ပန်းရံဆရာတွေ ဘယ်လောက်ပြင်ပြင် ပြုံးပြုံးကြီးပဲ ပြန်ဖြစ်သွားတဲ့ မကွေးမြသလွန်မှ ဘီလူးရုပ်ကြီး

Knowledge

ပန်းရံဆရာတွေ အကြိမ်ကြိမ်ပြုပြင်သော်လည်း ရီနေတဲ့ပုံသာဖြစ်နေတဲ့ မကွေးမြသလွန်ဘုရားမှ ဘီလူး၏ သမိုင်းကြောင်း…

မကွေးမြသလွန် ဘီလူး ရီနေတဲ့ပုံရဲ့ သမိုင်းကြောင်း ကတော့ ဒီလိုတော့သိတယ် ဘီလူး က ၆ ကောင်ပါ။

ဘီလူးမနှစ်ကောင် ကိုချန်လှပ်ထားတယ်သမိုင်း မှာ ဘောသော ဘောကျော် ဘောသူရာ ဘောရသ ဘီးလူး လေးကောင်တို့သည် ဘုရားထံမှရတဲ့ မြသပိတ် နဲ့ မြသလွန် ဘုရား ဗျာဒိတ်ပေးတဲ့နေရာမှမတည်ပဲ ဘုရားပြိုအရပ်မှာတည်တာကို သိကြားမင်းသိတော့ဝရဇိန်လက်နက်နဲ့ဖြိုခွင်းပြီး မြသလွန် နဲ့ မြသိပိတ် ကိုယူကာ ဘုရား သုံးဆူတောင်မှ ရသေ့ညီနောင်သုံးပါးထံအပ်တယ် .

ဘီလူး ဘောကျော် လူဝင်စားဖြစ်မှဘုရား တည်ခွင့်ပေးဖို့ မှာကြာလေတယ်။ဘီလူး ဘဝမှ စုတေကြပြီး ဘောကျော်လူဝင်စားဖြစ်လာတဲ့အချိန် မဂ္ဂရမြို့(မြစ်ကွေးမြို့ နောက်ကြာလာတော့ မကွေးမြို့ဖြစ်) မှာကုန်သည်အဖြစ်နဲ့ရောက်ရှိပြီး မကွေး မြို့ သူဌေးကြီးဦးဘောဂရဲ့သမီး ပုဏ္ဏဝတီ မင်းသမီးလေးနဲ့ လက်ထပ် ယူပြီး ရှေးထုံးကံ ပါရမီကြောင့် ရသေ့ညီနောင်သုံးပါးထံ ရောက်ရှိသွားတယ်..

ရသေ့ညီနောင် သုံးပါးကလဲဒိဗ္ဗစက္ကုဉာဏ်နှင့် ကြည့်ရှုတဲ့အခါ ဘီလူးဘော်ကျော် လူဝင်စားမှန်းသိလေသည်။

သိကြားမင်းမှာကြားခဲ့တဲ့အတိုင်း ဘောကျော်လူဝင်စားကို မြသလွန်နဲ့မြသပိတ် ပြန်လည်ပေးအပ်လိုက်ပြီး နာဂုတ္တမ တောင်ပေါ်မှာ ကျောက်ဖြာသုံးချပ်အုပ်၍ ဌာပနာပြီး ဘုရားပြန်တည်ခွင့်ပေးလိုက်သည်။

ဘုရား တည်နေစဉ်အချိန်အတွင်းမှာ ဘဝဟောင်းက ဆွေတော်မျိုးတော်ဘီလူးအပေါင်းတို့ ဝိုင်းဝန်းပြီးတည်ပေးကြတယ်။

ထိုအခါမှာ ဘောကျော်ဟာ လွန်စွာမှသဒ္ဒါကြည်နူး ပီတိထောပနာဖြစ်ပြီးသောတပန်တည်သွားခဲ့တယ်။

သောတပန်ပြီးနောက် ၇ ဘဝ မြောက်ရင်အမှန်ဧကန် နိဗ္ဗာန် စံဝင်ရမယ်ဆိုတာကိုသိရှိသွားပြီး ဝမ်းသာလွန်းတဲ့စိတ်ကြောင့် ပြုံးရယ်မိခဲ့တယ်။

ထိုသို့ပြုံးရယ်ခြင်းသည် မြသလွန် စေတီတော်ကြီး ၏ အလယ်ဖောင်းရစ်နေရာ၌ ဘီလူးခေါင်း ၂၁ ခေါင်း ထည့်သွင်း ထုလုပ်စေခဲ့သည့်အခါ သောကြာနဲ့ တနင်္ဂနွေ ထောင့်ကြားမှာရှိတဲ့ ဘီလူးခေါင်းဟာ ဘောကျော် ပြုံးရယ်နေတဲ့ပုံစံအတိုင်း ဖြစ်ပေါ်ခဲ့ရတယ်။

ပန်းရံဆရာ တွေ အကြိမ်ကြိမ်ပြုပြင်ခဲ့သော်လည်း ဘယ်လိုမှပြင်၍မရ ပြုံးရယ်တဲ့ပုံသာ ပြန်ဖြစ်ခဲ့တယ်။ထို့ကြောင့် နိဗ္ဗာန် ဝင်ရမယ့် ဘီလူး ပြုံးရယ်နေပုံဖြစ်သည်။

Credit

Zawgyi

ပန္းရံဆရာေတြ အႀကိမ္ႀကိမ္ျပဳျပင္ေသာ္လည္း ရီေနတဲ့ပုံသာျဖစ္ေနတဲ့ မေကြးျမသလြန္ဘုရားမွ ဘီလူး၏ သမိုင္းေၾကာင္း…

မေကြးျမသလြန္ ဘီလူး ရီေနတဲ့ပုံရဲ႕ သမိုင္းေၾကာင္း ကေတာ့ ဒီလိုေတာ့သိတယ္ ဘီလူး က ၆ ေကာင္ပါ။

ဘီလူးမႏွစ္ေကာင္ ကိုခ်န္လွပ္ထားတယ္သမိုင္း မွာ ေဘာေသာ ေဘာေက်ာ္ ေဘာသူရာ ေဘာရသ ဘီးလူး ေလးေကာင္တို႔သည္ ဘုရားထံမွရတဲ့ ျမသပိတ္ နဲ႔ ျမသလြန္ ဘုရား ဗ်ာဒိတ္ေပးတဲ့ေနရာမွမတည္ပဲ ဘုရားၿပိဳအရပ္မွာတည္တာကို သိၾကားမင္းသိေတာ့ဝရဇိန္လက္နက္နဲ႔ၿဖိဳခြင္းၿပီး ျမသလြန္ နဲ႔ ျမသိပိတ္ ကိုယူကာ ဘုရား သုံးဆူေတာင္မွ ရေသ့ညီေနာင္သုံးပါးထံအပ္တယ္ .

ဘီလူး ေဘာေက်ာ္ လူဝင္စားျဖစ္မွဘုရား တည္ခြင့္ေပးဖို႔ မွာၾကာေလတယ္။ဘီလူး ဘဝမွ စုေတၾကၿပီး ေဘာေက်ာ္လူဝင္စားျဖစ္လာတဲ့အခ်ိန္ မဂၢရၿမိဳ႕(ျမစ္ေကြးၿမိဳ႕ ေနာက္ၾကာလာေတာ့ မေကြးၿမိဳ႕ျဖစ္) မွာကုန္သည္အျဖစ္နဲ႔ေရာက္ရွိၿပီး မေကြး ၿမိဳ႕ သူေဌးႀကီးဦးေဘာဂရဲ႕သမီး ပုဏၰဝတီ မင္းသမီးေလးနဲ႔ လက္ထပ္ ယူၿပီး ေရွးထုံးကံ ပါရမီေၾကာင့္ ရေသ့ညီေနာင္သုံးပါးထံ ေရာက္ရွိသြားတယ္..

ရေသ့ညီေနာင္ သုံးပါးကလဲဒိဗၺစကၠဳဉာဏ္ႏွင့္ ၾကည့္ရႈတဲ့အခါ ဘီလူးေဘာ္ေက်ာ္ လူဝင္စားမွန္းသိေလသည္။

သိၾကားမင္းမွာၾကားခဲ့တဲ့အတိုင္း ေဘာေက်ာ္လူဝင္စားကို ျမသလြန္နဲ႔ျမသပိတ္ ျပန္လည္ေပးအပ္လိုက္ၿပီး နာဂုတၱမ ေတာင္ေပၚမွာ ေက်ာက္ျဖာသုံးခ်ပ္အုပ္၍ ဌာပနာၿပီး ဘုရားျပန္တည္ခြင့္ေပးလိုက္သည္။

ဘုရား တည္ေနစဥ္အခ်ိန္အတြင္းမွာ ဘဝေဟာင္းက ေဆြေတာ္မ်ိဳးေတာ္ဘီလူးအေပါင္းတို႔ ဝိုင္းဝန္းၿပီးတည္ေပးၾကတယ္။

ထိုအခါမွာ ေဘာေက်ာ္ဟာ လြန္စြာမွသဒၵါၾကည္ႏူး ပီတိေထာပနာျဖစ္ၿပီးေသာတပန္တည္သြားခဲ့တယ္။

ေသာတပန္ၿပီးေနာက္ ၇ ဘဝ ေျမာက္ရင္အမွန္ဧကန္ နိဗၺာန္ စံဝင္ရမယ္ဆိုတာကိုသိရွိသြားၿပီး ဝမ္းသာလြန္းတဲ့စိတ္ေၾကာင့္ ၿပဳံးရယ္မိခဲ့တယ္။

ထိုသို႔ၿပဳံးရယ္ျခင္းသည္ ျမသလြန္ ေစတီေတာ္ႀကီး ၏ အလယ္ေဖာင္းရစ္ေနရာ၌ ဘီလူးေခါင္း ၂၁ ေခါင္း ထည့္သြင္း ထုလုပ္ေစခဲ့သည့္အခါ ေသာၾကာနဲ႔ တနဂၤေႏြ ေထာင့္ၾကားမွာရွိတဲ့ ဘီလူးေခါင္းဟာ ေဘာေက်ာ္ ၿပဳံးရယ္ေနတဲ့ပုံစံအတိုင္း ျဖစ္ေပၚခဲ့ရတယ္။

ပန္းရံဆရာ ေတြ အႀကိမ္ႀကိမ္ျပဳျပင္ခဲ့ေသာ္လည္း ဘယ္လိုမွျပင္၍မရ ၿပဳံးရယ္တဲ့ပုံသာ ျပန္ျဖစ္ခဲ့တယ္။ထို႔ေၾကာင့္ နိဗၺာန္ ဝင္ရမယ့္ ဘီလူး ၿပဳံးရယ္ေနပုံျဖစ္သည္။

Credit

Leave a Reply

Your email address will not be published.