အူရီဒူးမြန်မာကို ဒေါ်လာ ၅၇၆ သန်းဖြင့်ရောင်းလိုက်ပြီ

News

မြန်မာနိုင်ငံရှိ Ooredoo ဆက်သွယ်ရေးလုပ်ငန်းကို စင်ကာပူ Nine Communication ထံသို့ ရောင်းချ၊ လုပ်ငန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅၇၆ သန်း သတ်မှတ်

ရန်ကုန်၊ စက်တင်ဘာ ၈

မြန်မာနိုင်ငံရှိ Ooredoo ဆက်သွယ်ရေးလုပ်ငန်းကို စင်ကာပူ Nine Communication ကုမ္ပဏီ ထံသို့ ရောင်းချရန် စာချုပ်ချုပ်ဆိုလိုက်ပြီး ရောင်းချမည့် ဆက်သွယ်ရေး လုပ်ငန်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅၇၆ သန်း ရှိကြောင်း Ooredoo ကုမ္ပဏီက တရားဝင် သတင်း ထုတ်ပြန် ကြေညာသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခဲ့သော Ooredoo က ဆက်သွယ်ရေးလုပ်ငန်းများကို စင်ကာပူနိုင်ငံ Nine Communications Pte သို့ ရောင်း ချရန် သဘောတူစာချုပ် ချုပ်ဆိုလိုက်ပြီး လုပ်ငန်းတန်ဖိုး ကန်ဒေါ်လာ ၅၇၆ သန်းနှင့် စုစုပေါင်း အစုရှယ်ယာ ထည့်ဝင်မှု ဒေါ်လာ ၁၆၂ သန်းဖြင့် အရောင်းအဝယ်တန်ဖိုး သတ် မှတ်ထားကြောင်း သိရှိရသည်။

ဆက်သွယ်ရေးလုပ်ငန်း လွှဲပြောင်းရောင်းချမှုကို Ooredoo ၏ ဒါရိုက်တာဘုတ်အဖွဲ့နှင့် Nine Communications Pte ၏ ဒါရိုက်တာဘုတ်အဖွဲ့က အတည်ပြုခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

Nine Communications ကုမ္ပဏီကို Link Family Office နှင့် ဦးဉာဏ်ဝင်းဆိုသူက ပိုင်ဆိုင်ကြောင်း ၊ ဦးဉာဏ်ဝင်းသည် တယ်လီကွန်းလုပ်ငန်းတွင် နှစ်ပေါင်း ၄၀ ကျော် အတွေ့အကြုံရှိကြောင်း၊ Link Family Officeမှာလည်း အတွေ့ အကြုံ ရှိသည့် စီးပွားရေးလုပ်ငန်းစုကြီးဖြစ်ကြောင်း ကြေညာထားသည်။

ျမန္မာနိုင္ငံရွိ Ooredoo ဆက္သြယ္ေရးလုပ္ငန္းကို စင္ကာပူ Nine Communication ထံသို႔ ေရာင္းခ်၊ လုပ္ငန္းတန္ဖိုး အေမရိကန္ေဒၚလာ ၅၇၆ သန္း သတ္မွတ္

ရန္ကုန္၊ စက္တင္ဘာ ၈

ျမန္မာနိုင္ငံရွိ Ooredoo ဆက္သြယ္ေရးလုပ္ငန္းကို စင္ကာပူ Nine Communication ကုမၸဏီ ထံသို႔ ေရာင္းခ်ရန္ စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီး ေရာင္းခ်မည့္ ဆက္သြယ္ေရး လုပ္ငန္းတန္ဖိုးသည္ အေမရိကန္ေဒၚလာ ၅၇၆ သန္း ရွိေၾကာင္း Ooredoo ကုမၸဏီက တရားဝင္ သတင္း ထုတ္ျပန္ ေၾကညာသည္။

ျမန္မာနိုင္ငံတြင္ ရင္းႏွီးျမႇုပ္ႏွံခဲ့ေသာ Ooredoo က ဆက္သြယ္ေရးလုပ္ငန္းမ်ားကို စင္ကာပူနိုင္ငံ Nine Communications Pte သို႔ ေရာင္း ခ်ရန္ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုလိုက္ၿပီး လုပ္ငန္းတန္ဖိုး ကန္ေဒၚလာ ၅၇၆ သန္းႏွင့္ စုစုေပါင္း အစုရွယ္ယာ ထည့္ဝင္မႈ ေဒၚလာ ၁၆၂ သန္းျဖင့္ အေရာင္းအဝယ္တန္ဖိုး သတ္ မွတ္ထားေၾကာင္း သိရွိရသည္။

ဆက္သြယ္ေရးလုပ္ငန္း လႊဲေျပာင္းေရာင္းခ်မႈကို Ooredoo ၏ ဒါရိုက္တာဘုတ္အဖြဲ႕ႏွင့္ Nine Communications Pte ၏ ဒါရိုက္တာဘုတ္အဖြဲ႕က အတည္ျပဳခဲ့ၿပီးျဖစ္ေၾကာင္း သိရွိရသည္။

Nine Communications ကုမၸဏီကို Link Family Office ႏွင့္ ဦးဉာဏ္ဝင္းဆိုသူက ပိုင္ဆိုင္ေၾကာင္း ၊ ဦးဉာဏ္ဝင္းသည္ တယ္လီကြန္းလုပ္ငန္းတြင္ ႏွစ္ေပါင္း ၄၀ ေက်ာ္ အေတြ႕အၾကဳံရွိေၾကာင္း၊ Link Family Officeမွာလည္း အေတြ႕ အၾကဳံ ရွိသည့္ စီးပြားေရးလုပ္ငန္းစုႀကီးျဖစ္ေၾကာင္း ေၾကညာထားသည္။

Credit

Leave a Reply

Your email address will not be published.