ဂျပန်နိုင်ငံက စုံတွဲတွေက အိပ်ရာသပ်သပ်စီ ခွဲအိပ်ကြပါတယ်။ သူတို့အတွက် ဒါက ဆန်းကြယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။
ဒီလို အိပ်ရာခွဲအိပ်တာက သူတို့အတွက် ကောင်းကျိုးရရှိစေတယ်လို့ ယုံကြည်ကြပါတယ်။
ဂျပန်လူမျိုးတွေရဲ့ နေ့စဉ်ဘဝမှာ အိပ်စက်ချိန်မတူကြပါဘူး။




အိပ်စက်ချိန်မတူရတာက အလုပ်လုပ်တဲ့အချိန် မတူလို့ပါ။
အလုပ်ကို စောစောသွားဖို့ လိုအပ်နိုင်သလို ညနက်မှ အလုပ်က ပြန်ရောက်လာတာလည်း ရှိနိုင်ပါတယ်။ တချို့တွေက အခန်းတောင်ခွဲအိပ်ကြပါတယ်။
အဲဒီအခါ တယောက်ကိုတယောက် အနှောင့်အယှက် မဖြစ်တော့ဘဲ အိပ်ရေးဝဝ အိပ်ရပါတယ်။
ကလေးတွေက အမေနဲ့ အိပ်ကြပါတယ်။




ဂျပန်အမေတွေက ကလေးတွေနဲ့ အတူတူအိပ်ကြပါတယ်။ အမေနဲ့ကလေးတွေ အတူတူအိပ်ဖို့ အရေးကြီးတယ်လို့လည်း ယူဆထားကြပါတယ်။
ကလေးနဲ့အမေနဲ့ အတူတူအိပ်တဲ့အခါ ကလေးတွေရဲ့ ကိုယ်အပူချိန်နဲ့ နှလုံးခုန်နှုန်းက တည်ငြိမ်ပါတယ်။
ပြီးတော့ နို့စို့ကလေးရုတ်တရက် သေဆုံးနိုင်ချေလည်း နည်းသွားပါတယ်။
ဂျပန်လူမျိုးတွေအတွက်တော့ ခွဲအိပ်ရတာက ပိုပြီးအဆင်ပြေတယ်လို့ ယူဆထားကြပါတယ်။




စုံတွဲတွေအများစုကတော့ ခွဲအိပ်တဲ့အခါ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဂျပန်တွေကတော့ အဲဒီလိုမဟုတ်ပါဘူး။
သူတို့က အိပ်ချိန်ကို တန်ဖိုးထားပြီး အိပ်နေတဲ့အချိန်မှာ အနှောင့်အယှက်တွေ မလိုချင်ကြပါဘူး။
ခွဲအိပ်တဲ့အခါ ဟောက်တာ၊ အိပ်မပျော်တာ၊ ကန်တာတွေမရှိတော့ဘဲ အေးအေးဆေးဆေးအိပ်လို့ ရတယ်လို့ ယူဆကြပါတယ်။
ဂျပန်လူမျိူးတွေက ရှေးကတည်းက အိပ်ရာခွဲအိပ်ခဲ့ကြတာပါ။
ကြမ်းပေါ်မှာ ခေါက်လိပ်နိုင်တဲ့ ဂျပန်မွေ့ရာကို ချည်သားတွေနဲ့ပြုလုပ်ထားပါတယ်။




အဲဒီမွေ့ရာက အိပ်တဲ့အခါမှာ သက်တောင့်သက်သာဖြစ်စေပါတယ်။
ယနေ့ခေတ်အထိ အဲဒီမွေ့ရာကို အချို့မိသားစုတွေမှာ အသုံးပြုနေကြဆဲပါပဲ။
ဂျပန်မွေ့ရာက နေရာလည်း အများကြီးမယူသလို ခေါက်ရ၊ သိမ်းရလည်း လွယ်ကူလို့ပါ။
Source : Zombie
















ဂျပန်လူမျိုးတွေက ရှေးကတည်းက အိပ်ရာခွဲအိပ်ခဲ့ကြတာပါ။
Source : Zombie