Unicode
အခုတခါတင်ဆက်ပေးမှာကတော့ မြန်မာ့အနုပညာလောကတွင် အပြုံးချိုချိုလေးနဲ့ ဆွဲဆောင်မှုရှိပြီး ပရိတ်သတ်များရဲ့ ချစ်ခင်အားပေးမှု ကို အခိုင်အမာရရှိထားသော မင်းသမီးချော ပိုင်ဖြိုးသု ရဲ့ အကြောင်းပဲဖြစ်ပါတယ်။
ပိုင်ဖြိုးသု ကို (၁၉၉၀)ခုနှစ်၊ဧပြီလ(၅)ရက်နေ့၌ ရန်ကုန်မြို့တွင်မွေးဖွားခဲ့ပါတယ်။သူမသည် ဆေးတက္ကသိုလ်(၁)ရန်ကုန် မြို့မှ ဘွဲ့ရရှိထားသော ဆရာဝန်တစ်ယောက်လည်းဖြစ်ပါတယ်။ သူမရဲ့ မိသားစုဘဝကတော့ (၂၀၁၉)ခုနှစ်




၊ဇန်နဝါရီလ(၁)ရက်နေ့တွင် ဒါရိုက်တာ ဏကြီးနှင့် လက်ထက်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးသည် ပိုင်ဖြိုးသုထက် အသက်(၉)နှစ်ကြီးပြီး သူမအား အလိုလိုက်ချစ်ခင်ပေးသည်ဟု သိရပါတယ်။
ပိုင်ဖြိုးသု ဟာ (၂၀၁၇)ခုနှစ်တွင် ဆရာမ”ကြည်အေး”၏ “မီ”ဇာတ်ကား၌ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့သည်။ထိုဇာတ်ကားမှာ လူကြိုက်များခဲ့ပြီး လူစိတ်ဝင်စားခြင်းများစွာကို ခံခဲ့ရသည်။




ပိုင်ဖြိုးသု ဟာ ဗီဒီယိုဇာတ်ကားများသာမက ရုံတင်ရုပ်ရှင်များစွာကို ရိုက်ကူးခဲ့ပြီဖြစ်သည်။သူမ ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားကြီးများမှာ “ဧဒင်ရဲ့နတ်သမီး(၂၀၁၆)”၊ “သရဲမ၊ဘီလူးမနှင့်မိန်းမပျို(၂၀၁၇)”၊”နေဝင်အိပ်တန်းတက်(၂၀၁၇)”
၊”ဂန္တဝင်အညိုး(၂၀၁၈)”၊”မီ(၂၀၁၈)”၊ “ထာဝရနှောင်ကြိုး(၂၀၁၉)”၊”မိန်းမတစ်ယောက်၏ ဖွင့်ဟဝန်ခံချက်(၂၀၂၀)” စသည်တို့ဖြစ်ပါတယ်။ သူမဟာ ရုပ်ရှင်ဇာတ်ကားကြီးများကို ရိုက်ကူးခဲ့ရုံသာမက မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် သူမဟာ ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်။(၂၀၁၆)ခုနှစ်တွင်ရိုက်ကူးခဲ့သော “ဧဒင်၏ နတ်သမီးများ”
ဇာတ်ကားဖြင့် ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်။(၂၀၁၇)ခုနှစ်တွင် ရိုက်ကူးခဲ့သော “သရဲမ၊ဘီလူးမနှင့်မိန်းမပျို”ဇာတ်ကားတွင် “ရွှေရုပ်သွင်” အမည်ဖြင့် “အမျိုးသမီးဇာတ်ပို့ဆု”ကို ရရှိခဲ့ပါတယ်။




(၂၀၁၈)ခုနှစ်တွင် ရုံတင်ခဲ့သော”မီ”ဇာတ်ကားဖြင့် လည်း အကယ်ဒမီဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်။ထို့အပြင် မင်းသားဇာဏ်ခီနှင့် အတူရိုက်ကူးထားသော (၂၀၁၉)ခုနှစ်တွင် ရုံတင်ပြသခဲ့သော “ထာဝရနှောင်ကြိုး”ရုပ်ရှင်ဇာတ်ကားမှာလည်း
လူကြိုက်များခဲ့ပါတယ်။နောက်ဆုံး(၂၀၂၀)ခုနှစ်တွင် ရုံတင်ခဲ့သော စာရေးဆရာမ”ဂျုး”၏ ဝတ္တုဖြစ်သည့် “မိန်းမတစ်ယောက်၏ဖွင့်ဟဝန်ခံချက်”ဇာတ်ကားကြီးမှာလည်း ပိုင်ဖြိုးသုဟာ အောင်မြင်ကျော်ကြားခဲ့ပါသည်။
ထိုမျှသာမက (၂၀၁၈)ခုနှစ်တွင် ကျင်းပခဲ့သော “Star Awards”ရုပ်ရှင်ထူးချွန်ဆု ပေးပွဲတွင် “မီ”ဇာတ်ကားဖြင့် “အမျိုးသမီး ဇာတ်ဆောင်ဆု”ကိုလည်း ရရှိခဲ့ပါတယ်။
crd




Zawgyi












crd