း ၎င်း ၏ မိတ်ဆွေအသိုင်းအဝိုင်းများမှ လူမှုကွန်ရက်စာမျက်နှာများမှ တဆင့်ဖော်ပြကြခြင်း ဖြ စ်သည်။
အဆိုပါအကြောင်းနဲ့ ပတ်သက်ပြီး အဆိုတော် ပိုပိုရဲ့မန်နေဂျာက
“မပိုပိုအခုအိမ်ပြန်ရောက်နေပါပြီ နေကောင်းကျန်းမာစွာရှိနေပါတယ်” လို့ ပြောပါတယ်။
၎င်းနှင့်အတူ ဒါရိုက်တာ မိုက်တီးနှင့် ဗြူးတီးဘလော့ဂါ မဝင်းမင်းသန်းတို့ပါ ပြန်လည် လွတ်မြောက်လာကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ပေါ်ပြူလာနယူးစ် အနေ ဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
Zawgyi
အဆိုေတာ္ပိုပို ယေန႕ျပန္လြတ္ ၊ ဒါရိုက္တာ မိုက္တီးႏွင့္ မဝင္းမင္းသန္းတို႔လည္း ျပန္လြတ္ဟု သတင္းထြက္
နိုင္ငံေတာ္ အၾကည္ညို ပ်က္ေစမႈျဖင့္ ဖမ္းဆီး ထိန္းသိမ္းခံထားရသည့္ အဆိုေတာ္ ပိုပိုဟာ ယေန႕ ေအာက္တိုဘာ (၂၈) ရက္တြင္ ျပန္လည္ လြတ္ေျမာက္လာေၾကာင္း နီးစပ္သူမ်ားထံမွ သိရသည္။
အဆိုေတာ္ ပိုပိုသည္ နိုင္ငံေတာ္အၾကည္ညိုပ်က္ေစမႈ ပုဒ္မ ၅၀၅(က) ျဖင့္ အမႈဖြင့္ဖမ္းဝရမ္း ထုတ္ခံခဲ့ရျခင္း ျဖစ္သည္။
အဆိုေတာ္ ပိုပိုအား ၂၀၂၁ ခုႏွစ္ ဧၿပီလ ၁၅ ရက္ ညေနပိုင္းတြင္ သူမ၏ ေနအိမ္၌ ဖမ္းဆီးခဲ့ျခင္း ျဖစ္ၿပီးယေန႕ ေအာက္တိုဘာ (၂၈) ရက္တြင္ညေနပိုင္းတြင္ အဆို ေတာ္ ပိုပို ေထာင္မွ ျပန္လည္ လြတ္ေျမာက္ေၾကာင္း ၎ ၏ မိတ္ေဆြအသိုင္းအဝိုင္းမ်ားမွ လူမႈကြန္ရက္စာမ်က္ႏွာမ်ားမွ တဆင့္ေဖာ္ျပၾကျခင္း ျဖ စ္သည္။
အဆိုပါအေၾကာင္းနဲ႕ ပတ္သက္ၿပီး အဆိုေတာ္ ပိုပိုရဲ႕မန္ေနဂ်ာက
“မပိုပိုအခုအိမ္ျပန္ေရာက္ေနပါၿပီ ေနေကာင္းက်န္းမာစြာရွိေနပါတယ္” လို႔ ေျပာပါတယ္။
၎ႏွင့္အတူ ဒါရိုက္တာ မိုက္တီးႏွင့္ ျဗဴးတီးဘေလာ့ဂါ မဝင္းမင္းသန္းတို႔ပါ ျပန္လည္ လြတ္ေျမာက္လာေၾကာင္း သတင္းမ်ား ထြက္ေပၚေနေသာ္လည္း ေပၚျပဴလာနယူးစ္ အေန ျဖင့္ သီးျခားအတည္ျပဳနိုင္ျခင္း မရွိေသးေပ။
Credit