ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတခုဖြစ်တဲ့”မသောက်မိသော မိုးခါးရေ”ကို ပွဲဦးထွက်မှာတင် ရုံပြည့် ရုံလျှံအားပေးကြလို့ ဝမ်းသာပျော်ရွှင်နေတဲ့ ဒါရိုက်တာကိုပေါက်…

Cele News

ကိုယ်တိုင်ကြိုးစားအားထုတ်ထားသော ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတခုဖြစ်တဲ့”မသောက်မိသော မိုးခါးရေ”ကို ပွဲဦးထွက်မှာတင် ရုံပြည့် ရုံလျှံအားပေးကြလို့ ဝမ်းသာပျော်ရွှင်နေတဲ့ ဒါရိုက်တာကိုပေါက်…

ပရိသတ်ကြီးရေ ဒါရိုက်တာ ကိုပေါက် ကတော့ အမှန်တရားအတွက် ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီး တော်လှန်ရေးအတွက် အစွမ်းကုန်ကြိုးစားနေသူတစ်ဦး ဖြစ်ပါတယ်။ဒါအပြင် ပြည်သူတွေကို စိတ်ဓာတ်မကျစေဖို့ အမြဲတမ်းအားပေးနေပြီး သွေးမအေးသွားစေဖို့အတွက်လဲ အမြဲတမ်းလှုံ့ဆော်နေသူလဲ ဖြစ်ပါတယ်။တော်လှန်ရေးအတွက် ပြုလုပ်တဲ့ ရန်ပုံငွေပွဲတွေမှာလဲ အမြဲတမ်းလိုလိုပါဝင်နေတာကိုလဲ တွေ့ရပါတယ်။

CDM စစ်ဗိုလ်တစ်ဦးရဲ့ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ရုပ်ရှင် ပွဲဦးထွ က်မှာရုံပြည့်ရုံလျှံဖြစ်သွားခဲ့တာကြေ ာင့် အားလုံးကအံ့သြဝမ်းသာခဲ့ရ ပါတယ်။ဒါရိုက်တာကိုပေါက်ရဲ့ ” မသောက်မိသောမိုးခါးရေ ” ရုပ်ရှင်ဇာတ်ကားကို ယူကေ ၊ လန်ဒန်မြို့ ရှိ The Comedy Store မှာ ပွဲဦးထွက်စတင်ပြခဲ့ရာရုံပြည့်ရုံလျှံခဲ့ပြီးသတ်မှတ်ခုံအရေ အတွက် ၄၀၀ထက်ကျော်လွန်ခဲ့လို့ ခုံတိုးပြသခဲ့ရတယ်လို့ ရုပ်ရှင်ပြပွဲဖြစ်မြောက်ရေးအဖွဲ့ကနေတစ်ဆင့် သိရပါတယ်။

မ‌နေ့က လန်ဒန်မြို့မှာ ပြသတဲ့ ဒီရုပ်ရှင်ပြပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယူကေနိုင်ငံ ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးမောင်မောင်အောင်နဲ့ ဒေါက်တာသက်ကိုကိုတို့ တက်ရောက်ခဲ့ကြပါတယ်။ကနဦးအနေနဲ့ နိုင်ငံ ၆ နိုင်ငံမှာပြသသွားမှာဖြစ်ပြီး သြစတေးလျနိုင်ငံ ၊ ဆစ်ဒနီမြို့ ၊ ဂျပန်နိုင်ငံ တိုကျို၊ နာဂိုယာ ၊ အိုဆာကာ ၊ အမေရိကန်နိုင်ငံ နယူးယောက်မြို့ နဲ့ ဆန်ဖရန်ဆစ္စကိုမြို့ ၊ တောင်ကိုးရီးယားနိုင်ငံ အင်ချွန်းနဲ့ ဆွစ်ဇာလန် နိုင်ငံတွေမှာ ဆက်လက်ပြသမှာဖြစ်တယ်လို့ဆိုပါတယ်။

crd

ZAWGYI

ကိုယ္တိုင္ႀကိဳးစားအားထုတ္ထားေသာ ျဖစ္ရပ္မွန္ဇာတ္လမ္းေလးတခုျဖစ္တဲ့”မေသာက္မိေသာ မိုးခါးေရ”ကို ပြဲဦးထြက္မွာတင္ ႐ုံျပည့္ ႐ုံလွ်ံအားေပးၾကလို႔ ဝမ္းသာေပ်ာ္႐ႊင္ေနတဲ့ ဒါ႐ိုက္တာကိုေပါက္…

ပရိသတ္ႀကီးေရ ဒါ႐ိုက္တာ ကိုေပါက္ ကေတာ့ အမွန္တရားအတြက္ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနၿပီး ေတာ္လွန္ေရးအတြက္ အစြမ္းကုန္ႀကိဳးစားေနသူတစ္ဦး ျဖစ္ပါတယ္။ဒါအျပင္ ျပည္သူေတြကို စိတ္ဓာတ္မက်ေစဖို႔ အၿမဲတမ္းအားေပးေနၿပီး ေသြးမေအးသြားေစဖို႔အတြက္လဲ အၿမဲတမ္းလႈံ႕ေဆာ္ေနသူလဲ ျဖစ္ပါတယ္။ေတာ္လွန္ေရးအတြက္ ျပဳလုပ္တဲ့ ရန္ပုံေငြပြဲေတြမွာလဲ အၿမဲတမ္းလိုလိုပါဝင္ေနတာကိုလဲ ေတြ႕ရပါတယ္။

CDM စစ္ဗိုလ္တစ္ဦးရဲ႕ျဖစ္ရပ္မွန္ကို အေျခခံ႐ိုက္ကူးထားတဲ့႐ုပ္ရွင္ ပြဲဦးထြ က္မွာ႐ုံျပည့္႐ုံလွ်ံျဖစ္သြားခဲ့တာေၾက ာင့္ အားလုံးကအံ့ၾသဝမ္းသာခဲ့ရ ပါတယ္။ဒါ႐ိုက္တာကိုေပါက္ရဲ႕ ” မေသာက္မိေသာမိုးခါးေရ ” ႐ုပ္ရွင္ဇာတ္ကားကို ယူေက ၊ လန္ဒန္ၿမိဳ႕ ရွိ The Comedy Store မွာ ပြဲဦးထြက္စတင္ျပခဲ့ရာ႐ုံျပည့္႐ုံလွ်ံခဲ့ၿပီးသတ္မွတ္ခုံအေရ အတြက္ ၄၀၀ထက္ေက်ာ္လြန္ခဲ့လို႔ ခုံတိုးျပသခဲ့ရတယ္လို႔ ႐ုပ္ရွင္ျပပြဲျဖစ္ေျမာက္ေရးအဖြဲ႕ကေနတစ္ဆင့္ သိရပါတယ္။

မ‌ေန႔က လန္ဒန္ၿမိဳ႕မွာ ျပသတဲ့ ဒီ႐ုပ္ရွင္ျပပြဲကို အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ရဲ႕ ယူေကႏိုင္ငံ ကိုယ္စားလွယ္ေတြျဖစ္တဲ့ ဦးေမာင္ေမာင္ေအာင္နဲ႔ ေဒါက္တာသက္ကိုကိုတို႔ တက္ေရာက္ခဲ့ၾကပါတယ္။ကနဦးအေနနဲ႔ ႏိုင္ငံ ၆ ႏိုင္ငံမွာျပသသြားမွာျဖစ္ၿပီး ၾသစေတးလ်ႏိုင္ငံ ၊ ဆစ္ဒနီၿမိဳ႕ ၊ ဂ်ပန္ႏိုင္ငံ တိုက်ိဳ၊ နာဂိုယာ ၊ အိုဆာကာ ၊ အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕ နဲ႔ ဆန္ဖရန္ဆစၥကိုၿမိဳ႕ ၊ ေတာင္ကိုးရီးယားႏိုင္ငံ အင္ခြၽန္းနဲ႔ ဆြစ္ဇာလန္ ႏိုင္ငံေတြမွာ ဆက္လက္ျပသမွာျဖစ္တယ္လို႔ဆိုပါတယ္။

crd

Leave a Reply

Your email address will not be published.