အရောင်းအဝယ်သဘောတူညီမှုနှင့် ပတ်သက်၍ လနှင့်ချီကြာ အငြင်းပွားမှုရှိခဲ့ပြီးနောက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်က Twitter ကို အမေရိကန်ဒေါ်လာ (၄၄) ဘီလီယံဖြင့် အပြီးသတ်ဝယ်ယူလိုက်ပြီဟု ရင်းနှီးမြှုပ်နှံသူတစ်ဦးက ပြောသည်
အီလွန်မက်စ်က အောက်တိုဘာလ (၂၇) ရက်နေ့တွင် Twitter ပိုင်ရှင်အသစ် ဖြစ်လာခဲ့ပြီးနောက် Twitter ၏ အမှုဆောင်အရာရှိချုပ်နှင့် ဘဏ္ဍာရေးအကြီးအကဲကို ထုတ်ပယ်လိုက်ကြောင်းလည်း သိရသည်။
အီလွန်မက်စ်က Twitter ကို ဝယ်ယူမည်ဟု စတင်ကမ်းလှမ်းခဲ့ပြီး အရောင်းအဝယ်သဘောတူညီမှု ရရှိခဲ့သည်သို့သော် နောက်ပိုင်းတွင် Twitter တွင် အကောင့်တုများနှင့် ပတ်သက်၍ အချက်အလက်များရရှိရန် စောင့်ဆိုင်းနေစဥ် အရောင်းအဝယ်ကိစ္စကို ဆိုင်းငံ့ထား
မည်ဟု အီလွန်မက်စ်က မေလအတွင်း ထုတ်ပြောခဲ့သည်ထို့အပြင် အကောင့်တုများနှင့် spam အကောင့်များဆိုင်ရာ အချက်အလက်များ မပေးအပ်ပါက Twitter ကို ဝယ်ယူမည့်ကိစ္စ ဖျက်သိမ်းနိုင်ကြောင်းလည်း အီလွန်မက်စ်က ဇွန်လဆန်းပိုင်းတွင် သတိပေးခဲ့သည်။
ယခုအခါတွင်မူ အရောင်းအဝယ်ကိစ္စ အပြီးသတ်ခဲ့ပြီဖြစ်ပြီး Twitter တွင် ၎င်း၏စိတ်ဝင်စားမှုမှာ ငွေရှာရန်အတွက်မဟုတ်ကြောင်း Tweet လုပ်ခဲ့သည်။
ကယ်လီဖိုးနီးယားပြည်နယ်ရှိ Gerber Kawasaki Investments ၏ အမှုဆောင်အရာရှိချုပ် Ross Gerber က အရောင်းအဝယ်ကိစ္စ အပြီးသတ်ခဲ့ပြီ
ဖြစ်ကြောင်း BBC သတင်းဌာနကို အတည်ပြုသည်Ross Gerber မှာ Twitter တွင် ရင်းနှီးမြှုပ်နှံထားသူလည်း ဖြစ်သည်အမေရိကန်မီဒီယာ သတင်းများအရ အီလွန်မက်စ် ပိုင်ရှင်ဖြစ်လာပြီးနောက် Twitter ၏ အမှုဆောင်အရာရှိချုပ် Parag Agrawal နှင့် ဘဏ္ဍာရေးအရာရှိချုပ် Ned Segal တို့ ကုမ္ပဏီတွင်
ဆက်မရှိတော့ဟု ဆိုသည်Twitter ပူးတွဲတည်ထောင်သူ Biz Stone က Agrawal နှင့် ကုမ္ပဏီ၏ ဥပဒေရေးရာနှင့် မူဝါဒပိုင်းဆိုင်ရာ အရာရှိချုပ် Vijaya Gadde တို့ကို ၎င်းတို့၏ ကြီးမားသော ပါဝင်ဆောင်ရွက်ခဲ့မှုအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့သည်Vijaya Gadde မှာလည်း Twitter တွင် ဆက်မ
ရှိ
တော့ဟု ဆိုသည်အီလွန်မက်စ်က Twitter ကို ဝယ်ယူပြီးနောက် နယူးယော့ခ်စတော့အိတ်ချိန်းတွင် Twitter ၏ ရှယ်ယာများ အရောင်းအဝယ်လုပ်မှုကို
အောက်တိုဘာလ (၂၈) ရက်တွင် ဆိုင်းငံ့ထားမည်ဟု လည်း သိရသည်။အီလွန်မက်စ်က Twitter ကို ဝယ်ယူခြင်းမှာ လူသားများကို ကူညီရန်ဖြစ်ကြောင်းနှင့် ခေတ်မီလူ့အဖွဲ့အစည်းကို အများပြည်သူဆိုင်ရာ ဒစ်ဂျယ်တယ် ရင်ပြင်နေရာတစ်ခု ရှိစေချင်ကြောင်း ပြောခဲ့သည်။
ယခုသီတင်းပတ်အစောပိုင်းတွင် အီလွန်မက်စ်က ဆန်ဖရန်စစ္စကိုရှိ Twitter ရုံးချုပ်အတွင်းသို့ မီးဖိုချောင်သုံး ကြွေဘေစင်တစ်ခု သယ်ဆောင်ပြီး လမ်းလျှောက်ဝင်လာသည့် ဗီဒီယိုတစ်ခုကို Tweet လုပ်ခဲ့သေးသည်။အီလွန်မက်စ်က ၎င်း၏ Twitter တွင် “Chief
Twit” ဟု ပြောင်းလဲဖော်ပြထားသည်ကို တွေ့ရသည်Twitter ကို အီလွန်မက်စ်က ဝယ်ယူပိုင်ဆိုင်လိုက်ပြီးနောက် မည်ကဲ့သို့သော အပြောင်းအလဲများ ရှိလာမည်ကို စိတ်ဝင်စားနေကြကြောင်း သိရသည်။
crd
Zawgyi
အေရာင္းအဝယ္သေဘာတူညီမႈႏွင့္ ပတ္သက္၍ လႏွင့္ခ်ီၾကာ အျငင္းပြားမႈရွိခဲ့ၿပီးေနာက္ ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္ အီလြန္မက္စ္က Twitter ကို အေမရိကန္ေဒၚလာ (၄၄) ဘီလီယံျဖင့္ အၿပီးသတ္ဝယ္ယူလိုက္ၿပီဟု ရင္းႏွီးျမႇဳပ္ႏွံသူတစ္ဦးက ေျပာသည္
အီလြန္မက္စ္က ေအာက္တိုဘာလ (၂၇) ရက္ေန႔တြင္ Twitter ပိုင္ရွင္အသစ္ ျဖစ္လာခဲ့ၿပီးေနာက္ Twitter ၏ အမႈေဆာင္အရာရွိခ်ဳပ္ႏွင့္ ဘ႑ာေရးအႀကီးအကဲကို ထုတ္ပယ္လိုက္ေၾကာင္းလည္း သိရသည္။
အီလြန္မက္စ္က Twitter ကို ဝယ္ယူမည္ဟု စတင္ကမ္းလွမ္းခဲ့ၿပီး အေရာင္းအဝယ္သေဘာတူညီမႈ ရရွိခဲ့သည္သို႔ေသာ္ ေနာက္ပိုင္းတြင္ Twitter တြင္ အေကာင့္တုမ်ားႏွင့္ ပတ္သက္၍ အခ်က္အလက္မ်ားရရွိရန္ ေစာင့္ဆိုင္းေနစဥ္ အေရာင္းအဝယ္ကိစၥကို ဆိုင္းငံ့ထား
မည္ဟု အီလြန္မက္စ္က ေမလအတြင္း ထုတ္ေျပာခဲ့သည္ထို႔အျပင္ အေကာင့္တုမ်ားႏွင့္ spam အေကာင့္မ်ားဆိုင္ရာ အခ်က္အလက္မ်ား မေပးအပ္ပါက Twitter ကို ဝယ္ယူမည့္ကိစၥ ဖ်က္သိမ္းႏိုင္ေၾကာင္းလည္း အီလြန္မက္စ္က ဇြန္လဆန္းပိုင္းတြင္ သတိေပးခဲ့သည္။
ယခုအခါတြင္မူ အေရာင္းအဝယ္ကိစၥ အၿပီးသတ္ခဲ့ၿပီျဖစ္ၿပီး Twitter တြင္ ၎၏စိတ္ဝင္စားမႈမွာ ေငြရွာရန္အတြက္မဟုတ္ေၾကာင္း Tweet လုပ္ခဲ့သည္။
ကယ္လီဖိုးနီးယားျပည္နယ္ရွိ Gerber Kawasaki Investments ၏ အမႈေဆာင္အရာရွိခ်ဳပ္ Ross Gerber က အေရာင္းအဝယ္ကိစၥ အၿပီးသတ္ခဲ့ၿပီ
ျဖစ္ေၾကာင္း BBC သတင္းဌာနကို အတည္ျပဳသည္Ross Gerber မွာ Twitter တြင္ ရင္းႏွီးျမႇဳပ္ႏွံထားသူလည္း ျဖစ္သည္အေမရိကန္မီဒီယာ သတင္းမ်ားအရ အီလြန္မက္စ္ ပိုင္ရွင္ျဖစ္လာၿပီးေနာက္ Twitter ၏ အမႈေဆာင္အရာရွိခ်ဳပ္ Parag Agrawal ႏွင့္ ဘ႑ာေရးအရာရွိခ်ဳပ္ Ned Segal တို႔ ကုမၸဏီတြင္
ဆက္မရွိေတာ့ဟု ဆိုသည္Twitter ပူးတြဲတည္ေထာင္သူ Biz Stone က Agrawal ႏွင့္ ကုမၸဏီ၏ ဥပေဒေရးရာႏွင့္ မူဝါဒပိုင္းဆိုင္ရာ အရာရွိခ်ဳပ္ Vijaya Gadde တို႔ကို ၎တို႔၏ ႀကီးမားေသာ ပါဝင္ေဆာင္႐ြက္ခဲ့မႈအတြက္ ေက်းဇူးတင္ေၾကာင္း ေျပာခဲ့သည္Vijaya Gadde မွာလည္း Twitter တြင္ ဆက္မ
ရွိ
ေတာ့ဟု ဆိုသည္အီလြန္မက္စ္က Twitter ကို ဝယ္ယူၿပီးေနာက္ နယူးေယာ့ခ္စေတာ့အိတ္ခ်ိန္းတြင္ Twitter ၏ ရွယ္ယာမ်ား အေရာင္းအဝယ္လုပ္မႈကို
ေအာက္တိုဘာလ (၂၈) ရက္တြင္ ဆိုင္းငံ့ထားမည္ဟု လည္း သိရသည္။အီလြန္မက္စ္က Twitter ကို ဝယ္ယူျခင္းမွာ လူသားမ်ားကို ကူညီရန္ျဖစ္ေၾကာင္းႏွင့္ ေခတ္မီလူ႔အဖြဲ႕အစည္းကို အမ်ားျပည္သူဆိုင္ရာ ဒစ္ဂ်ယ္တယ္ ရင္ျပင္ေနရာတစ္ခု ရွိေစခ်င္ေၾကာင္း ေျပာခဲ့သည္။
ယခုသီတင္းပတ္အေစာပိုင္းတြင္ အီလြန္မက္စ္က ဆန္ဖရန္စစၥကိုရွိ Twitter ႐ုံးခ်ဳပ္အတြင္းသို႔ မီးဖိုေခ်ာင္သုံး ေႂကြေဘစင္တစ္ခု သယ္ေဆာင္ၿပီး လမ္းေလွ်ာက္ဝင္လာသည့္ ဗီဒီယိုတစ္ခုကို Tweet လုပ္ခဲ့ေသးသည္။အီလြန္မက္စ္က ၎၏ Twitter တြင္ “Chief
Twit” ဟု ေျပာင္းလဲေဖာ္ျပထားသည္ကို ေတြ႕ရသည္Twitter ကို အီလြန္မက္စ္က ဝယ္ယူပိုင္ဆိုင္လိုက္ၿပီးေနာက္ မည္ကဲ့သို႔ေသာ အေျပာင္းအလဲမ်ား ရွိလာမည္ကို စိတ္ဝင္စားေနၾကေၾကာင္း သိရသည္။
crd