ကပ်ကြီးသုံးပါးကို ကျော်လွှားနိုင်စေဖို့ မင်းကွန်း ဆရာတော်ဘုရားကြီး ဟောကြားခဲ့သောမိန့် မှာ ချက် များ
၁။ သူတကာတွေ လောဘ ကြီး သော်လည်း
မိမိက လောဘ မကြီးအောင် နေပါ။
ထိုသို့နေလျှင် သူတကာ ငတ်မွတ် ခေါင်းပါးခြင်း(ဒုဗ္ဘိက္ခန္တရကပ် ) ဘေး သင့်ရောက်သော်လည်းမိမိမှာ ထိုဘေးမှ လွတ်မြောက်မည် ။




၂။ သူတကာတွေ ဒေါသ ကြီးသော်လည်း
မိမိက ဒေါသ မကြီးအောင်နေပါ။
ထိုသို့ နေလျှင် သူတကာ လက်နက် ဘေးဆိုး
အန္တရာယ် (သတ္ထန္တရကပ်) ဆိုက်ရောက်
သော်လည်း မိမိမှာ ထိုဘေးမှ လွတ်မြောက်မည်။
၃။ သူတကာတွေ မောဟ ကြီးသော်လည်း
မိမိက မောဟ မကြီးအောင်နေပါ။
ထိုသို့နေလျှင် သူတကာ အနာ ရောဂါ ဘေးဆိုး(ရောဂန္တရကပ်) ဆိုက်ရောက်သော်လည်းမိမိမှာ ထို ကပ်ဘေးမှ လွတ်မြောက်မည်။




ဤကား ကျေးဇူးတော် ရှင် မင်းကွန်းဆရာတော်ဘုရားကြီး အမြဲမပြတ် ဆိုဆုံးမလေ့ရှိသောသြဝါဒ ဖြစ်ပါသည်။
ယနေ့ ယခု မျက်မှောက် အချိန်အခါ သည်ကား ထို သြဝါဒအတိုင်း လိုက်နာ ကျင့်သုံးရန် အချိန်တန်နေပြီ ဖြစ်၍
(၁) လောဘ မကြီးရန် မိမိ တတ်နိုင်သမျှ
စွန့်ကြဲ ပေးကမ်း လှူဒါန်းပါ ။(ဒါန၊ စာဂ)




(၂) ဒေါသ မကြီးရန် သတ္တဝါ အားလုံးတို့အား
မေတ္တာတရား များများပို့သပါ။(မေတ္တာဘာဝနာ)
(၃) မောဟ မကြီးရန် ရုပ် နာမ်ဓမ္မ သင်္ခါရတို့၏အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောကို အချိန်ရသမျှဆင်ခြင်ပါ ။(ဝိပဿနာဘာဝနာ)
၊တိပိဋကဓရ၊ တိပိဋကေကာဝိဒ ဓမ္မဘဏ္ဍာဂါရိကကျေးဇူးတော်ရှင်မင်းကွန်းဆရာတော်ဘုရားကြီး
ပေးရသောအချိန်နှင့် တန်သော
အသိဥာဏ်ဗဟုသုတများ ရရှိနိုင်ကြပါစေ။




*လောဘကြီးက ငတ်မွတ်ရ ဒုဗ္ဘိက္ခန္တရကပ်။
*ဒေါသကြီးက သတ်ဖြတ်ကြ သတ္ထန္တရကပ်။
*မောဟကြီးက ဖျားနာကြ ရောဂန္တရကပ်။
*လောဘနဲသေ ပြိတ္တာပြည်(ပြေ)-
*ဒေါသနဲ့သေ ငရဲပြည်(ပြေ)-
*မောဟနဲ့သေ တိရစ္ဆာန်ပြည်(ပြေ)-
မသွေရောက်တတ်သည်။
crd