Unicode
မြန်မာနိုင်ငံတွင် Joom အက်ပလီကေးရှင်း ဆောဖ့်ဝဲအတုဖြင့် မန်ဘာ အဖွဲ့ဝင်များ စုဆောင်းကာ ငွေကျပ်သိန်း ထောင်သောင်းချီ လိမ်လည်မှုဖြစ်ပွား
ရန်ကုန်၊ အောက်တိုဘာ ၂၆
ကမ္ဘာကျော် အွန်လိုင်းကုမ္ပဏီတစ်ခုဖြစ်သည့် Joom ကုမ္ပဏီ၏ အမည်၊ Logo များကို အသုံးပြုကာ ဝက်ဘ်ဆိုက်အတု၊ ဆော့ဖ်ဝဲလ်အတု၊ အက်ပလီကေးရှင်း အတု ဖန်တီး၍ MLM ပုံစံဖြင့် ငွေထည့်ခိုင်း ၊ အဖွဲ့ဝင် ရှာဖွေခိုင်းပြီး ကျပ်သိန်းထောင်သောင်းချီ လိမ်လည်မှုဖြစ်ပွားကြောင်း Joom အတုဖြင့် အလိမ်ခံခဲ့ရသူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် Joom အတုဖြင့် လူဦးရေ ၁၉,၀၀၀ ကျော် ငွေအလိမ်ခံလိုက်ရကြောင်း၊ အဖွဲ့ဝင်များ များပြား လာချိန်တွင် ငွေထုတ်မရတော့ဘဲ လိမ်လည်သွားခြင်းဖြစ်ကြောင်း၊ နစ်နာသူများစွာ ရှိကြောင်း သိရှိရသည်။
“ Joom ဆိုတဲ့ ဆော့ဝဲလ်တစ်ခုကနေ လူတွေတော်တော်များများ ငွေတွေ လိမ်ခံလိုက်ရပါတယ် ။ ခုထိ ငွေတွေ မထုတ်ပေးသေးဘဲ နေ့ရွှေ့ညရွှေ့ လုပ်နေပါတယ်။ လိမ်ခံရတဲ့သူတွေထဲမှာ မိသားစု ခက်ခဲနေလို့ ပိုက်ဆံချေးပြီး လုပ်တဲ့သူတွေရယ်၊အရမ်းခက်ခဲပြီး ဘယ်အလုပ်မှ ရှာမရလို့ ရမိရရာ လုပ်မိတဲ့သူတွေ ၊ အခြားနစ်နာသူတွေ အများကြီးပါပါတယ်။ တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးပါနော်။ ကိုယ်တိုင်လည်း တစ်သိန်းခွဲပါသွားတယ်။ ” ကိုယ်တိုင် လိမ်လည်ခံလိုက်ရသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
Joom အမည်ခံ ဆောဖ့်ဝဲသည် အဖွဲ့ဝင် အဖြစ် ဝင်ရောက်လျှင် တစ်နေ့ အမေရိကန်ဒေါ်လာ ၃ ဒေါ်လာရမည်ဖြစ်ကြောင်း၊ လူအသစ်ထပ်ရှာလျှင် ရာထူး အဆင့်တက်ကာ ဘောနပ်ရမည်ဟူ၍ စည်းရုံးကြောင်း၊ ယင်းနောက် လူများစွာ ရှိလာချိန်တွင် ငွေကြေးလိမ်လည်ခဲ့ခြင်းဖြစ်ကြောင်း၊ အဖွဲ့ဝင် မန်ဘာ စတင်ဝင်ချိန်တွင် အမေရိကန်ဒေါ်လာ ၇၀ ဝင်ကြေးအဖြစ် ပေးရကြောင်း၊ ကုန်ပစ္စည်းများကို အော်ဒါအတုတင်ရုံနှင့် နေ့စဉ် ငွေဝင်မည်ဟုဆိုကာ မဲဆွယ်ခဲ့ပြီး အစပိုင်းတွင် Kpay မှ တစ်ဆင့် ငွေသွင်း ငွေထုတ်လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ယင်းနောက် လက်ရှိအချိန်တွင် ငွေရရှိခြင်းမရှိဘဲ လူပေါင်းများစွာ အလိမ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
Joom ဆော့ဖ်ဝဲအတုဖြင့် ငွေသွင်းငွေထုတ် လက်ခံ လိမ်လည်သွားသည့် Kpay နံပါတ်များမှာ 09- 670048290 ၊ 09 686547123 ၊ 09 686074205 ၊ 09 674089529 ၊ 09 665758024 ၊ 09 699323483 ၊ 09 670623721 ၊ 09 683063206 ၊ 09 689495943 ၊ 09 691939818 ၊ 09 675892933 ၊ 09 686334027 ၊ 09 691752239 ၊ 09 774691325 ၊ 09 965077891 တို့ ဖြစ်ကြောင်း ငွေလိမ်ခံရသူများက ရန်ကုန်ခေတ်သစ်သို့ ပေးပို့သည်။
အဆိုပါ Joom ဆော့ဖ်ဝဲအတုနှင့် ပတ်သက်၍ စောင့်ကြည့်သူများက စက်တင်ဘာက အစောပိုင်းတည်းက သတိ ပေးရေးသားမှုများရှိခဲ့ပြီး လက်ရှိအချိန်တွင် Joom ဦးဆောင်သူဆိုသူများက မန်ဘာဝင်များကို ဆက်သွယ်ခြင်းမရှိ၊ ငွေပေးခြင်း မရှိဘဲ ငွေကြေးလိမ်လည်သွားကြခြင်းဖြစ်သည်။
ကမ္ဘာကျော် အွန်လိုင်းကုန်သွယ်ရေး Joom အစစ်မှာ ကုန်ပစ္စည်းများကို အမှန်တကယ် ဝယ်ယူနိုင်သည့် ဝက်ဘ်ဆိုက်ဖြစ်ပြီး မြန်မာနိုင်ငံတွင် လိမ်လည်သည့် Joom အတုကဲ့သို့ ကုန်ပစ္စည်းများကို အော်ဒါ အယောင်ဆောင်တင်ခြင်းလုပ်ဆောင်နိုင်သည့် ဝက်ဘ်ဆိုက်မဟုတ်ပေ။
ဓာတ်ပုံ- ငွေလိမ်လည်သည့် Joom အက်ပလီကေးရှင်း အတုကို ငွေထည့်သွင်းပြီး မြင်ရသည့်ပုံ။
Khit Thit Media
Zawgyi
ျမန္မာႏိုင္ငံတြင္ Joom အက္ပလီေကးရွင္း ေဆာဖ့္ဝဲအတုျဖင့္ မန္ဘာ အဖြဲ႕ဝင္မ်ား စုေဆာင္းကာ ေငြက်ပ္သိန္း ေထာင္ေသာင္းခ်ီ လိမ္လည္မႈျဖစ္ပြား
ရန္ကုန္၊ ေအာက္တိုဘာ ၂၆
ကမာၻေက်ာ္ အြန္လိုင္းကုမၸဏီတစ္ခုျဖစ္သည့္ Joom ကုမၸဏီ၏ အမည္၊ Logo မ်ားကို အသုံးျပဳကာ ဝက္ဘ္ဆိုက္အတု၊ ေဆာ့ဖ္ဝဲလ္အတု၊ အက္ပလီေကးရွင္း အတု ဖန္တီး၍ MLM ပုံစံျဖင့္ ေငြထည့္ခိုင္း ၊ အဖြဲ႕ဝင္ ရွာေဖြခိုင္းၿပီး က်ပ္သိန္းေထာင္ေသာင္းခ်ီ လိမ္လည္မႈျဖစ္ပြားေၾကာင္း Joom အတုျဖင့္ အလိမ္ခံခဲ့ရသူမ်ားက ရန္ကုန္ေခတ္ သစ္သတင္းဌာနထံသို႔ ေျပာဆိုၾကသည္။
ျမန္မာႏိုင္ငံတစ္ဝန္းတြင္ Joom အတုျဖင့္ လူဦးေရ ၁၉,၀၀၀ ေက်ာ္ ေငြအလိမ္ခံလိုက္ရေၾကာင္း၊ အဖြဲ႕ဝင္မ်ား မ်ားျပား လာခ်ိန္တြင္ ေငြထုတ္မရေတာ့ဘဲ လိမ္လည္သြားျခင္းျဖစ္ေၾကာင္း၊ နစ္နာသူမ်ားစြာ ရွိေၾကာင္း သိရွိရသည္။
“ Joom ဆိုတဲ့ ေဆာ့ဝဲလ္တစ္ခုကေန လူေတြေတာ္ေတာ္မ်ားမ်ား ေငြေတြ လိမ္ခံလိုက္ရပါတယ္ ။ ခုထိ ေငြေတြ မထုတ္ေပးေသးဘဲ ေန႔ေ႐ႊ႕ညေ႐ႊ႕ လုပ္ေနပါတယ္။ လိမ္ခံရတဲ့သူေတြထဲမွာ မိသားစု ခက္ခဲေနလို႔ ပိုက္ဆံေခ်းၿပီး လုပ္တဲ့သူေတြရယ္၊အရမ္းခက္ခဲၿပီး ဘယ္အလုပ္မွ ရွာမရလို႔ ရမိရရာ လုပ္မိတဲ့သူေတြ ၊ အျခားနစ္နာသူေတြ အမ်ားႀကီးပါပါတယ္။ တတ္ႏိုင္တဲ့ဘက္ကေန ကူညီေပးပါေနာ္။ ကိုယ္တိုင္လည္း တစ္သိန္းခြဲပါသြားတယ္။ ” ကိုယ္တိုင္ လိမ္လည္ခံလိုက္ရသူတစ္ဦးက ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။
Joom အမည္ခံ ေဆာဖ့္ဝဲသည္ အဖြဲ႕ဝင္ အျဖစ္ ဝင္ေရာက္လွ်င္ တစ္ေန႔ အေမရိကန္ေဒၚလာ ၃ ေဒၚလာရမည္ျဖစ္ေၾကာင္း၊ လူအသစ္ထပ္ရွာလွ်င္ ရာထူး အဆင့္တက္ကာ ေဘာနပ္ရမည္ဟူ၍ စည္း႐ုံးေၾကာင္း၊ ယင္းေနာက္ လူမ်ားစြာ ရွိလာခ်ိန္တြင္ ေငြေၾကးလိမ္လည္ခဲ့ျခင္းျဖစ္ေၾကာင္း၊ အဖြဲ႕ဝင္ မန္ဘာ စတင္ဝင္ခ်ိန္တြင္ အေမရိကန္ေဒၚလာ ၇၀ ဝင္ေၾကးအျဖစ္ ေပးရေၾကာင္း၊ ကုန္ပစၥည္းမ်ားကို ေအာ္ဒါအတုတင္႐ုံႏွင့္ ေန႔စဥ္ ေငြဝင္မည္ဟုဆိုကာ မဲဆြယ္ခဲ့ၿပီး အစပိုင္းတြင္ Kpay မွ တစ္ဆင့္ ေငြသြင္း ေငြထုတ္လုပ္ေဆာင္ႏိုင္ခဲ့ေၾကာင္း၊ ယင္းေနာက္ လက္ရွိအခ်ိန္တြင္ ေငြရရွိျခင္းမရွိဘဲ လူေပါင္းမ်ားစြာ အလိမ္ခံလိုက္ရျခင္းျဖစ္ေၾကာင္း သိရွိရသည္။
Joom ေဆာ့ဖ္ဝဲအတုျဖင့္ ေငြသြင္းေငြထုတ္ လက္ခံ လိမ္လည္သြားသည့္ Kpay နံပါတ္မ်ားမွာ 09- 670048290 ၊ 09 686547123 ၊ 09 686074205 ၊ 09 674089529 ၊ 09 665758024 ၊ 09 699323483 ၊ 09 670623721 ၊ 09 683063206 ၊ 09 689495943 ၊ 09 691939818 ၊ 09 675892933 ၊ 09 686334027 ၊ 09 691752239 ၊ 09 774691325 ၊ 09 965077891 တို႔ ျဖစ္ေၾကာင္း ေငြလိမ္ခံရသူမ်ားက ရန္ကုန္ေခတ္သစ္သို႔ ေပးပို႔သည္။
အဆိုပါ Joom ေဆာ့ဖ္ဝဲအတုႏွင့္ ပတ္သက္၍ ေစာင့္ၾကည့္သူမ်ားက စက္တင္ဘာက အေစာပိုင္းတည္းက သတိ ေပးေရးသားမႈမ်ားရွိခဲ့ၿပီး လက္ရွိအခ်ိန္တြင္ Joom ဦးေဆာင္သူဆိုသူမ်ားက မန္ဘာဝင္မ်ားကို ဆက္သြယ္ျခင္းမရွိ၊ ေငြေပးျခင္း မရွိဘဲ ေငြေၾကးလိမ္လည္သြားၾကျခင္းျဖစ္သည္။
ကမာၻေက်ာ္ အြန္လိုင္းကုန္သြယ္ေရး Joom အစစ္မွာ ကုန္ပစၥည္းမ်ားကို အမွန္တကယ္ ဝယ္ယူႏိုင္သည့္ ဝက္ဘ္ဆိုက္ျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္ လိမ္လည္သည့္ Joom အတုကဲ့သို႔ ကုန္ပစၥည္းမ်ားကို ေအာ္ဒါ အေယာင္ေဆာင္တင္ျခင္းလုပ္ေဆာင္ႏိုင္သည့္ ဝက္ဘ္ဆိုက္မဟုတ္ေပ။
ဓာတ္ပုံ- ေငြလိမ္လည္သည့္ Joom အက္ပလီေကးရွင္း အတုကို ေငြထည့္သြင္းၿပီး ျမင္ရသည့္ပုံ။
Khit Thit Media