ယနေ့မနက် (၉)နာရီခန့်က သုဝဏမှာ အသက်(၂၀)အရွယ် မိန်းမပျိုလေးရဲ့ ရင်နင့်ဖွယ်ရာဖြစ်ရပ်
သုဝဏ္ဏ-ဒဂုံတောင်ပိုင်းသို့ ဖြတ်သန်းသည့် အ မှတ်(၂)ကမာကြည်တံတားပေါ်မှ
အောက်တိုဘာ ၂၄ ရက်(ယနေ့)နံနက်ပိုင်းက အမျိုးသမီးငယ်တစ်ဦး ခုန်ချသွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
ယနေ့နံနက် ၉ နာရီကျော်ခန့်က အသက်(၂၀)နှစ်ခန့်ရှိ အမျိုးသမီးငယ်တစ်ဦးသည်
၎င်းတွင်ပါလာသည့် ပစ္စည်းများအား အမှတ်(၂)ကမာကြည်တံတား၏ လျှောက်လမ်းတွင်ချထားခဲ့ပြီးနောက် ရေထဲသို့ခုန်ချသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရှာဖွေရေးလုပ်ဖို့အတွက် လူမှုကူညီရေးအသင်းတွေအတော်များများရောက်နေကြပါပြီ
ရေစီးသန်နေတဲ့အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်လို့မရသေးပါဘူး
လတ်တလောမြေပြင်အခြေအနေကိုတော့မပြတ်စောင့်ကြည့်နေပါတယ်”ဟု
သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြား ရေးတာဝန်ခံကိုဇင်လင်းမောင်ကပြောသည်။
ထို့ပြင် တံတားပေါ်မှခုန်ချသွားသည့် အမျိုးသမီးငယ်၏ နောက်ဆုံးခေါ်ထားသည့် ဖုန်းနံပါတ်မှတဆင့် ၎င်း၏မိသားစုဝင်များနှင့်လည်း အဆက် အသွယ်ရထားကြောင်း သိရသည်။
“အမျိုးသမီးကိုင်ပိုက်ဆံအိတ်၊ ဖုန်း၊ ပိုက်ဆံတစ်ချို့၊ ဆွဲကြိုးနဲ့ လိပ်စာကဒ်တွေလည်း တံတားလျှောက်လမ်းမှာချထားခဲ့တာကိုတွေ့ရပါတယ်” ဟု
သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံကိုဇင်လင်းမောင်ကပြောသည်
Zawgyi

Credit