ဘုရားဖူးသွားဖို့ လာငှားရာမှ လိုက်ပါသွားခဲ့တဲ့ တက္ကစီသမားတစ်ယောက်ရဲ့ စိတ်မကောင်းဖွယ်ရာဖြစ်ရပ်

News

ဘုရားဖူးသွားဖို့ လာငှားရာမှ လိုက်ပါသွားခဲ့တဲ့ တက္ကစီသမားတစ်ယောက်ရဲ့ စိတ်မကောင်းဖွယ်ရာဖြစ်ရပ်

မန္တလေးတွင် တက္ကစီကားဆရာတစ်ဦး ကားလုယက်ခံခဲ့ရပြီး အသ.. တ်ခံခဲ့ရ

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ လျှပ်စစ် (EPC)ရုံး အနောက်ဘက် စက်မှုပန်းခြံလမ်းနှင့် (၁၂၈)လမ်းထောင့်၊ လမ်းဘေးတွင်

ယမန်နေ့ (အောက်တိုဘာ ၂)ညဦးပိုင်းက ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်း တွေ့ရှိခဲ့သည်။

သေဆုံးသူမှာ တက္ကစီ ကားဆရာ ကိုပြည့် ဆိုသူ ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

သေဆုံးသူ ကိုပြည့်သည် ယမန်နေ့အောက်တိုဘာ (၂) ရက် နံနက်ပိုင်းက မန္တလေး မြို့တွင်း ဘုရားဖူးကားအငှား လိုက်သွားရာမှ အသတ်ခံရပြီး ကားလုယက်ခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ (၂၆) လမ်းနှင့် (၅၄) လမ်းအနီးရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေသူများသည် မန္တလေးမြို့တွင်း ဘုရားဖူးရန်ဟုဆိုကာ ကားငှားခဲ့သည့်အတွက်လိုက်ပါသွားရာမှ အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပြီး

လူသတ်ပြီး ကားလုယက်သူများသည် ညပိုင်းတွင် လုယက်ထားသည့် ကားဖြင့် ဟိုတယ်ပြန်လာပြီး အထုပ်အပိုးများ ယူဆောင်ကာ ပြန်ထွက်သွားကြ‌ကြောင်း သိရသည်။

“CC/4268 ကားရော လူရောပျောက်သွားလိုပါ ၊အိမ်က အကိုကား taxi လိုက်သွားပါတယ်၊ မြို့တွင်း ဘုရားဖူးဆိုပီးငှါးသွားတာ အဆက်အသွယ်မရတော့လိုပါ ဖုန်းတွေရော စက်ပိတ်ထားပါတယ်၊

ဧည့်သည်တွေ တည်းခဲ့တဲ့ဟိုတယ်လိုက်စုံစမ်းတော့ CCTVမှတ်တမ်းမှာကားကို တခြားတစ်ယောက်ငှါးတဲ့သူကိုယ်တိုင်မောင်းလာပီး check out လုပ်သွားတာတွေ့ပါတယ်၊

အိမ်ကအကိုတော့ ကားမှာ မပါလာတော့ဘူး” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မနေ့ ည (၈) နာရီတွင် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ လျှပ်စစ် (EPC)ရုံး အနောက်ဘက် စက်မှုပန်းခြံလမ်းနှင့် (၁၂၈) လမ်းထောင့်၊

လမ်းဘေးတွင် ရင်အုံနှင့် ခြေသလုံး ထိုးသွင်းဒဏ်ရာအချို့ဖြင့် သေဆုံးနေသည့် အသက် (၃၀) ဝန်းကျင် အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိရသည့်အတွက်

အလောင်းကို ဆေးရုံကြီး ရင်ခွဲရုံ ပို့ခဲ့သည်ဟု ရွှေမဉ္ဇူပရဟိတ လူမှုကူညီရေး အသင်းက ဖော်ပြထားသည်။

CRD

ZAWGYI

ဘုရားဖူးသြားဖို႔ လာငွားရာမွ လိုက္ပါသြားခဲ့တဲ့ တကၠစီသမားတစ္ေယာက္ရဲ႕ စိတ္မေကာင္းဖြယ္ရာျဖစ္ရပ္

မႏၲေလးတြင္ တကၠစီကားဆရာတစ္ဦး ကားလုယက္ခံခဲ့ရၿပီး အသ.. တ္ခံခဲ့ရ

မႏၲေလးတိုင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ လွ်ပ္စစ္ (EPC)႐ုံး အေနာက္ဘက္ စက္မႈပန္းၿခံလမ္းႏွင့္ (၁၂၈)လမ္းေထာင့္၊ လမ္းေဘးတြင္

ယမန္ေန႔ (ေအာက္တိုဘာ ၂)ညဦးပိုင္းက ထိုးသြင္းဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည့္ အမ်ိဳးသားတစ္ဦး၏ အေလာင္း ေတြ႕ရွိခဲ့သည္။

ေသဆုံးသူမွာ တကၠစီ ကားဆရာ ကိုျပည့္ ဆိုသူ ျဖစ္သည္ဟု မိသားစုႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ေသဆုံးသူ ကိုျပည့္သည္ ယမန္ေန႔ေအာက္တိုဘာ (၂) ရက္ နံနက္ပိုင္းက မႏၲေလး ၿမိဳ႕တြင္း ဘုရားဖူးကားအငွား လိုက္သြားရာမွ အသတ္ခံရၿပီး ကားလုယက္ခံခဲ့ရျခင္း ျဖစ္သည္ဟု သိရသည္။

မႏၲေလးတိုင္း၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ (၂၆) လမ္းႏွင့္ (၅၄) လမ္းအနီးရွိ ဟိုတယ္တစ္ခုတြင္ တည္းခိုေနသူမ်ားသည္ မႏၲေလးၿမိဳ႕တြင္း ဘုရားဖူးရန္ဟုဆိုကာ ကားငွားခဲ့သည့္အတြက္လိုက္ပါသြားရာမွ အသတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရၿပီး

လူသတ္ၿပီး ကားလုယက္သူမ်ားသည္ ညပိုင္းတြင္ လုယက္ထားသည့္ ကားျဖင့္ ဟိုတယ္ျပန္လာၿပီး အထုပ္အပိုးမ်ား ယူေဆာင္ကာ ျပန္ထြက္သြားၾက‌ေၾကာင္း သိရသည္။

“CC/4268 ကားေရာ လူေရာေပ်ာက္သြားလိုပါ ၊အိမ္က အကိုကား taxi လိုက္သြားပါတယ္၊ ၿမိဳ႕တြင္း ဘုရားဖူးဆိုပီးငွါးသြားတာ အဆက္အသြယ္မရေတာ့လိုပါ ဖုန္းေတြေရာ စက္ပိတ္ထားပါတယ္၊

ဧည့္သည္ေတြ တည္းခဲ့တဲ့ဟိုတယ္လိုက္စုံစမ္းေတာ့ CCTVမွတ္တမ္းမွာကားကို တျခားတစ္ေယာက္ငွါးတဲ့သူကိုယ္တိုင္ေမာင္းလာပီး check out လုပ္သြားတာေတြ႕ပါတယ္၊

အိမ္ကအကိုေတာ့ ကားမွာ မပါလာေတာ့ဘူး” ဟု မိသားစုႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။

မေန႔ ည (၈) နာရီတြင္ မႏၲေလးၿမိဳ႕၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ လွ်ပ္စစ္ (EPC)႐ုံး အေနာက္ဘက္ စက္မႈပန္းၿခံလမ္းႏွင့္ (၁၂၈) လမ္းေထာင့္၊

လမ္းေဘးတြင္ ရင္အုံႏွင့္ ေျခသလုံး ထိုးသြင္းဒဏ္ရာအခ်ိဳ႕ျဖင့္ ေသဆုံးေနသည့္ အသက္ (၃၀) ဝန္းက်င္ အမ်ိဳးသားတစ္ဦး၏ အေလာင္းကို ေတြ႕ရွိရသည့္အတြက္

အေလာင္းကို ေဆး႐ုံႀကီး ရင္ခြဲ႐ုံ ပို႔ခဲ့သည္ဟု ေ႐ႊမၪၨဴပရဟိတ လူမႈကူညီေရး အသင္းက ေဖာ္ျပထားသည္။

CRD

Leave a Reply

Your email address will not be published.