အရမ်းလွယ်ပါတယ်…မိမိကိုယ်ကို ကံနိမ့်နေတယ်ထင်ရင် ကိုယ့်ဘာသာတွက်ပြီး ယတြာချေနိုင်အောင်
မိမိကိုယ်ကို ကံနိမ့်နေတယ်ထင်ရင် ကိုယ့်ဘာသာ တွက်ပြီး ယတြာချေနိုင်အောင်
ကံမြင့်၊ ကံဆင့်၊ လာဘ်ပွင့် ယတြာများ(သက်ရောက် ယတြာများ)
မိမိရောက်ဆဲ အသက်မှန်ကိုတည် (၇) ဖြင့်စားပါ။ ဥပမာ မိမိ အသက် ၃၀ နှစ် ဆိုပါဆို့။
၃၀ ÷ ၇ = ၂ ကြွင်း ဖြစ်ပါတယ်။ ၂ ကြွင်း ယတြာကို ချေလိုက်ယုံပါပဲ။
(၁) ကြွင်းခဲ့ပါက လူသွားလမ်းကို အုတ်ခဲ (၆) ခဲ ခင်းပါ။ ဝက်များကို အစာကျွေးပါ။
ရှောက်ယို၊ ဆီမီး/ ဖယောင်းတိုင်၊ ရေ၊ ယပ်တောင် တို့ကို မိမိ မွေးနံထောင့် ဘုရားမှာ ကပ်လှူဆုတောင်းပါ။
(၂) ကြွင်းခဲ့ပါက ဘုရားရင်ပြင်ပေါ် သန့်ရှင်းရေးလုပ်ပါ။ မျောက်များကို အစာ ကျွေးပါ။
ပဲဆွမ်း၊ ရေ၊ ယပ်တောင်၊ ဆီမီး/ ဖယောင်းတိုင်များ ကို မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူဆုတောင်းပါ။
(၃) ကြွင်းခဲ့ပါက ဘုန်းကြီးကုဋီ သန့်ရှင်းရေးလုပ်ပါ။ ကျန်းမာရေးမကောင်းသော သောကြာသားသမီးများကို
သစ်သီးလှူပါ။ သီးစုံ ဆွမ်း၊ ရေ၊ ယပ်တောင်၊ အလင်းတိုင်များကို မွေးနံထောင့် ဘုရားမှာ ကပ်လှူဆုတောင်းပါ။
(၄) ကြွင်း ခဲ့ပါက ကိုယ်လတ်အင်္ဂါ ချို့ယွင်းသူကို ဒါနပြုပါ။ နွားများကို အစာကျွေးပါ။
နို့ထမင်း၊ ရေ၊ ယပ်တောင်၊ အလင်းတိုင်များကို မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။
(၅) ကြွင်း ခဲ့ပါက မိမိ မိတ်ဆွေ၏ ကံ မ ကောင်းသော အိမ်တွင်းရေး ရင်ဖွင့်သံများကို
နားထောင်ပေးလိုက်ပါ။ မိမိအိမ်တွင်းကို သန့်ရှင်းရေး လုပ်ပါ။ အုန်းဆွမ်း၊ ရေ၊ ယပ်တောင်၊ အလင်းတိုင်များကို
မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။
(၆) ကြွင်းခဲ့ပါက မိမိ၏ ကြီးဒေါ်ကြီးအား ငွေကြေး ၆၀၀ ကျပ် ဒါနပြုပါ။ ခွေးများကို အစာကျွေးပါ။
ကြံသကာဆွမ်း၊ ရေ၊ ယပ်တောင်၊ အလင်းတိုင် များကို မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူဆုတောင်းပါ။
(ဝ) ကြွင်း ခဲ့ပါက စိတ် မကျန်းမာသူကို ဒါန ပြုပါ။ ဆရာသမား တစ်ဦးဦးကို ထီး လက်ဆောင်ပေးလိုက်ပါ။
ဆီထမင်း၊ ရေ၊ ယပ်တောင်၊ အလင်းတိုင်များကို မိမိ မွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။
ထိုယတြာ ချေပေးခြင်းဖြင့် မိမိမှာ ကျရောက်မည့် ဂြိုဟ်ဆိုး ဂြိုဟ်ညံ့ များနှင့် ဘေးဒုက္ခ အပေါင်းတို့မှ ကင်းလွတ်ကြပါစေ။
စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေသော်…။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
crd
အရမ္းလြယ္ပါတယ္…မိမိကိုယ္ကို ကံနိမ့္ေနတယ္ထင္ရင္ ကိုယ့္ဘာသာတြက္ၿပီး ယၾတာေခ်ႏိုင္ေအာင္
မိမိကိုယ္ကို ကံနိမ့္ေနတယ္ထင္ရင္ ကိုယ့္ဘာသာ တြက္ၿပီး ယၾတာေခ်ႏိုင္ေအာင္
ကံျမင့္၊ ကံဆင့္၊ လာဘ္ပြင့္ ယၾတာမ်ား(သက္ေရာက္ ယၾတာမ်ား)
မိမိေရာက္ဆဲ အသက္မွန္ကိုတည္ (၇) ျဖင့္စားပါ။ ဥပမာ မိမိ အသက္ ၃၀ ႏွစ္ ဆိုပါဆို႔။
၃၀ ÷ ၇ = ၂ ႂကြင္း ျဖစ္ပါတယ္။ ၂ ႂကြင္း ယၾတာကို ေခ်လိုက္ယုံပါပဲ။
(၁) ႂကြင္းခဲ့ပါက လူသြားလမ္းကို အုတ္ခဲ (၆) ခဲ ခင္းပါ။ ဝက္မ်ားကို အစာေကြၽးပါ။
ေရွာက္ယို၊ ဆီမီး/ ဖေယာင္းတိုင္၊ ေရ၊ ယပ္ေတာင္ တို႔ကို မိမိ ေမြးနံေထာင့္ ဘုရားမွာ ကပ္လႉဆုေတာင္းပါ။
(၂) ႂကြင္းခဲ့ပါက ဘုရားရင္ျပင္ေပၚ သန႔္ရွင္းေရးလုပ္ပါ။ ေမ်ာက္မ်ားကို အစာ ေကြၽးပါ။
ပဲဆြမ္း၊ ေရ၊ ယပ္ေတာင္၊ ဆီမီး/ ဖေယာင္းတိုင္မ်ား ကို မိမိေမြးနံေထာင့္ ဘုရားမွာ ကပ္လႉဆုေတာင္းပါ။
(၃) ႂကြင္းခဲ့ပါက ဘုန္းႀကီးကုဋီ သန႔္ရွင္းေရးလုပ္ပါ။ က်န္းမာေရးမေကာင္းေသာ ေသာၾကာသားသမီးမ်ားကို
သစ္သီးလႉပါ။ သီးစုံ ဆြမ္း၊ ေရ၊ ယပ္ေတာင္၊ အလင္းတိုင္မ်ားကို ေမြးနံေထာင့္ ဘုရားမွာ ကပ္လႉဆုေတာင္းပါ။
(၄) ႂကြင္း ခဲ့ပါက ကိုယ္လတ္အဂၤါ ခ်ိဳ႕ယြင္းသူကို ဒါနျပဳပါ။ ႏြားမ်ားကို အစာေကြၽးပါ။
ႏို႔ထမင္း၊ ေရ၊ ယပ္ေတာင္၊ အလင္းတိုင္မ်ားကို မိမိေမြးနံေထာင့္ ဘုရားမွာ ကပ္လႉ ဆုေတာင္းပါ။
(၅) ႂကြင္း ခဲ့ပါက မိမိ မိတ္ေဆြ၏ ကံ မ ေကာင္းေသာ အိမ္တြင္းေရး ရင္ဖြင့္သံမ်ားကို
နားေထာင္ေပးလိုက္ပါ။ မိမိအိမ္တြင္းကို သန႔္ရွင္းေရး လုပ္ပါ။ အုန္းဆြမ္း၊ ေရ၊ ယပ္ေတာင္၊ အလင္းတိုင္မ်ားကို
မိမိေမြးနံေထာင့္ ဘုရားမွာ ကပ္လႉ ဆုေတာင္းပါ။
(၆) ႂကြင္းခဲ့ပါက မိမိ၏ ႀကီးေဒၚႀကီးအား ေငြေၾကး ၆၀၀ က်ပ္ ဒါနျပဳပါ။ ေခြးမ်ားကို အစာေကြၽးပါ။
ႀကံသကာဆြမ္း၊ ေရ၊ ယပ္ေတာင္၊ အလင္းတိုင္ မ်ားကို မိမိေမြးနံေထာင့္ ဘုရားမွာ ကပ္လႉဆုေတာင္းပါ။
(ဝ) ႂကြင္း ခဲ့ပါက စိတ္ မက်န္းမာသူကို ဒါန ျပဳပါ။ ဆရာသမား တစ္ဦးဦးကို ထီး လက္ေဆာင္ေပးလိုက္ပါ။
ဆီထမင္း၊ ေရ၊ ယပ္ေတာင္၊ အလင္းတိုင္မ်ားကို မိမိ ေမြးနံေထာင့္ ဘုရားမွာ ကပ္လႉ ဆုေတာင္းပါ။
ထိုယၾတာ ေခ်ေပးျခင္းျဖင့္ မိမိမွာ က်ေရာက္မည့္ ၿဂိဳဟ္ဆိုး ၿဂိဳဟ္ညံ့ မ်ားႏွင့္ ေဘးဒုကၡ အေပါင္းတို႔မွ ကင္းလြတ္ၾကပါေစ။
စိတ္၏ ခ်မ္းသာျခင္း ကိုယ္၏ က်န္းမာျခင္းႏွင့္ ျပည့္စုံၾကပါေစေသာ္…။
မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေဝျခင္း ျဖစ္ပါသည္။
crd