“ဂျပ်ဆင်ထိပ်ကလရိပ်ပြာ”သီချင်းထဲက ပြန်မလာနိုင်ခဲ့တဲ့အဆောင်သူလေးတစ်ယောက်အကြောင်း”

News

Unicode

“ဂျပ်ဆင်ထိပ်ကလရိပ်ပြာ”သီချင်းထဲက ပြန်မလာနိုင်ခဲ့တဲ့အဆောင်သူလေးတစ်ယောက်အကြောင်း”

ရန်ကုန်တက္ကသိုလ် နှစ်၁၀၀ပြည့် အမှတ်တရတေးတွေထဲမှာအခိုက်ဆုံးသီချင်းက ကိုငှက်(ထူးအိမ်သင်)ရေးတဲ့” ဂျပ်ဆင်ထိပ်က လရိပ်ပြာ” ပါ။

အဲဒီသီချင်းကိုပထမ အမျိုးသမီးအဆိုတော်တစ်ယောက်ဆိုဖူးတယ်။

ကိုငှက်ကတော့ “အတ္တပုံဆောင်ခဲများ” အခွေထဲမှာပြန်လည်သီဆိုထားတာပါ။

အခွေက ၁၉၈၈အရေးတော်ပုံအလွန် ကျောင်းသားသွေးတွေပူနွေးစွတ်စိုဆဲကာလမှာ ထွက်ရှိခဲ့တာပါ။

သာမန်အားဖြင့်ကြည့်ရင် အချစ်သီချင်းရိုးရိုးလေးလို့ ထင်ရပေမယ့် ကိုငှက်က သူကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့ ပူပူနွေးနွေး သမိုင်းတစ်ရပ်ကို ပါးပါးလေးရေးဖွဲ့ခဲ့တာပါ။

ရသလည်းမြောက်စေ ဆင်ဆာလည်းလွတ်စေပေါ့။

အရေးတော်ပုံအပြီး ကျောင်းတွေပြန်ဖွင့်တော့ အကြောင်းအမျိုးမျိုးနဲ့ကျောင်းဝန်းထဲပြန်မရောက်နိုင်တော့တဲ့ ကျောင်းသားတွေလည်းအများအပြားရှိခဲ့တာပေါ့။

နွေကျောင်းပိတ်ရက်တွေလွန်ချိန်မှ ာသူပြန်မလာနိုင်ပြီပဲ..တဲ့။

ရန်ကုန်တက္ကသိုလ်ကြီးသို့ပညာလာရောက်သင်ကြားနေသည့် အဆောင်သူလေးကို စွဲလန်းနှစ်သက်နေသော လူငယ်လေးတစ်ယောက်သည်

အဆောင်သူလေး၏ အဆောင်အောက် အမှောင်ရိပ်ကလေး တစ်နေရာတွင် ရင်ခုန်သံတို့ကိုအခြေခံထားသော တေးသီချင်းတို့အား ဂစ်တာတစ်လက်ဖြင့် တွဲဖက်သီဆိုနေလေ့ရှိသည်။

အဆောင်သူကလေးသည် ဂျပ်ဆင်ထိပ်က လမင်းလေးအလား ငြိမ်းချမ်းအေးမြသော အလှတရားတို့ဖြင့် ပြီးပြည့်စုံနေသူဖြစ်ပြီး

လူငယ်လေး၏ သီချင်းတို့ကို သာယာနားစွင့်ရင်း နှလုံးသား၂ ခုတို့နားလည်မှုအပြည့်ဝ ရရှိသွားလေခဲ့သည်။

မကြာမှီ ၈၈အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့သည်။ အဆောင်သူလေး ထိုအနားသို့ရောက်သွားစဉ် ကံအကြောင်းမလှမှုကြောင့် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရလေတော့သည်။

ဘယ်ဆီ၊ ဘယ်အခြေနေသို့ ရောက်လေသည်ကို မသိနိုင်အောင် အဆက်အသွယ် ပြတ်တောက်သွားသဖြင့် စောင့်နေရုံမှတပါး နည်းလမ်းမရှိတော့ချေ။

နွေရာသီကျောင်းပိတ်ရက်တို့ ကျော်လွန်ပြီး ကျောင်းပြန်ဖွင့်ချိန်ရောက်သော်လည်း အဆောင်သူလေးပြန်ရောက်မလာတော့ချေ။

ညဉ့်နက်သန်းခေါင် နိုးတစ်ဝက် အိပ်မက်တွင် မီးမထွန်းသော အခန်းကျဉ်းလေးထဲတွင် လိပ်ပြာငယ်လေးတစ်ကောင်ဝဲပျံနေသည်။

ဤအိပ်မက်သည်တကယ်တော့ အဆောင်သူလေးကသူသိပ်ချစ်သောလူငယ်လေးကို အိပ်မက်လာပေးခြင်းဖြစ်သည်။

အဆောင်နံရံပေါ်တွင်ပုံရိပ်ဝိုးတဝါး မြင်ရနိုးနိုးဖြင့် နေဝင်ပြီဆိုလျှင်ဂစ်တာတစ်လက်ယူပြီးသီချင်းတို့ကို သွားရောက် သီကျူးရင်းနှလုံးသားကား စွဲလန်းသောစိတ်မီးတို့ဖြင့် လောင်မြုက်နေသည်

ဂျပ်ဆင်ထိပ်တွင်လရိပ်ကလေးသာနေသည် သို့သော်လူငယ်၏ ဘဝတစ်သက်သာ လက်တွဲဖော်ကားမျက်ရည်သာဖြစ်လေတော့သည်။

Credit to original

Zawgyi

“ဂ်ပ္ဆင္ထိပ္ကလရိပ္ျပာ”သီခ်င္းထဲက ျပန္မလာႏိုင္ခဲ့တဲ့အေဆာင္သူေလးတစ္ေယာက္အေၾကာင္း”

ရန္ကုန္တကၠသိုလ္ ႏွစ္၁၀၀ျပည့္ အမွတ္တရေတးေတြထဲမွာအခိုက္ဆုံးသီခ်င္းက ကိုငွက္(ထူးအိမ္သင္)ေရးတဲ့” ဂ်ပ္ဆင္ထိပ္က လရိပ္ျပာ” ပါ။

အဲဒီသီခ်င္းကိုပထမ အမ်ိဳးသမီးအဆိုေတာ္တစ္ေယာက္ဆိုဖူးတယ္။

ကိုငွက္ကေတာ့ “အတၱပုံေဆာင္ခဲမ်ား” အေခြထဲမွာျပန္လည္သီဆိုထားတာပါ။

အေခြက ၁၉၈၈အေရးေတာ္ပုံအလြန္ ေက်ာင္းသားေသြးေတြပူေႏြးစြတ္စိုဆဲကာလမွာ ထြက္ရွိခဲ့တာပါ။

သာမန္အားျဖင့္ၾကည့္ရင္ အခ်စ္သီခ်င္း႐ိုး႐ိုးေလးလို႔ ထင္ရေပမယ့္ ကိုငွက္က သူကိုယ္တိုင္ျဖတ္သန္းခဲ့တဲ့ ပူပူေႏြးေႏြး သမိုင္းတစ္ရပ္ကို ပါးပါးေလးေရးဖြဲ႕ခဲ့တာပါ။

ရသလည္းေျမာက္ေစ ဆင္ဆာလည္းလြတ္ေစေပါ့။

အေရးေတာ္ပုံအၿပီး ေက်ာင္းေတြျပန္ဖြင့္ေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ေက်ာင္းဝန္းထဲျပန္မေရာက္ႏိုင္ေတာ့တဲ့ ေက်ာင္းသားေတြလည္းအမ်ားအျပားရွိခဲ့တာေပါ့။

ေႏြေက်ာင္းပိတ္ရက္ေတြလြန္ခ်ိန္မွ ာသူျပန္မလာႏိုင္ၿပီပဲ..တဲ့။

ရန္ကုန္တကၠသိုလ္ႀကီးသို႔ပညာလာေရာက္သင္ၾကားေနသည့္ အေဆာင္သူေလးကို စြဲလန္းႏွစ္သက္ေနေသာ လူငယ္ေလးတစ္ေယာက္သည္

အေဆာင္သူေလး၏ အေဆာင္ေအာက္ အေမွာင္ရိပ္ကေလး တစ္ေနရာတြင္ ရင္ခုန္သံတို႔ကိုအေျခခံထားေသာ ေတးသီခ်င္းတို႔အား ဂစ္တာတစ္လက္ျဖင့္ တြဲဖက္သီဆိုေနေလ့ရွိသည္။

အေဆာင္သူကေလးသည္ ဂ်ပ္ဆင္ထိပ္က လမင္းေလးအလား ၿငိမ္းခ်မ္းေအးျမေသာ အလွတရားတို႔ျဖင့္ ၿပီးျပည့္စုံေနသူျဖစ္ၿပီး

လူငယ္ေလး၏ သီခ်င္းတို႔ကို သာယာနားစြင့္ရင္း ႏွလုံးသား၂ ခုတို႔နားလည္မႈအျပည့္ဝ ရရွိသြားေလခဲ့သည္။

မၾကာမွီ ၈၈အေရးေတာ္ပုံႀကီး ေပၚေပါက္လာခဲ့သည္။ အေဆာင္သူေလး ထိုအနားသို႔ေရာက္သြားစဥ္ ကံအေၾကာင္းမလွမႈေၾကာင့္ ဖမ္းဆီးေခၚေဆာင္ျခင္း ခံရေလေတာ့သည္။

ဘယ္ဆီ၊ ဘယ္အေျခေနသို႔ ေရာက္ေလသည္ကို မသိႏိုင္ေအာင္ အဆက္အသြယ္ ျပတ္ေတာက္သြားသျဖင့္ ေစာင့္ေန႐ုံမွတပါး နည္းလမ္းမရွိေတာ့ေခ်။

ေႏြရာသီေက်ာင္းပိတ္ရက္တို႔ ေက်ာ္လြန္ၿပီး ေက်ာင္းျပန္ဖြင့္ခ်ိန္ေရာက္ေသာ္လည္း အေဆာင္သူေလးျပန္ေရာက္မလာေတာ့ေခ်။

ညဥ့္နက္သန္းေခါင္ ႏိုးတစ္ဝက္ အိပ္မက္တြင္ မီးမထြန္းေသာ အခန္းက်ဥ္းေလးထဲတြင္ လိပ္ျပာငယ္ေလးတစ္ေကာင္ဝဲပ်ံေနသည္။

ဤအိပ္မက္သည္တကယ္ေတာ့ အေဆာင္သူေလးကသူသိပ္ခ်စ္ေသာလူငယ္ေလးကို အိပ္မက္လာေပးျခင္းျဖစ္သည္။

အေဆာင္နံရံေပၚတြင္ပုံရိပ္ဝိုးတဝါး ျမင္ရႏိုးႏိုးျဖင့္ ေနဝင္ၿပီဆိုလွ်င္ဂစ္တာတစ္လက္ယူၿပီးသီခ်င္းတို႔ကို သြားေရာက္ သီက်ဴးရင္းႏွလုံးသားကား စြဲလန္းေသာစိတ္မီးတို႔ျဖင့္ ေလာင္ျမဳက္ေနသည္

ဂ်ပ္ဆင္ထိပ္တြင္လရိပ္ကေလးသာေနသည္ သို႔ေသာ္လူငယ္၏ ဘဝတစ္သက္သာ လက္တြဲေဖာ္ကားမ်က္ရည္သာျဖစ္ေလေတာ့သည္။

Credit to original

Leave a Reply

Your email address will not be published.