မိန်းကလေးတွေကို ဝမ်းနည်းကြေကွဲစေတဲ့ ချစ်သူကောင်လေးဖက်ကအမှားများ…
မိန်းကလေးတစ်ယောက်ဟာ ယောက်ကျားတစ်ယောက်ကို ချစ်တဲ့အခါ သူ့ရဲ့ ဥစ္စာ၊ စည်းစိမ်၊ ဂုဏ်၊ ပကာသနတွေထက် သူ့ရဲ့နှလုံးသားတစ်ခုလုံးကိုပဲ လိုချင်တာဖြစ်ပါတယ်
တစ်ခါတလေ ယောက်ကျားလေးဖက်က အသေးအမွှားလို့ထင်တဲ့ ကိစ္စလေးတွေ၊ ဂရုမစိုက်မှုလေးတွေက မိန်းကလေးတွေကို ဝမ်းနည်းကြေကွဲစေတာကြောင့် အသေးအမွှားလေးတွေ များလာတဲ့အခါ မလှမပနဲ့ ဇာတ်သိမ်းသွားရတတ်ပါတယ် …
ဒါကြောင့် ခုဖော်ပြပေးမှာကတော့ အချစ်ရေးတစ်ခုမှာ မိန်းကလေးတွေကို ဝမ်းနည်းကြေကွဲစေတဲ့ ယောက်ကျားလေးဖက်က အမှားတွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေနဲ့ တိုက်ဆိုင်နေပြီဆိုရင်တော့ ချစ်သူကို မဆုံးရှုံးခင် ပြင်ဖို့ လိုနေပြီဆိုတာ သိလိုက်ပါတော့နော် …
(၁) အမြဲလိုလိုတခြားအရာတွေကို ဦးစားပေးတယ်
မိန်းကလေးတွေဟာ ချစ်သူရဲ့ နံပါတ် ၁ နေရာမှာရှိချင်တဲ့သူတွေပါ။ ဒီလိုပြောလို့ သူတို့က အတ္တကြီးတာလားဆိုတော့ မဟုတ်ပါဘူး။ သူတို့နံပါတ် ၁ နေရာမှာထားတဲ့ သူတစ်ယောက်ရဲ့ နံပါတ် ၁ ဖြစ်ချင်တာဟာ အပြန်အလှန်သဘောတရားတွေ ဖြစ်ပါတယ်။
တစ်ခါတလေတော့ ပြသနာမရှိပေမယ့် အမြဲလိုလို အလုပ်၊ မိသားစု စသဖြင့် တခြားအရာတွေကိုပဲ ဦးစားပေးပြီး ချစ်သူကအမြဲတမ်း သည်းခံနားလည်ပေးနေရတယ် ဆိုရင်တော့ ဒါဟာ လုံးဝမဖြစ်သင့်တဲ့ အရာဖြစ်သလို ဖွင့်မပြောသည့်တိုင်အောင် ချစ်သူကို ဝမ်းနည်းကြေကွဲစေတယ်ဆိုတာ သိထားပါ …။
(၂) သူ့ခံစားချက်ကိုနားမလည်ပေးဘူး၊ နားလည်ပေးဖို့မကြိုးစားဘူး
မိန်းကလေးတွေထဲမှာ ခံစားချက်ကို လွယ်လွယ်နဲ့ဖွင့်ပြ၊ ထုတ်ပြတတ်တဲ့သူတွေရှိသလို ခံစားချက်တွေကို မြိုသိပ်ပြီး လွယ်လွယ်ထုတ်မပြတတ်တဲ့သူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချစ်သူကို နားလည်ဖို့၊ ချစ်သူရဲ့ခံစားချက်တွေကို ကိုယ်ချင်းစာတတ်ရပါမယ်။
တစ်ခါတလေချစ်သူက စိတ်ဆိုးစိတ်ကောက်တဲ့အခါ သူဘာကြောင့် ဒီလိုဖြစ်ရတာလဲ၊ ဘယ်အရာက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေသလဲဆိုတဲ့ အကြောင်းရင်းကို ရှာဖွေပြီး စိတ်ပြေအောင်ချော့မော့ကာ၊ နောက်မဖြစ်အောင် ဆင်ခြင်ရမှာပါ။
ဒီလိုမှ မဟုတ်ပဲ သူ့ခံစားချက်ကို နားမလည်ဘူး၊ နားလည်ပေးဖို့လည်း မကြိုးစားးဘူးဆိုရင်တော့ သင့်ချစ်သူက သင့်အနားကနေ အနှေးနဲ့ အမြန် ထွက်သွားတော့မှာပါနော် …။
(၃) အထီးကျန်စေတယ်
မိန်းကလေးတွေဟာ ပင်ကိုယ်စိတ်ကိုက အားငယ်တတ်တဲ့သူတွေဖြစ်သလို၊ အားကိုးလည်း ရှာတတ်ကြတဲ့သူတွေပါ။ မိန်းကလေးတစ်ယောက်ဟာ ချစ်သူဆီက နွေးထွေးမှု၊ ကြင်နာမှု၊ ဂရိုစိုက်မှုတွေကို အမြဲတမ်းလိုအပ်တဲ့သူတွေဖြစ်ပါတယ်။
ယောက်ကျားလေးတွေအနေနဲ့ ချစ်သူဆီကို စိတ်မရောက်ပဲ တခြားအရာတွေဖြစ်တဲ့ ဂိမ်းဆော့တာတွေ၊ ဖုန်းပွတ်တာတွေ၊ အပေါင်းအသင်းတွေနဲ့ အချိန်ဖြုန်းတာတွေက ချစ်သူကို အထီးကျန်စေသလို၊ အားငယ်စိတ်ကိုလည်း ဖြစ်စေပါတယ်။ ချစ်သူဖြစ်လာပြီဆိုမှတော့ အချိန်ပေးရမယ်၊ ဂရုစိုက်ရမယ်ဆိုတာ ပြောနေစရာလိုတဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူး …။
(၄) ကြင်နာယုယမှု သိပ်မရှိဘူး
မိန်းကလေးတစ်ယောက်ကို ယောက်ျားလေးတစ်ယောက်က ဘယ်လောက်ချစ်ပါတယ်ပြောပြော၊ ဘယ်လောက်ပဲ သူ့အတွက်ဆိုပြီး ကြိုးစားပေးနေနေ သူ့ဖက်က အဲဒါကိုမသိရင်လည်း ဘာမှအကျိုးမရှိပါဘူး။
ဒါကြောင့် သင်တကယ်ချစ်တယ်၊ တန်ဖိုးထားတယ်ဆိုတာကို သင့်ရဲ့ စကားတွေထဲ၊ အမူအရာတွေထဲမှာ မြင်တွေ့နေပါစေ။ အမှတ်မထင် စာလေးတွေပို့တာ၊ ဖုန်းလှမ်းလှမ်းဆက်တာ၊ လက်ဆောင်သေးသေးလေးတွေ ပေးတာ၊ ပွေ့ဖက်ပေးတာလိုမျိုး
ကြင်နာဂရုစိုက်တဲ့ အပြုအမူလေးတွေကိုမလုပ်ပေးဘူးဆိုရင် သင့်ကို စွန့်ခွာသွားတော့မှ သင့်အချစ်တွေကို သူမမြင်တတ်လို့ဆိုပြီး အပြစ်မတင်ပါနဲ့။ မြင်အောင်မပြတတ်တဲ့ သင့်ကိုသင်ပဲ အပြစ်တင်လိုက်ပါ …။
(၅) လွှမ်းမိုးသွားမှာ ကြောက်တယ်
ယောက်ကျားလေးတွေဟာ မိန်းကလေးတစ်ယောက်ရဲ့ လွှမ်းမိုးမှုကိုခံရမှာ အရမ်းကြောက်ကြပါတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ မြှောက်ပင့်မှုတွေ၊ ကြားဝင်စွက်ဖက်မှုတွေကို ခွင့်ပြုတတ်သလို၊ အရမ်းလည်း နားယောင်တတ်ကြပါတယ်။
ဒါက မိန်းကလေးတစ်ယောက်ကို ဝမ်းနည်းကြေကွဲ စေပါတယ်။ ယောက်ကျားတစ်ယောက်က မိန်းမတစ်ယောက်ရဲ့ လွှမ်းမိုးမှုကို မခံသင့်ဘူး၊ မိန်းကလေးဆိုတာ ယောက်ကျားက နိုင်ရတယ်ဆိုတဲ့ မှားယွင်းတဲ့ အယူအဆတွေကြောင့် မလှမပဇာတ်သိမ်းတတ်တာကိုလည်း သတိပြုပါနော် …။
crd
မိန္းကေလးေတြကို ဝမ္းနည္းေၾကကြဲေစတဲ့ ခ်စ္သူေကာင္ေလးဖက္ကအမွားမ်ား…
မိန္းကေလးတစ္ေယာက္ဟာ ေယာက္က်ားတစ္ေယာက္ကို ခ်စ္တဲ့အခါ သူ႔ရဲ့ ဥစၥာ၊ စည္းစိမ္၊ ဂုဏ္၊ ပကာသနေတြထက္ သူ႔ရဲ့ႏွလုံးသားတစ္ခုလုံးကိုပဲ လိုခ်င္တာျဖစ္ပါတယ္
တစ္ခါတေလ ေယာက္က်ားေလးဖက္က အေသးအမႊားလို႔ထင္တဲ့ ကိစၥေလးေတြ၊ ဂ႐ုမစိုက္မႈေလးေတြက မိန္းကေလးေတြကို ဝမ္းနည္းေၾကကြဲေစတာေၾကာင့္ အေသးအမႊားေလးေတြ မ်ားလာတဲ့အခါ မလွမပနဲ႔ ဇာတ္သိမ္းသြားရတတ္ပါတယ္ …
ဒါေၾကာင့္ ခုေဖာ္ျပေပးမွာကေတာ့ အခ်စ္ေရးတစ္ခုမွာ မိန္းကေလးေတြကို ဝမ္းနည္းေၾကကြဲေစတဲ့ ေယာက္က်ားေလးဖက္က အမွားေတြပဲ ျဖစ္ပါတယ္။ ဒီအခ်က္ေတြနဲ႔ တိုက္ဆိုင္ေနၿပီဆိုရင္ေတာ့ ခ်စ္သူကို မဆုံးရႈံးခင္ ျပင္ဖို႔ လိုေနၿပီဆိုတာ သိလိုက္ပါေတာ့ေနာ္ …
(၁) အျမဲလိုလိုတျခားအရာေတြကို ဦးစားေပးတယ္
မိန္းကေလးေတြဟာ ခ်စ္သူရဲ့ နံပါတ္ ၁ ေနရာမွာရွိခ်င္တဲ့သူေတြပါ။ ဒီလိုေျပာလို႔ သူတို႔က အတၱႀကီးတာလားဆိုေတာ့ မဟုတ္ပါဘူး။ သူတို႔နံပါတ္ ၁ ေနရာမွာထားတဲ့ သူတစ္ေယာက္ရဲ့ နံပါတ္ ၁ ျဖစ္ခ်င္တာဟာ အျပန္အလွန္သေဘာတရားေတြ ျဖစ္ပါတယ္။
တစ္ခါတေလေတာ့ ျပသနာမရွိေပမယ့္ အျမဲလိုလို အလုပ္၊ မိသားစု စသျဖင့္ တျခားအရာေတြကိုပဲ ဦးစားေပးၿပီး ခ်စ္သူကအျမဲတမ္း သည္းခံနားလည္ေပးေနရတယ္ ဆိုရင္ေတာ့ ဒါဟာ လုံးဝမျဖစ္သင့္တဲ့ အရာျဖစ္သလို ဖြင့္မေျပာသည့္တိုင္ေအာင္ ခ်စ္သူကို ဝမ္းနည္းေၾကကြဲေစတယ္ဆိုတာ သိထားပါ …။
(၂) သူ႔ခံစားခ်က္ကိုနားမလည္ေပးဘူး၊ နားလည္ေပးဖို႔မႀကိဳးစားဘူး
မိန္းကေလးေတြထဲမွာ ခံစားခ်က္ကို လြယ္လြယ္နဲ႔ဖြင့္ျပ၊ ထုတ္ျပတတ္တဲ့သူေတြရွိသလို ခံစားခ်က္ေတြကို ၿမိဳသိပ္ၿပီး လြယ္လြယ္ထုတ္မျပတတ္တဲ့သူေတြလည္း ရွိပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ခ်စ္သူကို နားလည္ဖို႔၊ ခ်စ္သူရဲ့ခံစားခ်က္ေတြကို ကိုယ္ခ်င္းစာတတ္ရပါမယ္။
တစ္ခါတေလခ်စ္သူက စိတ္ဆိုးစိတ္ေကာက္တဲ့အခါ သူဘာေၾကာင့္ ဒီလိုျဖစ္ရတာလဲ၊ ဘယ္အရာက သူ႔ကို စိတ္အေႏွာင့္အယွက္ ျဖစ္ေစသလဲဆိုတဲ့ အေၾကာင္းရင္းကို ရွာေဖြၿပီး စိတ္ေျပေအာင္ေခ်ာ့ေမာ့ကာ၊ ေနာက္မျဖစ္ေအာင္ ဆင္ျခင္ရမွာပါ။
ဒီလိုမွ မဟုတ္ပဲ သူ႔ခံစားခ်က္ကို နားမလည္ဘူး၊ နားလည္ေပးဖို႔လည္း မႀကိဳးစားးဘူးဆိုရင္ေတာ့ သင့္ခ်စ္သူက သင့္အနားကေန အေႏွးနဲ႔ အျမန္ ထြက္သြားေတာ့မွာပါေနာ္ …။
(၃) အထီးက်န္ေစတယ္
မိန္းကေလးေတြဟာ ပင္ကိုယ္စိတ္ကိုက အားငယ္တတ္တဲ့သူေတြျဖစ္သလို၊ အားကိုးလည္း ရွာတတ္ၾကတဲ့သူေတြပါ။ မိန္းကေလးတစ္ေယာက္ဟာ ခ်စ္သူဆီက ေႏြးေထြးမႈ၊ ၾကင္နာမႈ၊ ဂရိုစိုက္မႈေတြကို အျမဲတမ္းလိုအပ္တဲ့သူေတြျဖစ္ပါတယ္။
ေယာက္က်ားေလးေတြအေနနဲ႔ ခ်စ္သူဆီကို စိတ္မေရာက္ပဲ တျခားအရာေတြျဖစ္တဲ့ ဂိမ္းေဆာ့တာေတြ၊ ဖုန္းပြတ္တာေတြ၊ အေပါင္းအသင္းေတြနဲ႔ အခ်ိန္ျဖဳန္းတာေတြက ခ်စ္သူကို အထီးက်န္ေစသလို၊ အားငယ္စိတ္ကိုလည္း ျဖစ္ေစပါတယ္။ ခ်စ္သူျဖစ္လာၿပီဆိုမွေတာ့ အခ်ိန္ေပးရမယ္၊ ဂ႐ုစိုက္ရမယ္ဆိုတာ ေျပာေနစရာလိုတဲ့ ကိစၥတစ္ခုမဟုတ္ပါဘူး …။
(၄) ၾကင္နာယုယမႈ သိပ္မရွိဘူး
မိန္းကေလးတစ္ေယာက္ကို ေယာက္်ားေလးတစ္ေယာက္က ဘယ္ေလာက္ခ်စ္ပါတယ္ေျပာေျပာ၊ ဘယ္ေလာက္ပဲ သူ႔အတြက္ဆိုၿပီး ႀကိဳးစားေပးေနေန သူ႔ဖက္က အဲဒါကိုမသိရင္လည္း ဘာမွအက်ိဳးမရွိပါဘူး။
ဒါေၾကာင့္ သင္တကယ္ခ်စ္တယ္၊ တန္ဖိုးထားတယ္ဆိုတာကို သင့္ရဲ့ စကားေတြထဲ၊ အမူအရာေတြထဲမွာ ျမင္ေတြ႕ေနပါေစ။ အမွတ္မထင္ စာေလးေတြပို႔တာ၊ ဖုန္းလွမ္းလွမ္းဆက္တာ၊ လက္ေဆာင္ေသးေသးေလးေတြ ေပးတာ၊ ေပြ႕ဖက္ေပးတာလိုမ်ိဳး
ၾကင္နာဂ႐ုစိုက္တဲ့ အျပဳအမူေလးေတြကိုမလုပ္ေပးဘူးဆိုရင္ သင့္ကို စြန္႔ခြာသြားေတာ့မွ သင့္အခ်စ္ေတြကို သူမျမင္တတ္လို႔ဆိုၿပီး အျပစ္မတင္ပါနဲ႔။ ျမင္ေအာင္မျပတတ္တဲ့ သင့္ကိုသင္ပဲ အျပစ္တင္လိုက္ပါ …။
(၅) လႊမ္းမိုးသြားမွာ ေၾကာက္တယ္
ေယာက္က်ားေလးေတြဟာ မိန္းကေလးတစ္ေယာက္ရဲ့ လႊမ္းမိုးမႈကိုခံရမွာ အရမ္းေၾကာက္ၾကပါတယ္။ သူငယ္ခ်င္းအေပါင္းအသင္းေတြရဲ့ ေျမႇာက္ပင့္မႈေတြ၊ ၾကားဝင္စြက္ဖက္မႈေတြကို ခြင့္ျပဳတတ္သလို၊ အရမ္းလည္း နားေယာင္တတ္ၾကပါတယ္။
ဒါက မိန္းကေလးတစ္ေယာက္ကို ဝမ္းနည္းေၾကကြဲ ေစပါတယ္။ ေယာက္က်ားတစ္ေယာက္က မိန္းမတစ္ေယာက္ရဲ့ လႊမ္းမိုးမႈကို မခံသင့္ဘူး၊ မိန္းကေလးဆိုတာ ေယာက္က်ားက နိုင္ရတယ္ဆိုတဲ့ မွားယြင္းတဲ့ အယူအဆေတြေၾကာင့္ မလွမပဇာတ္သိမ္းတတ္တာကိုလည္း သတိျပဳပါေနာ္ …။