လူတွေလဲ ကြောက်စရာကောင်း လိုက်တာ ပိုက်ဆံအတွက်နဲ့ ၂ နှစ်အရွယ် ကလေးကိုပါ လုပ်ရက်ကြတယ်

News

နမ့်ခမ်းကနေ လားရှိုးသို့သွားတဲ့ ဆိုင်ဝန်ထမ်း အမျိုးသမီးနဲ့ ဆိုင်ရှင်ရဲ့ ၂ နှစ်အရွယ် ကလေးငယ် ငွေ သိန်း ၃၀၀ နဲ့အတူ အဆက်အသွယ် မရတော့ပဲ ပျောက်ဆုံးနေ

ရှမ်းမြောက် နမ့်ခမ်းကနေ လားရှိုးသို့ ဆင်းသွားတဲ့ အမျိုးသမီး တစ်ဦးနဲ့ ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး အဆက်အသွယ် မရတော့ဘဲ ပါသွားတဲ့

ငွေ သိန်း ၃၀၀ နဲ့အတူ လမ်းမှာ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက် မနက် ၉ နာရီကျော်မှာ ဆိုင်ဝန်ထမ်းဖြစ်တဲ့ ဒေါ်ခင်စန်းဝင်း ခေါ် အန်တီဆွေ ၇၀ နှစ် ဆိုသူနဲ့ ဆိုင်ရှင်ရဲ့ သားဖြစ်သူတို့ဟာ

နမ့်ခမ်းကနေ လိုင်းကားနဲ့ လားရှိုးသို့ ငွေပို့ဖို့သွားရာ ကွတ်ခိုင်အကျော်မှာ အဆက်အသွယ် မရတော့ဘဲ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ကလေးမိခင်က နမ့်ခမ်းကနေ လားရှိုးကိုလာတာ သူ့ဆီ ဖုန်းဆက်တော့ ကွတ်ခိုင်ကျော်ပြီတဲ့ စိတ်မပူနဲ့ ငါ့သမီးဆိုပြီးပြောတယ်။

အဲအချိန်က ညနေ ၄ နာရီကျော်ပဲရှိသေးတယ် အဲကတည်းက ဘာမှအဆက်အသွယ် မရတော့ဘူး အခုချိန်ထိပဲ

အဲ ၁ ရက်နေ့က သူက ဖုန်းဆက်တယ် ပိုက်ဆံ လွှဲလာမယ်ဆိုပြီး ဘဏ်ကို ဖုန်းဆက်ကြည့်တော့ သိန်း ၃၀၀ က ထုတ်လို့မရဘူးတဲ့

အဲဒါနဲ့ ကားနဲ့ကျမတို့ဆီ လာပို့မယ်ဆိုပြီး ဆင်းလာတာ အငယ်ကောင်က သူနဲ့ပဲကပ်တာ အဲကြောင့် သူဘယ်သွားသွား ခေါ်သွားလေ့ရှိတယ် လို့ ဆိုပါတယ်။

စီးသွားတဲ့ ကားနံပါတ် အမျိုးအစားကိုတော့ မသိရှိရသလို လက်ရှိအချိန်မှာတော့ကွတ်ခိုင်နဲ့ သိန္နီမြို့နယ်ကသက်ဆိုင်ရာ ဌာနတွေထံ အကြောင်းကြား ထားတယ်လို့ ဆိုပါတယ်။

အဲအဒေါ်နဲ့က မိသားစုလိုပဲနေတာ နမ့်ခမ်းနဲ့လားရှိုးက သူသွားနေကျလမ်းပဲ တစ်ခါမှအခုလို ပျောက်သွားတာ မရှိဘူး။

ကလေးကလဲ သူကိုပဲကပ်တော့ သူသွားရာ ခေါ်သွားလေ့ရှိတယ် အခုချိန်ထိ ဘာ အဆက်အသွယ်မှ မရတော့ ကလေးရော သူရော ပိုက်ဆံရော ပျောက်သွားတော့ ဘာမှန်းကို မသိတော့ဘူး။

ကလေးကို အရမ်းစိတ်ပူတယ် တကယ်လို့ ကားက တစ်ခုခုဖြစ်တယ်ဆိုလဲ သတင်းတော့ ရမှာပဲလေ။

ကလေးရဲ့အဖေကတော့ နမ့်ခမ်းရော ဒီနေ့ ကွတ်ခိုင်မှာရော လိုက်ရှာနေတယ် အခုထိ မတွေ့ရသေးဘူး ဆိုပြီး သူမက ဆက်ပြောပါတယ်။

မိသားစုဝင်တွေက ၂ နှစ်သားအရွယ် ကလေးငယ်အတွက် စိုးရိမ်ပူပန် နေတာကြောင့် တွေ့ရှိသူတွေအနေနဲ့ ဖုန်း 09-5262991 သို့ ဆက်သွယ်ပေးဖို့ တောင်းဆို ထားပါတယ်။

Credit

















Leave a Reply

Your email address will not be published.