စစ်ကိုင်းချောင်က စတယ်ဆိုတဲ့ မြန်မာသီလရှင်သာသနာသမိုင်း အကြောင်း ဗဟုသုတအပြည့်အစုံ

Knowledge

သီလရှင်ကို သီတင်းသုံး၊ သီတင်းသည် စသဖြင့် အမျိုးမျိုး ခေါ်ခဲ့ပြီး မြိတ်ထားဝယ်ဘက်မှာတော့ မိရှင်လို့ ခေါ်ကြောင်း အညာသူများပင်လယ်သွား စာအုပ်မှာ လူထုဒေါ်အမာက ရေးသားပါတယ်။မြန်မာနိုင်ငံမှာ သီလရှင်လို့ ခေါ်တဲ့ အမျိုးသမီး သာသနာ့ ဝန်ထမ်း တွေကို ပန်းရောင်ကိုယ်ရုံတွေနဲ့ တွဲပြီး လူသိများပါတယ်။ သီလရှင်တွေဟာ သံဃာဦးရေရဲ့ ၁ဝ ပုံ တပုံခန့်ရှိပြီး ခြောက်သောင်းခန့် ရှိတယ်လို့လည်း စာရင်းဇယားတွေအရ သိရပါတယ်။၁၉၆၁ က သီလရှင် တသောင်းမပြည့်ခဲ့ရာက အနှစ် ၅ဝ ကျော်မှာ သောင်းချီတိုးတက်လာတာ ဖြစ်ပါတယ်။ ဒီသီလရှင်တွေ သာသနာသမိုင်းတလျှောက်လုံး မြန်မာပြည်မှာ ပေါ်ထွန်းခဲ့သလား ဆိုတာကတော့ သေချာ မသိရပါဘူး။

ဆရာတော် ရဝေထွန်းရဲ့ ဘိက္ခုသာသနာနှင့် သီလရှင်သမိုင်း စာအုပ်အရ မင်းတုန်းမင်းခေတ်မှာ နန်းတွင်းက သမီးတော်တွေကို စာချပေးတဲ့ သီလရှင် ဆရာကြီး မယ်ကင်းနဲ့ မယ်နတ်ပေးတို့ အထင်အရှား ရှိနေပြီ ဖြစ်ပါတယ်။မယ်ကင်းဟာ ဝိနည်းမှာ ထင်ရှားတဲ့ ရှမ်းကလေးကျွန်း ဆရာတော်ရဲ့ နှမဖြစ်ပြီး ဗန်းမော်ဆရာတော်ကြီးနဲ့ စာချိုးဘက် ဆိုပြီး စာပေမှာ လူသိများပါတယ်။မယ်ကင်းကို ထွဋ်ခေါင်ဆရာတော်က သီလရှင်တွေကို သီလရှင်ပြုပေးပြီး သီလရှင်အစ ထွဋ်ခေါင်က လို့ ဆိုရိုးရှိခဲ့ပေမယ့် အဲဒီမတိုင်ခင်ကတည်းက သီလရှင်အကြောင်း အထောက်အထားတွေ တွေ့ရတယ်လို့လည်း သမိုင်းသုတေသီ ဆရာတော် ရွှေကိုင်းသားက ရေးသားပါတယ်။

သီတင်းသုံးယောက်ျားမိန်းမတွေကို အင်းဝဘုရင်တွေက လှူလေ့ရှိတယ်လို့လည်း လောကဗျူဟာအင်ရုံစာတမ်းမှာ ဖော်ပြပါတယ်။ ဒီစာတမ်းဟာ အင်းဝနန်းတွင်းဆောင်တာတွေကို ကုန်းဘောင်မင်းတွေကို ရှင်းပြတဲ့ ကျမ်းပါ။၁၇၈၆ ခုရေး မောင်းထောင်သာသနာပိုင်ဆရာတော်ရဲ့ အမေးတော်ပုံအဖြေကျမ်း မှာတော့ တောင်လေးလုံး ဆရာတော်ရဲ့နှမနဲ့ သီတင်းသုံးတစုဟာ အဝတ်နီသစ်ခေါက်ကို ဆိုးပြီး ဝတ်တယ်လို့ ဆိုပါတယ်။ကမ္ဘောဒီးယားနဲ့ ထိုင်းမှာလိုပဲ ကိုယ်ရုံဖြူနဲ့ သီလရှင်တွေလည်း မြန်မာပြည်မှာ ရှိခဲ့ပါတယ်။

သီလရှင်ကို သီတင်းသုံး၊ သီတင်းသည် စသဖြင့် အမျိုးမျိုး ခေါ်ခဲ့ပြီး မြိတ်ထားဝယ်ဘက်မှာတော့ မိရှင်လို့ ခေါ်ကြောင်း အညာသူများပင်လယ်သွား စာအုပ်မှာ လူထုဒေါ်အမာက ရေးသားပါတယ်။ရခိုင်မှာတော့ သူတော်မ ခေါ်တယ် ဆိုပါတယ်။ သီတင်းသည် ယောက်ျားတွေကို ဖိုးသူတော်နဲ့ အမျိုးသမီးတွေကို ဖွားသီလရှင်ခေါ်တဲ့အလေ့လည်း ရှိပါတယ်။ အဲဒီခေတ်က သီလရှင်တွေဟာ ဘုန်းကြီးတွေလိုပဲ ဆွမ်းခံတတ်ကြပြီး ကိုရင်တွေနောက်ကနေ ဆွမ်းအုပ်နဲ့ ဆွမ်းခံတာလို့လည်း သိရပါတယ်။မယ်ကင်းတပည့်တွေထဲက မင်းတုန်းမင်းရဲ့ သမီးတော်တွေထဲက ပင်တိုင်စံ စလင်းစုဘုရားဟာ သီပေါမင်း နန်းတက်ပြီးနောက် သီလရှင်ဘဝ ကူးပြောင်းသွားပါတယ်။

နောက် သီပေါမင်းရဲ့ မိဘုရားခေါင်ကြီးတပါး ဖြစ်တဲ့ စုဘုရားကြီးဟာလည်း အိန္ဒိယက ပြန်လာပြီးနောက် မင်းကွန်းမှာ သီလရှင်ဝတ်နဲ့ အရိုးထုတ်သွားပါတယ်။ သီပေါမင်းမယ်တော် လောင်းရှည်မိဘုရားက သီလရှင် ဝတ်ခွင့်တောင်းပေမယ့် မင်းတုန်းမင်းက ခွင့်မပေးဘူးလို့လည်း ဆိုပါတယ်။မင်းတုန်းမင်း နတ်ရွာစံပြီးနောက် ကျန်ရစ်တဲ့ စိန်တုံးမိဘုရားကိုတော့ အသက်ဘေးကလွတ်အောင် သင်္ဂဇာဆရာတော်က မော်လမြိုင်ခေါ်သွားခဲ့ပါတယ်။ အဲဒီမှာ ကျောင်းကြီးဆောက်လှူပြီး သီလရှင်ဘဝနဲ့ နေသွားခဲ့တာပါ။နောက် မင်းတုန်းမင်း သမီးတော်တပါးဖြစ်တဲ့ မြောင်လှမင်းသမီးလည်း မင်းကွန်းမှာ သီလရှင်ဘဝနဲ့ ကွယ်လွန်သွားပြီး မင်းသမီးချောင်လို့ ခုတိုင် ကျန်ရစ်ပါတယ်။

စစ်ကိုင်း မင်းကွန်းတောင်ရိုးတွေမှာ အစောဆုံး ပေါ်တဲ့ သီလရှင်ချောင်တွေက ဂူတလုံး၊ ဂူကလေး၊ သစ်ဆိမ့်၊ ဂူနီ စတဲ့ချောင်တွေပါ။ သီလရှင်နေတဲ့ အဆောက်အအုံတွေကို ဇရပ်လို့ ခေါ်လေ့ရှိပါတယ်။ပါတော်မူခါစက သီလရှင်ဝတ်တဲ့ အမျိုးသမီးတွေအတွက် မိဘဆီက ခွင့်ပြုချက် ရဖို့ ခက်လို့ အိမ်ကထွက်ပြေးပြီး ဝတ်ရတဲ့အကြောင်းကို သီလရှင်ဆရာကြီးတွေရဲ့ ဘဝမှတ်တမ်းတွေမှာ ဖော်ပြပါတယ်။သားယောက်ျားတွေ သာသနာ့ဘောင်ဝင်တာကို အားပေးတတ်ပေမယ့် သီလရှင် ရာသက်ပန်ဝတ်တာကို မကြည်ဖြူတဲ့အကြောင်း ဝတ္ထုတွေကိုလည်း ဂျာနယ်ကျော်မမလေး၊ မိုးမိုးအင်းလျားစတဲ့ မြန်မာစာရေးဆရာမတွေက လွတ်လပ်ရေးရပြီးနောက် ရေးသားခဲ့ကြပါတယ်။

ဒီလို သီလရှင်အဖြစ်နဲ့ ရဟန်းတော်တွေကို စာပေပို့ချခဲ့တဲ့ ဆရာကြီးတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ဒီထဲမှာ တိပိဋကဓရ မင်းကွန်းဆရာတော်ကြီးက သာသနာ့မိခင်ကြီးလို့ သတ်မှတ်ခေါ်ဆိုခဲ့တဲ့ အိမ်ကြီးချောင်ဆရာကြီး ဒေါ်ဓမ္မစာရီဟာ ထင်ရှားပါတယ်။ သစ္စဝါဒီဋီကာ ကျမ်းပြု ဒေါ်ဓမ္မစာရီဟာ ဆရာတော်လောင်းလျာကို ငယ်စဉ်ကတည်းက ပြုစုစောင့်ရှောက်လာပြီး သွန်သင်ဆုံးမလာခဲ့တာပါ။ဒါကြောင့် နာမည်ကြီး ဆရာတော်တွေသာ ဟောပြောခွင့်ရတဲ့ မလွန်ဆန်လှူအသင်း တရားပွဲမျိုးမှာ ဓမ္မကထိက အဖြစ် ဒေါ်ဓမ္မစာရီ ဟောခွင့်ရခဲ့ပါတယ်။ အဲဒီခေတ်က ဆရာတော်ကြီးတွေ အချင်းချင်းတောင် မယ်ဓမ္မစာရီဆီ စာဝါလိုက်ဖူးပြီလားလို့ မေးတတ်ကြကြောင်း သိရပါတယ်။

ရန်ကုန် ဒေါ်ဉာဏစာရီစာသင်တိုက်က ဆရာကြီး ဒေါ်ဉာဏစာရီလည်း အမျိုးသမီးငယ်လေးတွေကို တရားပြဆုံးမရာမှာ ထင်ရှားခဲ့ပါတယ်။ဒါကြောင့် အရင်က အိမ်က မကြည်ဖြူဘဲ သီလရှင်ဝတ်တဲ့ခေတ်ကနေ သားရှင်ပြု အလှူတွေမှာ သမီးသီလရှင်ဝတ်တာတွေလည်း ၂ဝ ရာစု နောက်ပိုင်းမှာ တွေ့လာရပါတယ်။ ဒါပေမဲ့ သီလရှင်တွေကို လှူဒါန်းရာမှာတော့ ရဟန်းတော်များနဲ့မတူဘဲ လျှော့ပေါ့လှူတာတွေက ရှိနေဆဲ ဖြစ်ပါတယ်။ဒါကြောင့် ဆွမ်းကွမ်းရှားပါးတဲ့ အညာက သီလရှင်တွေကို ဒို့ဆီ လိုက်ခဲ့ဆိုပြီး မြိတ်က သီလရှင်ဆရာကြီးတပါးက ခေါ်ကြောင်း လူထုဒေါ်အမာက ရေးသားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ မိဘမဲ့ မိန်းကလေးတွေကို ကြည့်ရှုစောင့်ရှောက်ရတဲ့ အလုပ်ကိုလည်း ဆရာကြီးတွေ တာဝန်ယူလာရပါတယ်။ မန္တလေး အေးရိပ်မွန် စာသင်တိုက်က မိဘမဲ့မိန်းကလေးတွေအကြောင်း ရိုက်ကူးတဲ့ ကြည်ပြာ ဇာတ်ကားဟာ ထင်ရှားပါတယ်။စစ်ဘေးစစ်ရှောင်နဲ့ အကြောင်းအမျိုးမျိုးကြောင့် မိဘမဲ့ဖြစ်ရတဲ့ ကလေးတွေအတွက် အစိုးရက အပြည့်တာဝန်မယူနိုင်တဲ့အတွက် သာသနာဘက်က တာဝန်ယူတဲ့ ကျောင်းတွေ ပေါ်လာတာ ဖြစ်ပါတယ်။အစဉ်အလာအရ မြန်မာသီလရှင်တွေကို လောကီကိစ္စတွေနဲ့ မပတ်သက်ဘဲ အေးဆေးတည်ငြိမ်တယ်လို့ ပြည်ပ ပညာရှင်တွေက ယူဆခဲ့ကြပေမယ့် နိုင်ငံရေး လှုပ်ရှားမှုတွေမှာ သီလရှင်တွေ ပတ်သက်မှုတွေ ရှိခဲ့ပါတယ်။၂ဝဝ၇ ရွှေဝါရောင် လှုပ်ရှားမှုမှာ သံဃာတော်တွေနဲ့အတူ သီလရှင်တွေလည်း ပါဝင်ဆန္ဒပြလို့ ထိန်းသိမ်းခံရတာတွေ ရှိခဲ့ပါတယ်။ နောက် မဘသ လှုပ်ရှားမှုမှာလည်း မျိုးစောင့်ဥပဒေတွေ ပြဋ္ဌာန်းဖို့ တောင်းဆိုတဲ့အထဲမှာ သီလရှင်တွေ ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးခရီးမှာ စောင့်ကြိုနှုတ်ဆက်တဲ့ သီလရှင်တွေ ရှိသလို သူ အကျဉ်းကလွတ်ပြီးနောက် ဆွမ်းလောင်းပွဲမှာလည်း သီလရှင်တွေ ကြွရောက် အလှူခံခဲ့ကြပါတယ်။အိန္ဒိယမှာ အာသောကမင်းလက်ထက် တတိယသင်္ဂါယနာတင်ပြီးနောက် ကိုးတိုင်းကိုးဌာနသာသနာပြုလွှတ်ရာမှာ မြန်မာနိုင်ငံဖြစ်လာမယ့် သုနာပန္တရတိုင်းမှာ ရဟန်းမိန်းမ ခြောက်သောင်း ပေါ်ထွန်းတယ် ဆိုပေမယ့် ဘိက္ခုနီသာသနာ အနှစ်တထောင်လောက်ပဲ တည်မြဲတယ်လို့ ယူဆခဲ့ကြပါတယ်။နောက် အနော်ရထာမင်းလက်ထက် သထုံက ပိဋကတ်နဲ့ သံဃာတော်တွေ ပင့်ဆောင်ရာမှာလည်း ရဟန်းမ ပါမလာဘူးလို့ ဆိုကြပေမယ့် ပုဂံမှာ ဘိက္ခုနီတွေ ပေါ်ထွန်းခဲ့တယ်လို့ ကျောက်စာအထောက်အထားတွေက ပြခဲ့တယ်လို့ သမိုင်းပညာရှင်တချို့က ရေးပါတယ်။ဖုန်းမြတ်သော ဘွဲ့မည်နဲ့ ဒီအမျိုးသမီးသာသနာ့ဝန်ထမ်းတွေဟာ သီလရှင်လိုမျိုးသာ ဖြစ်နိုင်တယ်လို့ ဆရာတော် ရဝေထွန်းက ထောက်ပြပါတယ်။

လွတ်လပ်ရေး မရခင်က အရှင်အာဒိစ္စဝံသကို ဘိက္ခုနီ သာသနာပြန်ထူထောင်ဖို့ ကြိုးစားသူအဖြစ် လူသိများခဲ့ပေမယ့် စစ်ပြီးခေတ်မှာ ဇေတဝန်ဆရာတော်က ဘိက္ခုနီ ပြန်ပေါ်သင့်ကြောင်း ကျမ်းပြုခဲ့တာကို လူသိနည်းပါတယ်။၁၉၇ဝ ကျော်မှာတော့ တရားပြ မြန်မာ အမျိုးသမီးတယောက်က ဘိက္ခုနီ ပြုခွင့် တောင်းတဲ့စာကို အစိုးရနဲ့ ဆရာတော် အပါး ၂ဝ ဆီကို ပို့ခဲ့တယ်လို့ ဂျာမန်ပညာရှင် ဒေါက်တာလိုတာမိုဆာက ရေးပါတယ်။ ခုချိန်မှာ ရဟန်းမ ပြုတဲ့ မြန်မာအမျိုးသမီးတွေ ပြည်ပမှာ အနည်းအပါးရှိနေပြီ ဖြစ်ပေမယ့် ပြည်တွင်းမှာတော့ ခွင့်မပြုသေးပါဘူး။ဒါပေမဲ့လည်း မြန်မာပြည်ရဲ့ သာသနာပုံရိပ်အဖြစ် သီလရှင်တွေကို ရဟန်းတော်တွေ၊ စေတီပုထိုးနဲ့ ကျောင်းကန်ဇရပ်တွေနဲ့ ဆက်ပြီး တွဲသိနေကြမှာ ဖြစ်ပါတယ်။ဘိုဘို (BBC)

Credit

Zawgyi

သီလရွင္ကို သီတင္းသုံး၊ သီတင္းသည္ စသျဖင့္ အမ်ိဳးမ်ိဳး ေခၚခဲ့ၿပီး ၿမိတ္ထားဝယ္ဘက္မွာေတာ့ မိရွင္လို႔ ေခၚေၾကာင္း အညာသူမ်ားပင္လယ္သြား စာအုပ္မွာ လူထုေဒၚအမာက ေရးသားပါတယ္။ျမန္မာႏိုင္ငံမွာ သီလရွင္လို႔ ေခၚတဲ့ အမ်ိဳးသမီး သာသနာ့ ဝန္ထမ္း ေတြကို ပန္းေရာင္ကိုယ္႐ုံေတြနဲ႔ တြဲၿပီး လူသိမ်ားပါတယ္။ သီလရွင္ေတြဟာ သံဃာဦးေရရဲ႕ ၁ဝ ပုံ တပုံခန႔္ရွိၿပီး ေျခာက္ေသာင္းခန႔္ ရွိတယ္လို႔လည္း စာရင္းဇယားေတြအရ သိရပါတယ္။၁၉၆၁ က သီလရွင္ တေသာင္းမျပည့္ခဲ့ရာက အႏွစ္ ၅ဝ ေက်ာ္မွာ ေသာင္းခ်ီတိုးတက္လာတာ ျဖစ္ပါတယ္။ ဒီသီလရွင္ေတြ သာသနာသမိုင္းတေလွ်ာက္လုံး ျမန္မာျပည္မွာ ေပၚထြန္းခဲ့သလား ဆိုတာကေတာ့ ေသခ်ာ မသိရပါဘူး။

ဆရာေတာ္ ရေဝထြန္းရဲ႕ ဘိကၡဳသာသနာႏွင့္ သီလရွင္သမိုင္း စာအုပ္အရ မင္းတုန္းမင္းေခတ္မွာ နန္းတြင္းက သမီးေတာ္ေတြကို စာခ်ေပးတဲ့ သီလရွင္ ဆရာႀကီး မယ္ကင္းနဲ႔ မယ္နတ္ေပးတို႔ အထင္အရွား ရွိေနၿပီ ျဖစ္ပါတယ္။မယ္ကင္းဟာ ဝိနည္းမွာ ထင္ရွားတဲ့ ရွမ္းကေလးကြၽန္း ဆရာေတာ္ရဲ႕ ႏွမျဖစ္ၿပီး ဗန္းေမာ္ဆရာေတာ္ႀကီးနဲ႔ စာခ်ိဳးဘက္ ဆိုၿပီး စာေပမွာ လူသိမ်ားပါတယ္။မယ္ကင္းကို ထြဋ္ေခါင္ဆရာေတာ္က သီလရွင္ေတြကို သီလရွင္ျပဳေပးၿပီး သီလရွင္အစ ထြဋ္ေခါင္က လို႔ ဆို႐ိုးရွိခဲ့ေပမယ့္ အဲဒီမတိုင္ခင္ကတည္းက သီလရွင္အေၾကာင္း အေထာက္အထားေတြ ေတြ႕ရတယ္လို႔လည္း သမိုင္းသုေတသီ ဆရာေတာ္ ေ႐ႊကိုင္းသားက ေရးသားပါတယ္။

သီတင္းသုံးေယာက္်ားမိန္းမေတြကို အင္းဝဘုရင္ေတြက လႉေလ့ရွိတယ္လို႔လည္း ေလာကဗ်ဴဟာအင္႐ုံစာတမ္းမွာ ေဖာ္ျပပါတယ္။ ဒီစာတမ္းဟာ အင္းဝနန္းတြင္းေဆာင္တာေတြကို ကုန္းေဘာင္မင္းေတြကို ရွင္းျပတဲ့ က်မ္းပါ။၁၇၈၆ ခုေရး ေမာင္းေထာင္သာသနာပိုင္ဆရာေတာ္ရဲ႕ အေမးေတာ္ပုံအေျဖက်မ္း မွာေတာ့ ေတာင္ေလးလုံး ဆရာေတာ္ရဲ႕ႏွမနဲ႔ သီတင္းသုံးတစုဟာ အဝတ္နီသစ္ေခါက္ကို ဆိုးၿပီး ဝတ္တယ္လို႔ ဆိုပါတယ္။ကေမာၻဒီးယားနဲ႔ ထိုင္းမွာလိုပဲ ကိုယ္႐ုံျဖဴနဲ႔ သီလရွင္ေတြလည္း ျမန္မာျပည္မွာ ရွိခဲ့ပါတယ္။

သီလရွင္ကို သီတင္းသုံး၊ သီတင္းသည္ စသျဖင့္ အမ်ိဳးမ်ိဳး ေခၚခဲ့ၿပီး ၿမိတ္ထားဝယ္ဘက္မွာေတာ့ မိရွင္လို႔ ေခၚေၾကာင္း အညာသူမ်ားပင္လယ္သြား စာအုပ္မွာ လူထုေဒၚအမာက ေရးသားပါတယ္။ရခိုင္မွာေတာ့ သူေတာ္မ ေခၚတယ္ ဆိုပါတယ္။ သီတင္းသည္ ေယာက္်ားေတြကို ဖိုးသူေတာ္နဲ႔ အမ်ိဳးသမီးေတြကို ဖြားသီလရွင္ေခၚတဲ့အေလ့လည္း ရွိပါတယ္။ အဲဒီေခတ္က သီလရွင္ေတြဟာ ဘုန္းႀကီးေတြလိုပဲ ဆြမ္းခံတတ္ၾကၿပီး ကိုရင္ေတြေနာက္ကေန ဆြမ္းအုပ္နဲ႔ ဆြမ္းခံတာလို႔လည္း သိရပါတယ္။မယ္ကင္းတပည့္ေတြထဲက မင္းတုန္းမင္းရဲ႕ သမီးေတာ္ေတြထဲက ပင္တိုင္စံ စလင္းစုဘုရားဟာ သီေပါမင္း နန္းတက္ၿပီးေနာက္ သီလရွင္ဘဝ ကူးေျပာင္းသြားပါတယ္။

ေနာက္ သီေပါမင္းရဲ႕ မိဘုရားေခါင္ႀကီးတပါး ျဖစ္တဲ့ စုဘုရားႀကီးဟာလည္း အိႏၵိယက ျပန္လာၿပီးေနာက္ မင္းကြန္းမွာ သီလရွင္ဝတ္နဲ႔ အ႐ိုးထုတ္သြားပါတယ္။ သီေပါမင္းမယ္ေတာ္ ေလာင္းရွည္မိဘုရားက သီလရွင္ ဝတ္ခြင့္ေတာင္းေပမယ့္ မင္းတုန္းမင္းက ခြင့္မေပးဘူးလို႔လည္း ဆိုပါတယ္။မင္းတုန္းမင္း နတ္႐ြာစံၿပီးေနာက္ က်န္ရစ္တဲ့ စိန္တုံးမိဘုရားကိုေတာ့ အသက္ေဘးကလြတ္ေအာင္ သဂၤဇာဆရာေတာ္က ေမာ္လၿမိဳင္ေခၚသြားခဲ့ပါတယ္။ အဲဒီမွာ ေက်ာင္းႀကီးေဆာက္လႉၿပီး သီလရွင္ဘဝနဲ႔ ေနသြားခဲ့တာပါ။ေနာက္ မင္းတုန္းမင္း သမီးေတာ္တပါးျဖစ္တဲ့ ေျမာင္လွမင္းသမီးလည္း မင္းကြန္းမွာ သီလရွင္ဘဝနဲ႔ ကြယ္လြန္သြားၿပီး မင္းသမီးေခ်ာင္လို႔ ခုတိုင္ က်န္ရစ္ပါတယ္။

စစ္ကိုင္း မင္းကြန္းေတာင္႐ိုးေတြမွာ အေစာဆုံး ေပၚတဲ့ သီလရွင္ေခ်ာင္ေတြက ဂူတလုံး၊ ဂူကေလး၊ သစ္ဆိမ့္၊ ဂူနီ စတဲ့ေခ်ာင္ေတြပါ။ သီလရွင္ေနတဲ့ အေဆာက္အအုံေတြကို ဇရပ္လို႔ ေခၚေလ့ရွိပါတယ္။ပါေတာ္မူခါစက သီလရွင္ဝတ္တဲ့ အမ်ိဳးသမီးေတြအတြက္ မိဘဆီက ခြင့္ျပဳခ်က္ ရဖို႔ ခက္လို႔ အိမ္ကထြက္ေျပးၿပီး ဝတ္ရတဲ့အေၾကာင္းကို သီလရွင္ဆရာႀကီးေတြရဲ႕ ဘဝမွတ္တမ္းေတြမွာ ေဖာ္ျပပါတယ္။သားေယာက္်ားေတြ သာသနာ့ေဘာင္ဝင္တာကို အားေပးတတ္ေပမယ့္ သီလရွင္ ရာသက္ပန္ဝတ္တာကို မၾကည္ျဖဴတဲ့အေၾကာင္း ဝတၳဳေတြကိုလည္း ဂ်ာနယ္ေက်ာ္မမေလး၊ မိုးမိုးအင္းလ်ားစတဲ့ ျမန္မာစာေရးဆရာမေတြက လြတ္လပ္ေရးရၿပီးေနာက္ ေရးသားခဲ့ၾကပါတယ္။

ဒီလို သီလရွင္အျဖစ္နဲ႔ ရဟန္းေတာ္ေတြကို စာေပပို႔ခ်ခဲ့တဲ့ ဆရာႀကီးေတြလည္း ေပၚထြက္ခဲ့ပါတယ္။ဒီထဲမွာ တိပိဋကဓရ မင္းကြန္းဆရာေတာ္ႀကီးက သာသနာ့မိခင္ႀကီးလို႔ သတ္မွတ္ေခၚဆိုခဲ့တဲ့ အိမ္ႀကီးေခ်ာင္ဆရာႀကီး ေဒၚဓမၼစာရီဟာ ထင္ရွားပါတယ္။ သစၥဝါဒီဋီကာ က်မ္းျပဳ ေဒၚဓမၼစာရီဟာ ဆရာေတာ္ေလာင္းလ်ာကို ငယ္စဥ္ကတည္းက ျပဳစုေစာင့္ေရွာက္လာၿပီး သြန္သင္ဆုံးမလာခဲ့တာပါ။ဒါေၾကာင့္ နာမည္ႀကီး ဆရာေတာ္ေတြသာ ေဟာေျပာခြင့္ရတဲ့ မလြန္ဆန္လႉအသင္း တရားပြဲမ်ိဳးမွာ ဓမၼကထိက အျဖစ္ ေဒၚဓမၼစာရီ ေဟာခြင့္ရခဲ့ပါတယ္။ အဲဒီေခတ္က ဆရာေတာ္ႀကီးေတြ အခ်င္းခ်င္းေတာင္ မယ္ဓမၼစာရီဆီ စာဝါလိုက္ဖူးၿပီလားလို႔ ေမးတတ္ၾကေၾကာင္း သိရပါတယ္။

ရန္ကုန္ ေဒၚဉာဏစာရီစာသင္တိုက္က ဆရာႀကီး ေဒၚဉာဏစာရီလည္း အမ်ိဳးသမီးငယ္ေလးေတြကို တရားျပဆုံးမရာမွာ ထင္ရွားခဲ့ပါတယ္။ဒါေၾကာင့္ အရင္က အိမ္က မၾကည္ျဖဴဘဲ သီလရွင္ဝတ္တဲ့ေခတ္ကေန သားရွင္ျပဳ အလႉေတြမွာ သမီးသီလရွင္ဝတ္တာေတြလည္း ၂ဝ ရာစု ေနာက္ပိုင္းမွာ ေတြ႕လာရပါတယ္။ ဒါေပမဲ့ သီလရွင္ေတြကို လႉဒါန္းရာမွာေတာ့ ရဟန္းေတာ္မ်ားနဲ႔မတူဘဲ ေလွ်ာ့ေပါ့လႉတာေတြက ရွိေနဆဲ ျဖစ္ပါတယ္။ဒါေၾကာင့္ ဆြမ္းကြမ္းရွားပါးတဲ့ အညာက သီလရွင္ေတြကို ဒို႔ဆီ လိုက္ခဲ့ဆိုၿပီး ၿမိတ္က သီလရွင္ဆရာႀကီးတပါးက ေခၚေၾကာင္း လူထုေဒၚအမာက ေရးသားခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ မိဘမဲ့ မိန္းကေလးေတြကို ၾကည့္ရႈေစာင့္ေရွာက္ရတဲ့ အလုပ္ကိုလည္း ဆရာႀကီးေတြ တာဝန္ယူလာရပါတယ္။ မႏၲေလး ေအးရိပ္မြန္ စာသင္တိုက္က မိဘမဲ့မိန္းကေလးေတြအေၾကာင္း ႐ိုက္ကူးတဲ့ ၾကည္ျပာ ဇာတ္ကားဟာ ထင္ရွားပါတယ္။စစ္ေဘးစစ္ေရွာင္နဲ႔ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိဘမဲ့ျဖစ္ရတဲ့ ကေလးေတြအတြက္ အစိုးရက အျပည့္တာဝန္မယူႏိုင္တဲ့အတြက္ သာသနာဘက္က တာဝန္ယူတဲ့ ေက်ာင္းေတြ ေပၚလာတာ ျဖစ္ပါတယ္။အစဥ္အလာအရ ျမန္မာသီလရွင္ေတြကို ေလာကီကိစၥေတြနဲ႔ မပတ္သက္ဘဲ ေအးေဆးတည္ၿငိမ္တယ္လို႔ ျပည္ပ ပညာရွင္ေတြက ယူဆခဲ့ၾကေပမယ့္ ႏိုင္ငံေရး လႈပ္ရွားမႈေတြမွာ သီလရွင္ေတြ ပတ္သက္မႈေတြ ရွိခဲ့ပါတယ္။၂ဝဝ၇ ေ႐ႊဝါေရာင္ လႈပ္ရွားမႈမွာ သံဃာေတာ္ေတြနဲ႔အတူ သီလရွင္ေတြလည္း ပါဝင္ဆႏၵျပလို႔ ထိန္းသိမ္းခံရတာေတြ ရွိခဲ့ပါတယ္။ ေနာက္ မဘသ လႈပ္ရွားမႈမွာလည္း မ်ိဳးေစာင့္ဥပေဒေတြ ျပ႒ာန္းဖို႔ ေတာင္းဆိုတဲ့အထဲမွာ သီလရွင္ေတြ ပါဝင္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ မႏၲေလးခရီးမွာ ေစာင့္ႀကိဳႏႈတ္ဆက္တဲ့ သီလရွင္ေတြ ရွိသလို သူ အက်ဥ္းကလြတ္ၿပီးေနာက္ ဆြမ္းေလာင္းပြဲမွာလည္း သီလရွင္ေတြ ႂကြေရာက္ အလႉခံခဲ့ၾကပါတယ္။အိႏၵိယမွာ အာေသာကမင္းလက္ထက္ တတိယသဂၤါယနာတင္ၿပီးေနာက္ ကိုးတိုင္းကိုးဌာနသာသနာျပဳလႊတ္ရာမွာ ျမန္မာႏိုင္ငံျဖစ္လာမယ့္ သုနာပႏၲရတိုင္းမွာ ရဟန္းမိန္းမ ေျခာက္ေသာင္း ေပၚထြန္းတယ္ ဆိုေပမယ့္ ဘိကၡဳနီသာသနာ အႏွစ္တေထာင္ေလာက္ပဲ တည္ၿမဲတယ္လို႔ ယူဆခဲ့ၾကပါတယ္။ေနာက္ အေနာ္ရထာမင္းလက္ထက္ သထုံက ပိဋကတ္နဲ႔ သံဃာေတာ္ေတြ ပင့္ေဆာင္ရာမွာလည္း ရဟန္းမ ပါမလာဘူးလို႔ ဆိုၾကေပမယ့္ ပုဂံမွာ ဘိကၡဳနီေတြ ေပၚထြန္းခဲ့တယ္လို႔ ေက်ာက္စာအေထာက္အထားေတြက ျပခဲ့တယ္လို႔ သမိုင္းပညာရွင္တခ်ိဳ႕က ေရးပါတယ္။ဖုန္းျမတ္ေသာ ဘြဲ႕မည္နဲ႔ ဒီအမ်ိဳးသမီးသာသနာ့ဝန္ထမ္းေတြဟာ သီလရွင္လိုမ်ိဳးသာ ျဖစ္ႏိုင္တယ္လို႔ ဆရာေတာ္ ရေဝထြန္းက ေထာက္ျပပါတယ္။

လြတ္လပ္ေရး မရခင္က အရွင္အာဒိစၥဝံသကို ဘိကၡဳနီ သာသနာျပန္ထူေထာင္ဖို႔ ႀကိဳးစားသူအျဖစ္ လူသိမ်ားခဲ့ေပမယ့္ စစ္ၿပီးေခတ္မွာ ေဇတဝန္ဆရာေတာ္က ဘိကၡဳနီ ျပန္ေပၚသင့္ေၾကာင္း က်မ္းျပဳခဲ့တာကို လူသိနည္းပါတယ္။၁၉၇ဝ ေက်ာ္မွာေတာ့ တရားျပ ျမန္မာ အမ်ိဳးသမီးတေယာက္က ဘိကၡဳနီ ျပဳခြင့္ ေတာင္းတဲ့စာကို အစိုးရနဲ႔ ဆရာေတာ္ အပါး ၂ဝ ဆီကို ပို႔ခဲ့တယ္လို႔ ဂ်ာမန္ပညာရွင္ ေဒါက္တာလိုတာမိုဆာက ေရးပါတယ္။ ခုခ်ိန္မွာ ရဟန္းမ ျပဳတဲ့ ျမန္မာအမ်ိဳးသမီးေတြ ျပည္ပမွာ အနည္းအပါးရွိေနၿပီ ျဖစ္ေပမယ့္ ျပည္တြင္းမွာေတာ့ ခြင့္မျပဳေသးပါဘူး။ဒါေပမဲ့လည္း ျမန္မာျပည္ရဲ႕ သာသနာပုံရိပ္အျဖစ္ သီလရွင္ေတြကို ရဟန္းေတာ္ေတြ၊ ေစတီပုထိုးနဲ႔ ေက်ာင္းကန္ဇရပ္ေတြနဲ႔ ဆက္ၿပီး တြဲသိေနၾကမွာ ျဖစ္ပါတယ္။ဘိုဘို (BBC)

Credit

Leave a Reply

Your email address will not be published.