ကြာသပတေးသားသမီး ရာဇဖွားများအကြောင်း

Knowledge

Unicode

ကြာသပတေးသားသမီး ရာဇဖွားများအကြောင်း

“ရာဇဖွားမှာ ထက်မြက်စွာ ၊ စိတ်မှာ လျင်ရမည် ၊ ပန်းချီပန်းပု နှုတ်လက်မှု တတ်မှုစုံရမည် ၊ မင်းစိုးချစ်ခင် လူပုံတွင် ဝေဝုစ်များလိမ့်မည်”

✍️ရာဇဖွားတွေဟာ ထက်ထက်မြက်မြက် ရှိတတ်ကြပါတယ် ။ ဘဝမှာ ဒုက္ခပဲရောက်ရောက် ပြဿနာပဲတက်တက် ထိုင်ပြီး တစ်ယောက်တည်း မှိုင်မနေတတ်ကြပါဘူး ။

ဒီကိစ္စ ဒီအရေးကို ဘယ်သူ နားလည်တယ် ၊ ကျွမ်းကျင်တယ် ဘယ်သူနဲ့ တိုင်ပင်ရင် ရတတ်တယ် ဆိုတာမျိုး သိလွယ်တဲ့သဘော ရှိကြပါတယ် ။

✍️သူတို့ရဲ့စိတ်ဟာ ထက်မြက်မှုနဲ့အတူ လျင်မြန်မှုလည်း ယှဉ်တွဲပါလာပါတယ် ။ ဘဝမှာ နှုတ်မှုပညာ ၊ လက်မှုပညာတွေကို စေ့စေ့စပ်စပ် လေ့လာလိုက်စား တတ်မြောက်လွယ်တတ်ကြပါတယ် ။

အရာရှိအရာခံတွေရဲ့ ချစ်ခင်ကူညီစောင့်ရှောက်မှုကို ရလွယ်တတ်ကြပါတယ် ။ လူအများနဲ့ ပြောဆိုဆက်ဆံရာမှာ ပရိယာယ်ကြွယ်တတ်ကြတဲ့သဘော ရှိတတ်ကြပါတယ် ။

ယောင်္ကျားလေးတွေဆိုရင် အိမ်ထောင်ပြုနောက်ကျတတ်ကြပါတယ် ။ လူပျိုကြီး ဖြစ်တတ်ကြပါတယ် ။အိမ်ထောင်ကျခဲ့ရင်လည်း မိမိက အရာရာကို ဦးဆောင်ရ လမ်းညွှန်ကြရတတ်ပါတယ် ။

✍️ကြာသပတေးသားသမီး ရာဇဖွားတွေဟာစိတ်မြန်လက်မြန် ရှိတတ်ကြပါတယ် ။ ယောင်္ကျားလေးဖြစ်ခဲ့ရင် ထစ်ခနဲဆို လက်ပါချင်တတ်လို့ ဉာဏ်သတိနဲ့ အမြဲ ထိန်းကွပ်ဖို့ အထူးပင် လိုအပ်လှပါတယ် ။

စိတ်မြန်တော့ နှုတ်လည်း မြန်တတ်ကြပါတယ် ။ အဲဒီတော့ စကားပြော လောတာ ၊ စောတာ ၊ မှားတာ ၊ ကျွံတာတွေကြောင့် ဘဝမှာ မလိုအပ်ဘဲ အမှားတွေပါသွားတတ်ကြပါတယ် ။

မာနရှိတယ် ။ အရာရှိ အရာထမ်းတို့ရဲ့ ကူညီမစမှုကို ရရှိတတ်သူတွေလည်း ဖြစ်ပါတယ် ။

စီးပွားရေးပြေလည်လာချိန်မှာ အိမ်ထောင်ရေးရှုပ်ထွေးလာတတ်လို့ သတိထားရမည့်သူတွေလည်း ဖြစ်ကြပါတယ် ။

✍️စာပေသင်ကြားခြင်း ၊ သင်တန်းပို့ချခြင်း ၊ ရှေ့နေရှေ့ရပ်လုပ်ကိုင်ခြင်း စသည့် စကားပြောရတဲ့ နှုတ်မှုပညာလုပ်ငန်းတွေနဲ့ အကျိုးပြတတ်ပါတယ် ။

✍️ငယ်ရွယ်စဉ်အခါမှာ ဘဝအတက်အကျ ကြမ်းတတ်ပေမယ့်လည်း အသက်အရွယ် ရလာလေ ဘဝအခြေအနေ မြင့်မားလာလေလေ ဖြစ်ကြပါတယ် ။

✍️အရေးကြီးတဲ့ အခမ်းအနားပွဲတက်တ္မေှာ အစိမ်းရောင်ကို ရှောင်ကြဉ်ပါ ။ စိန်ဟာ ဒီဇာတာရှင်တွေအတွက် အဆောင်ရတနာပဲ ဖြစ်ပါတယ် ။

✍️အသက် ၃၀ ၊ ၃၁ ၊ ၃၂ ၊ ၃၈ ၊ ၃၉ ၊ ၄၀ ၊ ၄၆ ၊ ၄၇ ၊ ၄၈ ၊ ၅၄ ၊ ၅၅ ၊ ၅၆ ၊ ၆၂ ၊ ၆၃ ၊ ၆၄ ၊ ၇၀ ၊ ၇၁ ၊ ၇၂ နှစ်တွေမှာ စိတ်ညစ်စရာတွေ တိုက်ဆိုင် ကြုံတွေ့ရတတ်တဲ့ အသက်အပိုင်းအခြ တွေ ဖြစ်ပါတယ် ။

✍️အသက် ၅၄ ၊ ၅၅ ၊ ၅၆နှစ် တွေဟာ ပိုဆိုးတတ်ပြီး စီးပွားရေး တသိမ့်သိမ့် ကျဆင်းခြင်း ၊ ကျန်းမာရေး အညံ့ ကြုံခြင်း ၊ အမှုအခင်း ၊ လူမှုရေး သောကများ စသည်ဖြင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်စရာတွေ တိုက်ဆိုင် ကြုံတွေ့လွယ်တဲ့ အသက်အပိုင်းအခြားတွေ ဖြစ်ပါတယ် ။

✍️ဒီအသက်ပိုင်းအခြားမှာ ကျရောက်နေချိန် ၊ မကျရောက်မီမှာ ဗေဒင်ပညာ အမှန်စင်စစ်နားလည်တတ်ကျွမ်းတဲ့ ပညာရှင်ကြီးတွေနဲ့တိုင်ပင်ပြီး ယတြာအစီအရင်တွေနဲ့ ကာကွယ်မှု ပြုသင့်ကြပါတယ် ။

#Crd: မြန်မာ့ ရိုးရာ ဗေဒင်ပညာ

#KhinThanOo

Zawgyi

ၾကာသပေတးသားသမီး ရာဇဖြားမ်ားအေၾကာင္း

“ရာဇဖြားမွာ ထက္ျမက္စြာ ၊ စိတ္မွာ လ်င္ရမည္ ၊ ပန္းခ်ီပန္းပု ႏႈတ္လက္မႈ တတ္မႈစုံရမည္ ၊ မင္းစိုးခ်စ္ခင္ လူပုံတြင္ ေဝဝုစ္မ်ားလိမ့္မည္”

✍️ရာဇဖြားေတြဟာ ထက္ထက္ျမက္ျမက္ ရွိတတ္ၾကပါတယ္ ။ ဘဝမွာ ဒုကၡပဲေရာက္ေရာက္ ျပႆနာပဲတက္တက္ ထိုင္ၿပီး တစ္ေယာက္တည္း မႈိင္မေနတတ္ၾကပါဘူး ။

ဒီကိစၥ ဒီအေရးကို ဘယ္သူ နားလည္တယ္ ၊ ကြၽမ္းက်င္တယ္ ဘယ္သူနဲ႔ တိုင္ပင္ရင္ ရတတ္တယ္ ဆိုတာမ်ိဳး သိလြယ္တဲ့သေဘာ ရွိၾကပါတယ္ ။

✍️သူတို႔ရဲ႕စိတ္ဟာ ထက္ျမက္မႈနဲ႔အတူ လ်င္ျမန္မႈလည္း ယွဥ္တြဲပါလာပါတယ္ ။ ဘဝမွာ ႏႈတ္မႈပညာ ၊ လက္မႈပညာေတြကို ေစ့ေစ့စပ္စပ္ ေလ့လာလိုက္စား တတ္ေျမာက္လြယ္တတ္ၾကပါတယ္ ။

အရာရွိအရာခံေတြရဲ႕ ခ်စ္ခင္ကူညီေစာင့္ေရွာက္မႈကို ရလြယ္တတ္ၾကပါတယ္ ။ လူအမ်ားနဲ႔ ေျပာဆိုဆက္ဆံရာမွာ ပရိယာယ္ႂကြယ္တတ္ၾကတဲ့သေဘာ ရွိတတ္ၾကပါတယ္ ။

ေယာက်ၤားေလးေတြဆိုရင္ အိမ္ေထာင္ျပဳေနာက္က်တတ္ၾကပါတယ္ ။ လူပ်ိဳႀကီး ျဖစ္တတ္ၾကပါတယ္ ။အိမ္ေထာင္က်ခဲ့ရင္လည္း မိမိက အရာရာကို ဦးေဆာင္ရ လမ္းၫႊန္ၾကရတတ္ပါတယ္ ။

✍️ၾကာသပေတးသားသမီး ရာဇဖြားေတြဟာစိတ္ျမန္လက္ျမန္ ရွိတတ္ၾကပါတယ္ ။ ေယာက်ၤားေလးျဖစ္ခဲ့ရင္ ထစ္ခနဲဆို လက္ပါခ်င္တတ္လို႔ ဉာဏ္သတိနဲ႔ အၿမဲ ထိန္းကြပ္ဖို႔ အထူးပင္ လိုအပ္လွပါတယ္ ။

စိတ္ျမန္ေတာ့ ႏႈတ္လည္း ျမန္တတ္ၾကပါတယ္ ။ အဲဒီေတာ့ စကားေျပာ ေလာတာ ၊ ေစာတာ ၊ မွားတာ ၊ ကြၽံတာေတြေၾကာင့္ ဘဝမွာ မလိုအပ္ဘဲ အမွားေတြပါသြားတတ္ၾကပါတယ္ ။

မာနရွိတယ္ ။ အရာရွိ အရာထမ္းတို႔ရဲ႕ ကူညီမစမႈကို ရရွိတတ္သူေတြလည္း ျဖစ္ပါတယ္ ။

စီးပြားေရးေျပလည္လာခ်ိန္မွာ အိမ္ေထာင္ေရးရႈပ္ေထြးလာတတ္လို႔ သတိထားရမည့္သူေတြလည္း ျဖစ္ၾကပါတယ္ ။

✍️စာေပသင္ၾကားျခင္း ၊ သင္တန္းပို႔ခ်ျခင္း ၊ ေရွ႕ေနေရွ႕ရပ္လုပ္ကိုင္ျခင္း စသည့္ စကားေျပာရတဲ့ ႏႈတ္မႈပညာလုပ္ငန္းေတြနဲ႔ အက်ိဳးျပတတ္ပါတယ္ ။

✍️ငယ္႐ြယ္စဥ္အခါမွာ ဘဝအတက္အက် ၾကမ္းတတ္ေပမယ့္လည္း အသက္အ႐ြယ္ ရလာေလ ဘဝအေျခအေန ျမင့္မားလာေလေလ ျဖစ္ၾကပါတယ္ ။

✍️အေရးႀကီးတဲ့ အခမ္းအနားပြဲတက္ေတၼွာ အစိမ္းေရာင္ကို ေရွာင္ၾကဥ္ပါ ။ စိန္ဟာ ဒီဇာတာရွင္ေတြအတြက္ အေဆာင္ရတနာပဲ ျဖစ္ပါတယ္ ။

✍️အသက္ ၃၀ ၊ ၃၁ ၊ ၃၂ ၊ ၃၈ ၊ ၃၉ ၊ ၄၀ ၊ ၄၆ ၊ ၄၇ ၊ ၄၈ ၊ ၅၄ ၊ ၅၅ ၊ ၅၆ ၊ ၆၂ ၊ ၆၃ ၊ ၆၄ ၊ ၇၀ ၊ ၇၁ ၊ ၇၂ ႏွစ္ေတြမွာ စိတ္ညစ္စရာေတြ တိုက္ဆိုင္ ႀကဳံေတြ႕ရတတ္တဲ့ အသက္အပိုင္းအျခ ေတြ ျဖစ္ပါတယ္ ။

✍️အသက္ ၅၄ ၊ ၅၅ ၊ ၅၆ႏွစ္ ေတြဟာ ပိုဆိုးတတ္ၿပီး စီးပြားေရး တသိမ့္သိမ့္ က်ဆင္းျခင္း ၊ က်န္းမာေရး အညံ့ ႀကဳံျခင္း ၊ အမႈအခင္း ၊ လူမႈေရး ေသာကမ်ား စသည္ျဖင့္ စိတ္ဆင္းရဲ ကိုယ္ဆင္းရဲ ျဖစ္စရာေတြ တိုက္ဆိုင္ ႀကဳံေတြ႕လြယ္တဲ့ အသက္အပိုင္းအျခားေတြ ျဖစ္ပါတယ္ ။

✍️ဒီအသက္ပိုင္းအျခားမွာ က်ေရာက္ေနခ်ိန္ ၊ မက်ေရာက္မီမွာ ေဗဒင္ပညာ အမွန္စင္စစ္နားလည္တတ္ကြၽမ္းတဲ့ ပညာရွင္ႀကီးေတြနဲ႔တိုင္ပင္ၿပီး ယၾတာအစီအရင္ေတြနဲ႔ ကာကြယ္မႈ ျပဳသင့္ၾကပါတယ္ ။

#Crd: ျမန္မာ့ ႐ိုးရာ ေဗဒင္ပညာ

#KhinThanOo

Leave a Reply

Your email address will not be published.