လက်ရှိအချိန်က တန်ပြန်ထိုးစစ်အကြိုကာလဖြစ် တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် အသိပေး

News

လက်ရှိအချိန်က တန်ပြန်ထိုးစစ်အကြိုကာလအဖြစ် မှတ်ယူနိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် အသိပေး

◾️ လွတ်မြောက်ဒေသတစ်ခု မကြာခင်ပေါ်လာတော့မယ်လို့ ပြောကြား

စက်တင်ဘာ ၉ ၊ ၂၀၂၂

လက်ရှိအချိန်ကာလကို စစ်ရေးအရ တန်ပြန်ထိုးစစ်အကြိုကာလအဖြစ် မှတ်ယူနိုင်တယ်ဆိုတာနဲ့ ပြောက်ကျားလှုပ်ရှားမှု တွေကို ဒီထက်ပိုပြီးလုပ်ဆောင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။

‘လက်ရှိပြင်ဆင်နေတာက တန်ပြန်ထိုးစစ်အတွက်။ ဒီနေ့ ဒီအချိန်ကို တန်ပြန်ထိုးစစ် အကြိုကာလလို့ မှတ်ယူလို့ရနိုင် တယ်။ တစ်ဖက်မှာ ပြောက်ကျားလှုပ်ရှားမှုကိုလည်း ဒီထက်ပိုပြီး လုပ်မယ်။ တစ်ဖက်မှာလည်း လိုအပ်တဲ့ တန်ပြန် ထိုးစစ်တွေ လုပ်နိုင်ဖို့ပြင်ဆင်မှုတွေ ဒီနေ့ ဒီအချိန် တပြိုင်တည်း ကျနော်တို့ ဆောင်ရွက်နေပါတယ်။’ လို့ ပြည်ထောင်စုဝန် ကြီး ဦးရည်မွန်က Myanmar Now သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားလိုက်တာပါ။

ကာကွယ်ရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ထားတဲ့ PDF အရေအတွက်က ၆၀၀၀၀ နဲ့ ၇၀၀၀၀ ကြားရှိထားပြီးတော့ တပ်ရင်း ပေါင်းက ၃၃၀ အထိ ရှိထားတယ်လို့လည်း ဦးရည်မွန်ကပြောပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအင်အားကလည်း PDF အင်အားရဲ့ ၂ ဆကျော် သိန်းဂဏန်းအထိ ရှိထားတယ်လို့ ပြောပါတယ်။

‘လွတ်မြောက်ဒေသ မကြာခင်ပေါ်လာတော့မယ်ဆိုတာတော့ အသိပေးလိုပါတယ်။ ဒီအတွက်လည်း လိုအပ်တဲ့ ပြင်ဆင်မှု တွေ အားစိုက်မှုတွေလုပ်နေပါတယ်လို့ ကျနော်ပြောချင်ပါတယ်။’ လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

လက်နက်တပ်ဆင်ထားမှုအပိုင်းမှာလည်း မဟာဗျူဟာခံစစ် ပြောက်ကျားခံစစ်အတွက် လုံလောက်အောင် ဆင်နွှဲနိုင်တဲ့ အနေအထားရှိလို့ပြီး ဆိုထားသလို အကြမ်းဖက်စစ်တပ်ရဲ့ ထောက်ပို့နဲ့ လက်နက်တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်တွေကို ဟန့်တားနိုင်တဲ့ လက်နက်တွေ ရှိထားတယ်လို့လဲ ပြောကြားထားပါတယ်။

ဒါပေမယ့်လည်း လာမယ့်နှစ်အတွက် တော်လှန်ရေးအသုံးစားရိတ်က အမေရိကန်ဒေါ်လာ သန်း ၂၀၀ နဲ့ ၃၀၀ ကြားလို အပ်ချက်ရှိနေပြီး လာမယ့် ၄ လအတွင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ အနည်းဆုံး လိုအပ်နေတယ်လို့ ကာကွယ်ရေးဝန် ကြီးက ပြောကြားထားပါတယ်။

အဲဒီ ကန်ဒေါ်လာ သန်း ၁၀၀ က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် မောင်းပြန်သေနတ် အလက် ၂၀၀၀၀ တပ်ဆင် နိုင်ဖို့အတွက် ဖြစ်တယ်ဆိုပြီးတော့လည်းပြောကြားထားပါတယ်။

လက္ရွိအခ်ိန္က တန္ျပန္ထိုးစစ္အႀကိဳကာလအျဖစ္ မွတ္ယူနိုင္တယ္လို႔ ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္ အသိေပး

◾️ လြတ္ေျမာက္ေဒသတစ္ခု မၾကာခင္ေပၚလာေတာ့မယ္လို႔ ေျပာၾကား

စက္တင္ဘာ ၉ ၊ ၂၀၂၂

လက္ရွိအခ်ိန္ကာလကို စစ္ေရးအရ တန္ျပန္ထိုးစစ္အႀကိဳကာလအျဖစ္ မွတ္ယူနိုင္တယ္ဆိုတာနဲ႔ ေျပာက္က်ားလႈပ္ရွားမႈ ေတြကို ဒီထက္ပိုၿပီးလုပ္ေဆာင္မယ္လို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရ၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးရည္မြန္က ေျပာၾကားလိုက္ပါတယ္။

‘လက္ရွိျပင္ဆင္ေနတာက တန္ျပန္ထိုးစစ္အတြက္။ ဒီေန႔ ဒီအခ်ိန္ကို တန္ျပန္ထိုးစစ္ အႀကိဳကာလလို႔ မွတ္ယူလို႔ရနိုင္ တယ္။ တစ္ဖက္မွာ ေျပာက္က်ားလႈပ္ရွားမႈကိုလည္း ဒီထက္ပိုၿပီး လုပ္မယ္။ တစ္ဖက္မွာလည္း လိုအပ္တဲ့ တန္ျပန္ ထိုးစစ္ေတြ လုပ္နိုင္ဖို႔ျပင္ဆင္မႈေတြ ဒီေန႔ ဒီအခ်ိန္ တၿပိဳင္တည္း က်ေနာ္တို႔ ေဆာင္ရြက္ေနပါတယ္။’ လို႔ ျပည္ေထာင္စုဝန္ ႀကီး ဦးရည္မြန္က Myanmar Now သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ ေျပာၾကားလိုက္တာပါ။

ကာကြယ္ေရးဝန္ႀကီးဌာနမွာ မွတ္ပုံတင္ထားတဲ့ PDF အေရအတြက္က ၆၀၀၀၀ နဲ႔ ၇၀၀၀၀ ၾကားရွိထားၿပီးေတာ့ တပ္ရင္း ေပါင္းက ၃၃၀ အထိ ရွိထားတယ္လို႔လည္း ဦးရည္မြန္ကေျပာပါတယ္။

ေဒသကာကြယ္ေရးတပ္ဖြဲ႕ေတြ၊ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြအင္အားကလည္း PDF အင္အားရဲ့ ၂ ဆေက်ာ္ သိန္းဂဏန္းအထိ ရွိထားတယ္လို႔ ေျပာပါတယ္။

‘လြတ္ေျမာက္ေဒသ မၾကာခင္ေပၚလာေတာ့မယ္ဆိုတာေတာ့ အသိေပးလိုပါတယ္။ ဒီအတြက္လည္း လိုအပ္တဲ့ ျပင္ဆင္မႈ ေတြ အားစိုက္မႈေတြလုပ္ေနပါတယ္လို႔ က်ေနာ္ေျပာခ်င္ပါတယ္။’ လို႔ ကာကြယ္ေရးဝန္ႀကီးက ေျပာပါတယ္။

လက္နက္တပ္ဆင္ထားမႈအပိုင္းမွာလည္း မဟာဗ်ဴဟာခံစစ္ ေျပာက္က်ားခံစစ္အတြက္ လုံေလာက္ေအာင္ ဆင္ႏႊဲနိုင္တဲ့ အေနအထားရွိလို႔ၿပီး ဆိုထားသလို အၾကမ္းဖက္စစ္တပ္ရဲ့ ေထာက္ပို႔နဲ႔ လက္နက္တပ္ဆင္ထားတဲ့ ရဟတ္ယာဥ္ေတြကို ဟန႔္တားနိုင္တဲ့ လက္နက္ေတြ ရွိထားတယ္လို႔လဲ ေျပာၾကားထားပါတယ္။

ဒါေပမယ့္လည္း လာမယ့္ႏွစ္အတြက္ ေတာ္လွန္ေရးအသုံးစားရိတ္က အေမရိကန္ေဒၚလာ သန္း ၂၀၀ နဲ႔ ၃၀၀ ၾကားလို အပ္ခ်က္ရွိေနၿပီး လာမယ့္ ၄ လအတြင္း အေမရိကန္ေဒၚလာ သန္း ၁၀၀ အနည္းဆုံး လိုအပ္ေနတယ္လို႔ ကာကြယ္ေရးဝန္ ႀကီးက ေျပာၾကားထားပါတယ္။

အဲဒီ ကန္ေဒၚလာ သန္း ၁၀၀ က ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြအတြက္ ေမာင္းျပန္ေသနတ္ အလက္ ၂၀၀၀၀ တပ္ဆင္ နိုင္ဖို႔အတြက္ ျဖစ္တယ္ဆိုၿပီးေတာ့လည္းေျပာၾကားထားပါတယ္။

Credit

Leave a Reply

Your email address will not be published.