ရှားရှားပါးပါး ဖူးမြင်ရခဲလှသည့်ဂေါတမဘုရားလောင်း သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူခဲ့တဲ့ နေရာ….
စတင်တွေ့ရှိစဉ်က အင်ကြင်းအမြစ်များပါ တူးဖော် တွေ့ရှိခဲ့ကြပါတယ်……
ဖွားမြင်တော်မူခန်း
မယ်တော်မဟာ မာယာဒေဝီသည် ဘုရားအလောင်းတော်ကို ဝမ်းကြာတိုက်ဖြင့် ဆယ်လပတ်လုံး ဆောင်လျှက် ရင့်မာခြင်းသို့ ရောက်သောအခါ မိမိ၏ မွေးရပ်မြေဖြစ်သော ဒေဝဒဟပြည် သို့ သွားရောက်လိုကြောင်း သုဒ္ဓေါနမင်းကြီးထံ ခွင့်ပန်ပြီး အခြွေအရံ များစွာနဲ့တကွ ထွက်ခွာလာရာ လမ်းခရီး တစ်ထောက်အဖြစ်…
ကပိလဝတ်ပြည် နှင့် ဒေဝဒဟပြည် ကြားရှိ လုမ္ဗီနီမည်သော အင်ကြင်းတော၌ နားနေစဉ် အင်ကြင်းပင်မှ အခက်ကို လက်ဖြင့် ကိုင်ဆွဲကာ ရပ်နေသော ခဏ၌ပင် အလောင်းတော်ကို ဖွားမြင်ရန် ကမ္မဇလေတို့သည် တုန်လှုပ်လာပြီးနောက် ……..
မဟာသမုဒ္ဒရာနှင့်ပထဝီမြေကြီးသည်သိမ့်သိမ့်တုန်ခါပြီးထစ်ချုန်း မြည်ဟိန်းလျှက်နတ်ဗြဟ္မာတို့ကောင်းချီးပေးသောနမိတ်ကြီး ၃၂ပါးတို့တပြိုင်တည်းဖြစ်စေလျက်မဟာသက္ကရာဇ်၆၈ခု ကဆုန်လပြည့်သောကြာနေ့တွင်လက္ခဏာကြီး၃၂ပါး လက္ခဏာငယ်၈၀အသွယ်သွယ်တို့ဖြင့်တင့်တယ်အပ်သောလူနတ် ဗြဟ္မာတို့၏ အတုမရှိအပ်သောဘုရားလောင်းသိဒ္ဓတ္ထမင်းသား ကိုဖွားမြင်တော်မူလေသည်။
Credit
ဖွားမြင်တော်မူခန်း
Credit