ဖမ်းဆီးခံရတာချင်းတူတာတောင် ရှေ့နေ့ခေါ်ခွင့်မရခဲ့တာကြောင့် ထောင်တွင်းကအခြေအနေကို သေချာမသိရသေးတဲ့ နန်းမွေ့စံ
ပရိသတ်ကြီးရေ ဆရာဝန်တစ်ဦးလဲဖြစ် ဆက်ဆီမော်ဒယ်တစ်ဦးအဖြစ် လုပ်ကိုင်နေတဲ့ မော်ဒယ် နန်းမွေ့စံ ကိုပဲ တော့ အားလုံးပဲကြိုက်ကြမယ် ထင်ပါတယ်။




သူမကတော့ ဆက်ဆီဓာတ်ပုံတွေကို ရိုက်ကူးရတာ ကြိုက်နှစ်သက်လွန်းတာကြောင့် ဆရာဝန်ဆိုတဲ့ ဂုဏ်ပုဒ်ကိုစွန့်လွှတ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဆက်ဆီမော်ဒယ်အဖြစ် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။
နန်းမွေ့စံ ရဲ့ ဓာတ်ပုံတွေကို ကြိုက်နှစ်သက်တဲ့ ပုရိသတွေကတော့ အများအပြားပါပဲနော်။
ဆက်ဆီမော်ဒယ် နန်းမွေ့စံ ဟာ ဆက်ဆီဓာတ်ပုံတွေကို အမြဲတင်ပေးနေပြီးတော့ ကိုယ်ပိုင် website ထောင်ပြီးတော့ စီးပွားဖြစ်လုပ်ကိုင်နေသူလဲ ဖြစ်ပါတယ်။
သူမရဲ့လှပလွန်းတဲ့ ခန္ဓာကိုယ်နဲ့ မျက်နှာလေးကတော့ စွဲမက်စရာကောင်းလောက်အောင် ချစ်ဖို့ကောင်းလွန်းနေတာကြောင့်
ယောက်ကျားလေးပရိသတ်တွေရဲ့ ချစ်ခင်မှု့ကိုရရှိထားတဲ့အပြင် မိန်းကလေးချင်းအားကျရလောက်တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားပါတယ်။




မော်ဒယ် နန်းမွေ့စံ နဲ့ သင်ဇာဝင့်ကျော်တို့ကိုတော့ ကာယိန္ဒြေပျက်ပြားစေတဲ့ အဖော်အချွတ်ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ
အခကြေးငွေရယူကာ ဖြန့်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အီလက်ထရောနစ်ပုဒ်မ ၃၃(က)အရ တရားစွဲဆိုထားတာပါ။
သင်ဇာဝင့်ကျော် နဲ့ အတူတစ်ရက်တည်း ဖမ်းဆီးခံလိုက်ရတဲ့ မော်ဒယ် နန်းမွေစံ ကတော့ ရှေ့နေခေါ်ခွင့်မရတာကြောင့် မိသားစုတွေ စိတ်ပူနေကြပါတယ်။
မွေ့စံ ဟာ စစ်အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ မြောက်ဒဂုံမြို့နယ်အတွင်းမှာဖမ်းဆီးခံလိုက်ရတာဖြစ်တာကြောင့် ရှေ့နေခေါ် ခွင့်မရတာလို့ သိရပါတယ်။




‘’ဖမ်းသွားတာ နှစ်လနီးပါးရှိပြီ၊ အင်းစိန်ထောင်ထဲရောက်တာလည်း တစ်လကျော်နေပါပြီ။ရှေ့နေခေါ်ခွင့်မရတော့ အခြေအနေတွေသေချာမသိရဘူး’’ လို့ သူမရဲ့ မိသားစုကပြောပြခဲ့ပါတယ်။
သင်ဇာဝင့်ကျော် နဲ့ နန်းမွေ့စံ တို့ကို စွဲချက်တင်ထားတဲ့ အီလတ်ထရောနစ်ဥပဒေပုဒ်မ ၃၃ (က) ကတော့ ပြစ်မှု့ထင်ရှားပါက ထောင်ခုနှစ်နစ်အထိ ကျသွားနိုင်ပါတယ်။
ပရိသတ်ကြီးရေ ချစ်တဲ့ နန်းမွေ့စံ နဲ့ သင်ဇာဝင့်ကျော် တို့အတွက် ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။
Crd
Unicode








မော်ဒယ် နန်းမွေ့စံ နဲ့ သင်ဇာဝင့်ကျော်တို့ကိုတော့ ကာယိနြေ္ဒပျက်ပြားစေတဲ့ အဖော်အချွတ်ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ




Crd