အလုပ်အဆင်မပြေလို့ ဆံပင်ဖြူနုတ်ဆိုင် ဖွင့်လိုက်ရာမှ တလ သိန်း ၆၀ ဝင်ငွေရသွားတဲ့ အမျိုးသမီး
ဘာစီးပွါးရေး လုပ်လုပ် အဆင်မပြေဖြစ်နေရာမှ ဆံပင်ဖြူနုတ်ဆိုင် ဖွင့်လိုက်ရာ တစ်လဝင်ငွေ
ဘတ်တစ်သိန်း မြန်မာငွေ သိန်း ၆၀ ရသွားတဲ့အပြင် တီဗွီ အစီအစဉ်တွေမှာပါ နာမည်ကြီးလာတဲ့ ထိုင်းအမျိုးသမီး
အကြံပေးလိုက်ပီနော် တစ်နာရီ ဘတ် ၁၅၀ မြန်မာငွေ ၉၀၀၀ ကျပ် တဲ့ ဆိုင်က ဘန်ကောက် လာမင်ထာ Ram Intra မှာရှိပါတယ်။

မြန်မာပြည်မှာ ဘာလုပ်ရမှန်း မသိတဲ့သူတွေ ဘာလုပ်လုပ် အဆင်မပြေ ဖြစ်နေတဲ့ သူတွေလည်း ဆံပင်ဖြူနုတ်ဆိုင် ဖွင့်ပြီး ဝန်ဆောင်မှု ပေးသင့်နေပါပြီ။
လူတွေ အလိုအပ်ဆုံး အရာကို ဦးတည်ပြီး ဝန်ဆောင်မှု ဖြစ်ဖြစ် စီးပွားရေးဖြစ်ဖြစ် စွန့်ဦးတီထွင် လုပ်ရင် အောင်ကို အောင်မြင်မှာ ဖြစ်ကြောင်း တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။
ခေတ်ဆိုး ခေတ်ကြပ်ကြီးထဲမှာ လုပ်ငန်းတွေ အဆင်ပြေ ချောမွေ့ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။

Credit

