မိုင်းဖုန်းဆရာတော်က “ခေတ်ကိုပြင်မယ့်” ဝစီပိတ်ဆရာတော်ကို သွားရောက်တွေ့ဆုံ

News

မိုင်းဖုန်းဆရာတော်က “ခေတ်ကိုပြင်မယ့်” ဝစီပိတ်ဆရာတော်ကို သွားရောက်တွေ့ဆုံ

မိုင်းဖုန်းဆရာတော်ဟာ ဂူအတွင်းမှာ ၃ နှစ်ကျော် အဓိဌာန် ဝင်ရောက်ပြီးနောက် မကြာခင်က ပြန်ထွက်လာပြီး ကျန်းမာရေး ဆိုးဝါးလာမှုကြောင့် ထိုင်းနိုင်ငံမှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။

ကျန်းမာရေး ပြန်လည် ကောင်းမွန်လာတဲ့ မိုင်းဖုန်းဆရာတော်ဟာ ယမန်နေ့ အောက်တိုဘာ (၁၃) ရက်နေ့က ရှမ်းပြည်နယ်၊ အရှေ့ပိုင်း ကျိုင်းတုံမြို့ကို ရောက်ရှိပြီး လုံခြုံရေး အများအပြား စောင့်ကြပ်ထားတဲ့ ဝစီပိတ် ဆရာတော်ကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဝစီပိတ်ဆရာတော်ဟာ အာဏာသိမ်း စကစဥက္ကဌ မင်းအောင်လှိုင်နဲ့ နီးနီးကပ်ကပ် ဆက်ဆံမှု ရှိနေတာကြောင့် မိုင်းဖုန်းဆရာတော်က ယခုလို သွားရောက်တွေ့ဆုံမှုအပေါ် ပြည်သူများက မေးခွန်းထုတ်နေကြပါတယ်။

ဝစီပိတ်ဆရာတော်၊ သီတဂူဆရာတော်နဲ့ ရှင်ဆေကိန္ဒတို့ကို စကစ အားပေး ဆရာတော်များအဖြစ် ပြည်သူများက သတ်မှတ်ထားကြပြီး ယခုကဲ့သို့ မိုင်းဖုန်းဆရာတော်ပါ ဝစီပိတ်ဆရာတော်နဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံမှုအပေါ် ဝေဖန်မှုများ ဖြစ်ပေါ်နေပါတယ်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ ဝစီပိတ်ဆရာတော်နဲ့ ယတြာချေမယ်လို့ သတင်းများ ထွက်ပေါ်နေပြီး အဆိုပါကိစ္စကြောင့် မိုင်းဖုန်းဆရာတော် ရောက်ရှိလာကာ မင်းအောင်လှိုင်နဲ့ တွေ့နိုင်တယ်လို့ သတင်းတွေ ထပ်မံ ထွက်ပေါ်နေပါတယ်။

Crd

Zawgyi

မိုင်းဖုန်းဆရာတော်က “ခေတ်ကိုပြင်မယ့်” ဝစီပိတ်ဆရာတော်ကို သွားရောက်တွေ့ဆုံ

မိုင္းဖုန္းဆရာေတာ္ဟာ ဂူအတြင္းမွာ ၃ ႏွစ္ေက်ာ္ အဓိဌာန္ ဝင္ေရာက္ၿပီးေနာက္ မၾကာခင္က ျပန္ထြက္လာၿပီး က်န္းမာေရး ဆိုးဝါးလာမႈေၾကာင့္ ထိုင္းႏိုင္ငံမွာ ေဆးကုသမႈ ခံယူခဲ့ရပါတယ္။

က်န္းမာေရး ျပန္လည္ ေကာင္းမြန္လာတဲ့ မိုင္းဖုန္းဆရာေတာ္ဟာ ယမန္ေန႔ ေအာက္တိုဘာ (၁၃) ရက္ေန႔က ရွမ္းျပည္နယ္၊ အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕ကို ေရာက္ရွိၿပီး လုံၿခဳံေရး အမ်ားအျပား ေစာင့္ၾကပ္ထားတဲ့ ဝစီပိတ္ ဆရာေတာ္ကို သြားေရာက္ေတြ႕ဆုံခဲ့တယ္လို႔ သိရပါတယ္။

ဝစီပိတ္ဆရာေတာ္ဟာ အာဏာသိမ္း စကစဥကၠဌ မင္းေအာင္လႈိင္နဲ႔ နီးနီးကပ္ကပ္ ဆက္ဆံမႈ ရွိေနတာေၾကာင့္ မိုင္းဖုန္းဆရာေတာ္က ယခုလို သြားေရာက္ေတြ႕ဆုံမႈအေပၚ ျပည္သူမ်ားက ေမးခြန္းထုတ္ေနၾကပါတယ္။

ဝစီပိတ္ဆရာေတာ္၊ သီတဂူဆရာေတာ္နဲ႔ ရွင္ေဆကိႏၵတို႔ကို စကစ အားေပး ဆရာေတာ္မ်ားအျဖစ္ ျပည္သူမ်ားက သတ္မွတ္ထားၾကၿပီး ယခုကဲ့သို႔ မိုင္းဖုန္းဆရာေတာ္ပါ ဝစီပိတ္ဆရာေတာ္နဲ႔ ရင္းရင္းႏွီးႏွီး ေတြ႕ဆုံမႈအေပၚ ေဝဖန္မႈမ်ား ျဖစ္ေပၚေနပါတယ္

စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္အေနနဲ႔ ဝစီပိတ္ဆရာေတာ္နဲ႔ ယၾတာေခ်မယ္လို႔ သတင္းမ်ား ထြက္ေပၚေနၿပီး အဆိုပါကိစၥေၾကာင့္ မိုင္းဖုန္းဆရာေတာ္ ေရာက္ရွိလာကာ မင္းေအာင္လႈိင္နဲ႔ ေတြ႕ႏိုင္တယ္လို႔ သတင္းေတြ ထပ္မံ ထြက္ေပၚေနပါတယ္။

Crd

Leave a Reply

Your email address will not be published.