ရွှေနဲ့ ဒေါ်လာ ဝယ်ပြီး ရေရှည် အမြတ်ရချင်တာလား၊ ဝယ်လိုက်ရောင်းလိုက်နဲ့ ရေတို မြတ်ချင်တာလား

Knowledge

Unicode
ရွှေနဲ့ ဒေါ်လာ ဝယ်ပြီး ရေရှည် အမြတ်ရချင်တာလား၊ ဝယ်လိုက်ရောင်းလိုက်နဲ့ ရေတို မြတ်ချင်တာလား

ဒီအချိန်မှာ ဒေါ်လာ (USD) ဒါမှမဟုတ် ရွှေဝယ်ရမလားလို့ စဥ်းစားနေ သူတွေအနေနဲ့ ကိုယ်ဘာလုပ်ချင်တာလဲ ဆိုတာကို သေချာအရင်သိအောင်လုပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ ရင်းနှီးမြုပ်နှံမှု လို့စဥ်းစားရင် အနည်းဆုံး ၂ မျိုးစဥ်းစားလို့ရတယ်။ အကြာကြီးဝယ်ပြီး ပစ်ထားချင်တာလား ဒါမှမဟုတ် ဝယ်လိုက်ရောင်းလိုက်နဲ့ လှိုင်းစီးချင်တာလား အဲဒါကို သေချာ သိဖို့လိုတယ်။

အကယ်လို့ ကိုယ်က ငွေပိုလို့ ရေရှည်မှာ Assets တိုးအောင်လုပ်မယ်ဆိုရင် စျေးကျရင် ကျစျေး တက်ရင် တက်စျေးနဲ့ ဝယ်ထားလိုက် ပြီးရင် ပစ်သာထားလိုက်တော့ တစ်ချိန်ကျရင် ဝယ်စျေးထက် တက်ကို တက်တယ်။ ဒါဘာ Info ဘာ Theory ကိုမှ အခြေခံပြီး ပြောနေတာ မဟုတ်ဘူး။ ဒီလိုပဲ ဖြစ်ရမယ့်ကိစ္စမို့ ဒီလိုပဲဖြစ်မှာ။ အဲဒီ တစ်ချိန်ဟာ ရေတိုလား ရေရှည် လားဆိုတာ ပဲကွာမယ်။

ရေတိုလှိုင်းစီးချင်တယ် ဆိုရင်တော့ ရောင်းလိုက်ဝယ်လိုက် လုပ်ချင်တယ်ဆိုရင်တော့ နောက်တမျိုးစဥ်းစားရမယ်။ အခုကျတယ်။ ကျရင် ဝယ်ရမယ်။ ပြီးရင် ဘယ်လောက်မြတ်ချင်တာလဲကိုကြည့်.. နောက်ဘာနဲ့ မြတ်ချင်တာလဲဆိုတာ ရှိတယ်။ ကျွန်တော် Client တစ်ယောက်ဆိုရင် USD မြတ်ချင်တာ။ အဲတော့ ဒေါ်လာစျေး ၄၀၀၀ တုန်းက ရောင်းတယ်။ ရသမျှအကုန် ၃၇၀၀ မှာပြန်ဝယ်တယ် ပီးတော့ ၃၆၀၀ မှာ ပြန်ရောင်းတယ်.. ၃၂၀၀ မှာ အကုန်ပြန်ဝယ်တယ်။ ၃၀၀၀ မှာ ပြန်ရောင်းတယ်။ ခု ၂၅၀၀ ပတ်လည်မှာ အကုန်ပြန်ဝယ်တယ်။ အရောင်းနဲ့ စတယ်။ အဝယ်နဲ့ ဆုံးတယ်။ အဲတော့ သူ့လက်ထဲ USD ပို ကျန်ခဲ့တယ်။ မြန်မာငွေနည်းသွားတယ်။

အချို့က မြန်မာငွေမြတ်ချင်တာ အဲလိုဆို ဒီလိုအချိန် ဝယ်ပြီး ပြန်မရောင်းရပါဘူး။ တက်နေတဲ့အချိန် ဝယ်ပြီးရင် ပြန်ရောင်း ပြီးရင် ပြန်ဝယ် ပြီးရင် ပြန်ရောင်း။ အဝယ်နဲ့ စ အရောင်းနဲ့ဆုံး နောက်ဆုံးမြန်မာငွေကျန်ခဲ့လိမ့်မယ်။ အဲလောက်တော့ သိထားဖို့လိုတယ်။

နောက်တခု က ရင်းနှီးမြုပ်နှံမှု ဆိုတာဟာ ပိုက်ဆံ ရှိတိုင်းလုပ်လို့ရတာမဟုတ်ဘူး.. သတင်းအချက်အလက်လိုတယ်.. သတင်းအချက်အလက်ဆိုတာမျိုးက နေရာတိုင်းက ရနိုင်တယ်။ ဒါပေမယ့် ကာလတခုထိပဲ မှန်နိုင်တယ်။ ကျမှာမြင်တဲ့သူကတော့ ကျမယ်ပြောမှာပဲ.. တက်မှာ မြင်တဲ့သူကလဲ တက်မယ်ပြောတာပဲ.. သူတို့ သိတဲ့ အချက်အလက်နဲ့ သူတို့ကြည့်တဲ့ ရှုထောင့်ပေါ်မူတည်ပြီး ကွဲပြားသွားမှာ သူတို့ မြင်တဲ့ အမြင်ကို တသမတ်ထဲ ဆုတ်ကိုင်ထားရင်ကို ကွဲလိမ့်မယ်။ အဲဒါမျိုးကို အသေဆုတ်ကိုင်ထားလို့မရဘူး။

ဒေါ်လာ‌စျေး တက်တယ်။ ဘာလို့တက်လဲ ဆိုတဲ့အကြောင်းတွေအများကြီး ရှိတယ်။ ခုကျတယ်။ ဘာလို့ ကျတယ်ဆိုတဲ့ အကြောင်းတွေလဲ အများကြီးရှိတယ်။ အဲဒါတွေကို မြင်အောင်ကြည့်ဖို့လိုတယ်။ နောက်အရှိန်ကို သိဖို့လိုတယ်။ အခု ကျတယ်။ ပိုကျမှာ ကြောက်လို့ ရောင်းကြတယ်။ ရောင်းလေ ကျလေဖြစ်မှာပဲ။ ဘယ်အချိန် ရပ်သွားမလဲဆိုတဲ့ အရှိန်ကိုမှန်းတတ်ဖို့လိုတယ်။ အဲဒီအချိန်နားဝယ်ရင် အကျဆုံးစျေးနဲ့ ဝယ်နိုင်မယ်။

အဲ့လိုပဲ တက်တုန်းကလဲ ပိုတက်မှာ ကြောက်လို့ ဝယ်ကြတယ်။ ဘယ်အချိန်မှာ ရပ်မလဲ ဆိုတာ မှန်းနိုင်ရင် အတက်ဆုံးစျေးနဲ့ ရောင်းနိုင်မယ်။ ဒါဟာလဲ အရေးကြီးပါတယ်။

နောက်ဆုံးတစ်ခုကတော့ Emotion နဲ့ လောဘကို ထိန်းနိုင်ဖို့လိုတယ်။ မပြာဖို့လိုပါတယ်။ ပိုက်ဆံနဲ့ ရင်းထားတာမို့ ဆုံးရှုံးမှာတော့ ကြောက်ကြတာကြီးပဲဆိုပေမယ့် စျေးကွက်ပြောင်းတာနဲ့ စွတ်ကြောက်နေလို့တော့မရဘူး။ တက်ရင် ကြောက်လို့ဝယ် ကျရင် ကြောက်လို့ရောင်းဆိုရင် ဘယ်လိုမှအဆင်မပြေနိုင်ဘူး။ ပြောနေကျလိုပဲ ဒီဈေးကွက်မှာက မရောင်းသ၍၊ မဝယ်သ၍ မရှုံးပါဘူး။ မမြတ်ပါဘူး။ (Michael)

Zawgyi

ေ႐ႊနဲ႔ ေဒၚလာ ဝယ္ၿပီး ေရရွည္ အျမတ္ရခ်င္တာလား၊ ဝယ္လိုက္ေရာင္းလိုက္နဲ႔ ေရတို ျမတ္ခ်င္တာလား

ဒီအခ်ိန္မွာ ေဒၚလာ (USD) ဒါမွမဟုတ္ ေ႐ႊဝယ္ရမလားလို႔ စဥ္းစားေန သူေတြအေနနဲ႔ ကိုယ္ဘာလုပ္ခ်င္တာလဲ ဆိုတာကို ေသခ်ာအရင္သိေအာင္လုပ္ဖို႔ လိုပါတယ္။ ကြၽန္ေတာ္တို႔ အေနနဲ႔ ရင္းႏွီးျမဳပ္ႏွံမႈ လို႔စဥ္းစားရင္ အနည္းဆုံး ၂ မ်ိဳးစဥ္းစားလို႔ရတယ္။ အၾကာႀကီးဝယ္ၿပီး ပစ္ထားခ်င္တာလား ဒါမွမဟုတ္ ဝယ္လိုက္ေရာင္းလိုက္နဲ႔ လႈိင္းစီးခ်င္တာလား အဲဒါကို ေသခ်ာ သိဖို႔လိုတယ္။

အကယ္လို႔ ကိုယ္က ေငြပိုလို႔ ေရရွည္မွာ Assets တိုးေအာင္လုပ္မယ္ဆိုရင္ ေစ်းက်ရင္ က်ေစ်း တက္ရင္ တက္ေစ်းနဲ႔ ဝယ္ထားလိုက္ ၿပီးရင္ ပစ္သာထားလိုက္ေတာ့ တစ္ခ်ိန္က်ရင္ ဝယ္ေစ်းထက္ တက္ကို တက္တယ္။ ဒါဘာ Info ဘာ Theory ကိုမွ အေျခခံၿပီး ေျပာေနတာ မဟုတ္ဘူး။ ဒီလိုပဲ ျဖစ္ရမယ့္ကိစၥမို႔ ဒီလိုပဲျဖစ္မွာ။ အဲဒီ တစ္ခ်ိန္ဟာ ေရတိုလား ေရရွည္ လားဆိုတာ ပဲကြာမယ္။

ေရတိုလႈိင္းစီးခ်င္တယ္ ဆိုရင္ေတာ့ ေရာင္းလိုက္ဝယ္လိုက္ လုပ္ခ်င္တယ္ဆိုရင္ေတာ့ ေနာက္တမ်ိဳးစဥ္းစားရမယ္။ အခုက်တယ္။ က်ရင္ ဝယ္ရမယ္။ ၿပီးရင္ ဘယ္ေလာက္ျမတ္ခ်င္တာလဲကိုၾကည့္.. ေနာက္ဘာနဲ႔ ျမတ္ခ်င္တာလဲဆိုတာ ရွိတယ္။ ကြၽန္ေတာ္ Client တစ္ေယာက္ဆိုရင္ USD ျမတ္ခ်င္တာ။ အဲေတာ့ ေဒၚလာေစ်း ၄၀၀၀ တုန္းက ေရာင္းတယ္။ ရသမွ်အကုန္ ၃၇၀၀ မွာျပန္ဝယ္တယ္ ပီးေတာ့ ၃၆၀၀ မွာ ျပန္ေရာင္းတယ္.. ၃၂၀၀ မွာ အကုန္ျပန္ဝယ္တယ္။ ၃၀၀၀ မွာ ျပန္ေရာင္းတယ္။ ခု ၂၅၀၀ ပတ္လည္မွာ အကုန္ျပန္ဝယ္တယ္။ အေရာင္းနဲ႔ စတယ္။ အဝယ္နဲ႔ ဆုံးတယ္။ အဲေတာ့ သူ႔လက္ထဲ USD ပို က်န္ခဲ့တယ္။ ျမန္မာေငြနည္းသြားတယ္။

အခ်ိဳ႕က ျမန္မာေငြျမတ္ခ်င္တာ အဲလိုဆို ဒီလိုအခ်ိန္ ဝယ္ၿပီး ျပန္မေရာင္းရပါဘူး။ တက္ေနတဲ့အခ်ိန္ ဝယ္ၿပီးရင္ ျပန္ေရာင္း ၿပီးရင္ ျပန္ဝယ္ ၿပီးရင္ ျပန္ေရာင္း။ အဝယ္နဲ႔ စ အေရာင္းနဲ႔ဆုံး ေနာက္ဆုံးျမန္မာေငြက်န္ခဲ့လိမ့္မယ္။ အဲေလာက္ေတာ့ သိထားဖို႔လိုတယ္။

ေနာက္တခု က ရင္းႏွီးျမဳပ္ႏွံမႈ ဆိုတာဟာ ပိုက္ဆံ ရွိတိုင္းလုပ္လို႔ရတာမဟုတ္ဘူး.. သတင္းအခ်က္အလက္လိုတယ္.. သတင္းအခ်က္အလက္ဆိုတာမ်ိဳးက ေနရာတိုင္းက ရႏိုင္တယ္။ ဒါေပမယ့္ ကာလတခုထိပဲ မွန္ႏိုင္တယ္။ က်မွာျမင္တဲ့သူကေတာ့ က်မယ္ေျပာမွာပဲ.. တက္မွာ ျမင္တဲ့သူကလဲ တက္မယ္ေျပာတာပဲ.. သူတို႔ သိတဲ့ အခ်က္အလက္နဲ႔ သူတို႔ၾကည့္တဲ့ ရႈေထာင့္ေပၚမူတည္ၿပီး ကြဲျပားသြားမွာ သူတို႔ ျမင္တဲ့ အျမင္ကို တသမတ္ထဲ ဆုတ္ကိုင္ထားရင္ကို ကြဲလိမ့္မယ္။ အဲဒါမ်ိဳးကို အေသဆုတ္ကိုင္ထားလို႔မရဘူး။

ေဒၚလာ‌ေစ်း တက္တယ္။ ဘာလို႔တက္လဲ ဆိုတဲ့အေၾကာင္းေတြအမ်ားႀကီး ရွိတယ္။ ခုက်တယ္။ ဘာလို႔ က်တယ္ဆိုတဲ့ အေၾကာင္းေတြလဲ အမ်ားႀကီးရွိတယ္။ အဲဒါေတြကို ျမင္ေအာင္ၾကည့္ဖို႔လိုတယ္။ ေနာက္အရွိန္ကို သိဖို႔လိုတယ္။ အခု က်တယ္။ ပိုက်မွာ ေၾကာက္လို႔ ေရာင္းၾကတယ္။ ေရာင္းေလ က်ေလျဖစ္မွာပဲ။ ဘယ္အခ်ိန္ ရပ္သြားမလဲဆိုတဲ့ အရွိန္ကိုမွန္းတတ္ဖို႔လိုတယ္။ အဲဒီအခ်ိန္နားဝယ္ရင္ အက်ဆုံးေစ်းနဲ႔ ဝယ္ႏိုင္မယ္။

အဲ့လိုပဲ တက္တုန္းကလဲ ပိုတက္မွာ ေၾကာက္လို႔ ဝယ္ၾကတယ္။ ဘယ္အခ်ိန္မွာ ရပ္မလဲ ဆိုတာ မွန္းႏိုင္ရင္ အတက္ဆုံးေစ်းနဲ႔ ေရာင္းႏိုင္မယ္။ ဒါဟာလဲ အေရးႀကီးပါတယ္။

ေနာက္ဆုံးတစ္ခုကေတာ့ Emotion နဲ႔ ေလာဘကို ထိန္းႏိုင္ဖို႔လိုတယ္။ မျပာဖို႔လိုပါတယ္။ ပိုက္ဆံနဲ႔ ရင္းထားတာမို႔ ဆုံးရႈံးမွာေတာ့ ေၾကာက္ၾကတာႀကီးပဲဆိုေပမယ့္ ေစ်းကြက္ေျပာင္းတာနဲ႔ စြတ္ေၾကာက္ေနလို႔ေတာ့မရဘူး။ တက္ရင္ ေၾကာက္လို႔ဝယ္ က်ရင္ ေၾကာက္လို႔ေရာင္းဆိုရင္ ဘယ္လိုမွအဆင္မေျပႏိုင္ဘူး။ ေျပာေနက်လိုပဲ ဒီေဈးကြက္မွာက မေရာင္းသ၍၊ မဝယ္သ၍ မရႈံးပါဘူး။ မျမတ္ပါဘူး။ (Michael)

Leave a Reply

Your email address will not be published.