တနင်္လာသားသမီများအတွက် တစ်နှစ်စာ အလုပ်စီးပွားကံ အချစ်ရေး မေတ္တာရေး ကျန်းမာရေး ကံကြမ္မာဟောကိန်း

ဗေဒင်

ဒီနှစ်မှာတော့ တနင်္လာသားသမီးတွေက ကံကောင်းခြင်းတွေရှိလာနိုင်မဲ့ကာလပါပဲ။ တက်ကြွတဲ့ ကြက်ဖကြီး လိုပဲ တစ်ခုခုကို တက်တက်ကြွကြွနဲ့ လုပ်ချင်စိတ်ကိုင်ချင်စိတ်တွေများနေတတ်ပါတယ်

ဒီနှစ်ကစပြီး ဘာတွေလုပ် မယ်,,,ဘယ်လိုကြိုးစားမယ်ဆိုတဲ့ အဓိဌာန်တွေ၊ target တွေချမှတ်တာမျိုးတွေဆောင်ရွက်နေမိတတ်ပါတယ်

လုပ်ချင်စိတ်တွေ၊ကိုင်ချင်စိတ်တွေများနေတဲ့နှစ်မို့ မိမိကိုယ်တိုင်က ဉာဏ်ပညာအင်အားသာ ထည့်လိုက်ဖို့ ပဲလိုပါတယ်။ ကံနဲ့ ဝီရိယပြည့်စုံမှုရှိတဲ့ကာလဖြစ်တာမို့ ဉာဏ်ပညာကြီးမားသူတွေအတွက်

ကောင်းသောတိုးတတ် ပြောင်းလဲခြင်းတွေကြုံရတတ်သလို ဉာဏ်နည်းသူတွေကတော့ ဆုံလည်နွားလို လုပ်သာလုပ်နေတယ်…ရှေ့မရောက် တာမျိုးတွေလဲ ရှိနေတတ်ပါတယ်

ဒီလိုနှစ်မျိုးမှာ နှစ်စကတည်းကတစ်ခုခုကိုရည်မှန်းပြီး တစ်စိုက်မတ်မတ်ဆောင်ရွက်ကြည့်ပါ။ထူးခြားစွာ အောင်မြင်ပါလိမ့်မယ်။အာရုံစူးစိုက်မှုအားကောင်းတဲ့နှစ်ထဲရောက်နေတာမို့ တော်ရုံအခက်အခဲတွေကြုံလဲကောင်း စွာကျော်ဖြတ်သွားနိုင်ပါလိမ့်မယ်

#အလုပ်စီးပွားကံ

ဒီနှစ်ပိုင်းမှာတော့စွန့်ဦးတီထွင်အလုပ်များ၊ အခဲအခက်ကြားကဖောက်ထွက်ကြိုးစားရမဲ့အလုပ်များ၊စက်မှု နယ်ပယ်၊နည်းပညာနယ်ပယ်၊ တည်ဆောက်ရေးနယ်ပယ်၊ စိတ်ကူးသစ် အတွေးသစ်နဲ့လုပ်ရတဲ့ နယ်ပယ်တွေမှာပိုမို အောင်မြင်မှုတွေရလာတတ်ပါတယ်

အရာရာကို တိကျသေချာစွာသတ်မှတ်ပြီးတော့ အနာဂတ်အတွက် ခြေလှမ်း သစ်တွေလှမ်းကြည့်ပါ။ဝန်ထမ်းများ လုပ်ငန်းခွင်မှာ မိမိကိုနေရာပေးလာရင်၊တစ်ခုခုကိုဦးဆောင်ခိုင်းရင် ရဲရဲဝံ့ဝံ့နဲ့ ဆောင်ရွက်ကြည့်ပါ။ ကောင်းစွာခေါင်းဆောင်နိုင်ပါလိမ့်မယ်

အရင်ကတည်းက လက်ကြောမတင်းသူတွေ၊ အရွယ်ရောက်ပြီး မိဘလုပ်စာထိုင်စားနေသူတွေ၊ မိန်းမထမိန် နားခိုစားသူတွေကတော့ ဒီနှစ်လဲ ထူးမခြားပါဘူး။ တိုးတတ်မှုရရှိမည်မဟုတ်ပါ

ထလုပ်ချင်စိတ်တွေရှိပေမဲ့ မလုပ်ဘဲ မှေးနေတာများခဲ့တော့ စိတ်သာရှိပြီး လက်တွေ့မပါလာဘူးဖြစ်နေတတ်ပါတယ်။ တစ်ခုတော့သတိပေးပါရစေ

တနင်္လာသားသမီးများ ကံပေးတုန်း ဒီနှစ်မှာကြိုးစားပါ။ ဉာဏ်သုံးကြပါ။ ဒီနှစ်ကျော်သွားရင်တော့ ကံအညံ့တွေလာ တော့မှာ ဖြစ်လို့ပါ

ရှေ့ထွက်စစ်သူကြီး ရဲဝံ့စွာရှေဆုံးက တိုက်သလိုမျိုး ဒီနှစ်မှာဘဝတိုက်ပွဲတွေကို တိုက်ယူဖို့လိုအပ်ပါတယ်။ တစ်ခုသတိထားရမှာက ရင်းနှီးမြုပ်နှံမှုမှားယွင်းခြင်းကံမျိုးဒီကာလမှာ ကြုံရတတ်ပါတယ်။ ဒါကြောင့်ပဲ မိမိနားမ လည်တဲ့ နယ်ပယ်တွေမှာ ရင်းနှီးမြုပ်နှံဖို့ မကြိုးစားစေချင်ပါဘူး။

အလုပ်တော့ လုပ်ပါရဲ့ ..ဥပဒေနဲ့ ငြိစွန်းနေတဲ့ တရားမဝင်အလုပ်တွေ၊လောင်းကစားအလုပ်တွေ လုပ်နေတာ ဆိုရင်တော့ အဖမ်းအစီးခံရနိုင်ပါတယ်။ ဥပဒေချိုးဖောက်တဲ့ မည်သည့်ကိစ္စမဆို သတိထားပြီးသာ လုပ်ကြပေတော့ ….။

#လူမှုရေး

တက်ကြွစိတ်၊ကြိုးစားလိုစိတ်အတူ ယှဉ်တွဲပါလာတာကတော့ ရန်လိုစိတ်၊အနိုင်ယူစိတ်တွေပါပဲ။ ထိုစိတ် တွေကြောင့်ပဲလူမှုရေးနယ်ပယ်အားနည်းသွားတတ်ပါတယ်

စကားနိုင်လုပြီးပြောမိတာ…ငါနိုင်တယ်ဆိုပြီးပြုံးပျော် နေတာမျိုးတွေက တူဖြစ်တုန်း ထုထားနိုင်ပေမဲ့ ပေဖြစ်ချိန်နောက်နှစ်ကိုရောက်ရင်တော့ ကောင်းကောင်းခံရပါလိမ့် မယ်။တနင်္ဂနွေနဲ့ ပက္ခတ်မိနေချိန်မို့ မိဘတွေစိတ်ဆင်းရဲအောင်လုပ်မိနေတတ်ပါတယ်

မိဘနဲ့အတိုက်အခံဖြစ်ရတတ် ပါတယ်။ ပြတ်သားတဲ့မိဘကိုရထားတဲ့ သူများဆို မိဘက အမွေပြတ်စွန့်လွှတ်တာတွေအထိဖြစ်လာလိမ့်မယ်

လူ အသိုင်းအဝိုင်းက လက်မခံနိုင်တဲ့အကြောင်းချင်းရာတွေကို လုပ်မိတာကြောင့် လူကြီးတွေနဲ့ အတိုက်အခံအလွန်ဖြစ် ရပါလိမ့်မယ်။

အတူနေမိသားစုဝင်တွေနဲ့ ပိုမိုစိတ်ဝမ်းကွဲသွားနိုင်တဲ့ကိစ္စတွေလဲ ပေါ်လာတတ်ပါတယ်။ အပြိုင်အဆိုင် အကြိတ်အနယ်ကိစ္စတွေပေါ်လာရင် မလိုအပ်ရင် နောက်ဆုတ်လိုက်ပါ။ ဒီနှစ်မှာ တနင်္လာသားသမီး များလူမှုရေးအားနည်းတာတော့ အမှန်ပဲဗျို့။

#အချစ်ရေး မေတ္တာရေး

အချစ်ရေးမှာတော့ သင်ကအခုလက်ရှိချစ်သူမရှိဘူးဆိုပြီး စိတ်မပျက်လိုက်ပါနဲ့။ ဒီနှစ်ဟာစန်းအလွန်ပွင့်နေ တာမို့ မိမိကိုချစ်နေကြသူတွေကချစ်ရေးဆိုလာတာမျိုးတွေကြုံရပါလိမ့်မယ်။

မိမိကလဲချစ်နေ၊သူကလဲ ချစ်ရိပ်ချစ် ယောင်တွေပြနေပြီဆိုရင်တော့ ဖွင့်သာပြောလိုက်ပါ။ ဒီနှစ်မှာ အငြင်းခံရတာမျိုးက ကြုံရခဲပါတယ်။ သတိထားရမှာ တော့ LDRS တွေပဲဖြစ်ပါတယ်။

ချစ်သူကလဲ ဝေးနေ၊အနီးအနားမှာလဲ ကိုယ်ကိုအလိုလိုက်အကြိုက်ဆောင်ပြီး ချစ် ပြနေသူရှိတာမို့ တော်ရုံစိတ်မခိုင်သူတွေ နီးစပ်သူနောက်ပါသွားပါလိမ့်မယ်

ဒါကြောင့် တနင်္လာသားသမီးချစ်သူဖြစ် နေပြီးဝေးနေကြတဲ့အခြားနေ့သားတွေ ကိုယ်ချစ်သူကို ချစ်ပြ၊ကြင်နာပြ၊တန်ဖိုးထားပြဖို့လိုပါလိမ့်မယ်

တစ်ခု သိထားရမှာက စန်းအားကောင်းနေတော့ ကိုယ့်ကိုချစ်နေသူက တကောက်ကောက်လိုက်နေတာ၊ ကိုယ်ကမနှစ်သက်ရင်..စိတ်အနှောက်အယှက်လေးတွေ ဖြစ်ရတာမျိုးတွေ အချို့တနင်္လာသမီးတွေမှာကြုံရတတ်ပါတယ်

တစ်ခု သိထားရမှာက ဒီနှစ်မှာ မိမိကြိုက်နှစ်သက်သူကို မိဘဆွေမျိုးအသိုင်းအဝိုင်းက လက်ခံဖို့မလွယ်ပါဘူး

#အိမ်ထောင်ရေး

အိမ်ထောင်ရေးကတော့ သာယာပျော်ရွှင်စရာများပါလိမ့်မယ်။ မိသားစုကိုတန်ဖိုးထားသူတွေအတွက် ပျော် စရာ မိသားစုအချိန်လေးတွေဖြတ်သန်းရမဲ့ကာလပါပဲ။ မိသားစုနဲ့အမှတ်ရစရာအချိန်တွေကို ဒီနှစ်မှာဖန်တီးသွားနိုင် ပါလိမ့်မယ်။

မိသားစုစိတ်လှုပ်ရှားစရာခရီးတွေလဲသွားရပါလိမ့်မယ်။ သားသမီးအတွက်လဲ စိတ်ချမ်းသာရပါလိမ့် မယ်။ တစ်ခုပဲသတိထားဖို့လိုပါတယ်…စန်းအားကောင်းနေတာမို့ ယောတျာ၊မိန်းမဖြစ်စေ လိင်ကိစ္စတော့ မရှုပ်ထွေးမိပါစေ။ စန်းကိုရှောင်ပါ။ စုတ်ကိုရှောင်ပါ။ မရှောင်နိုင်ရင် သာယာတဲ့ မိသားစုကို မိမိကပဲဖြိုခွဲလိုက်သလို ဖြစ်သွားပါလိမ့်မယ်။

#ကျန်းမာရေး

ကျန်းမာရေးကတော့ ဒီနှစ်က အာယုဂြိုဟ် အားကောင်းတဲ့နှစ်ဖြစ်တာမို့တော်ရုံတော့ကျန်းမာရေးညံ့မယ် မဟုတ်ပါ။ ဓာတ်ဂြိုဟ်တွေကလဲ အခြေအနေကောင်းတာကိုတွေ့ရပါတယ်။ တော်ရုံနဲ့ကျန်းမာရေးဆိုးရွားဖို့ အနေ အထားမရှိပါဘူး

ရောဂါသည်များလဲ ဒီကာလမှာ ထူထူထောင်ထောင် ပြန်ဖြစ်လာပါလိမ့်မယ်။ တစ်ခုတော့ သတိ ထားရမယ်။ မြန်မာဆေးနည်းစာအုပ်တွေဖတ်ပြီး ကိုယ်ဘာသာဆေးဖော်သောက်တာမျိုးတွေ၊ သူများကောင်းတယ် ဆိုတိုင်း လိုက်သောက်တာမျိုးတွေမလုပ်ပါနဲ့

FDA ထောက်ခံချက်မရထားတဲ့ တားမြစ်ဆေးတွေသောက်မိရာကနေ အခြေအနေဆိုးသွားတတ်ပါတယ်။ အစာအဆိပ်သင့်လွယ်တဲ့ မှိုစားတာမျိုးတွေကိုရှောင်ပါ။တွဲဖက်မစားသင့်အစား အသောက်တွေကို လေ့လာထားပါ

တွဲစားမိရာကနေ ကျန်းမာရေးထိခိုက်သွားနိုင်ပါတယ်။ နှလုံးရောဂါသည်များ၊ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာရောဂါသည်များ၊ အရိုးအဆစ်အားနည်းသူများ၊ ခေါင်းမကြာခဏကိုက်တတ်သူများ၊ သွေးမကြာခဏတိုးလေ့ရှိသူများကတော့ ဒီနှစ်မှာ ကျန်းမာရေးဂရုစိုက်ဖို့လိုပါတယ်။

#ပညာရေး

ပညာရေးကံအားကောင်းတဲ့နှစ်ပါ။ သင်သမျှခေါင်းထဲရောက်ပါလိမ့်မယ်။ အသက်မွေးမှုပညာဖြစ်ဖြစ်၊ ကျောင်းပညာဖြစ်ဖြစ်သင်ယူချင်စိတ်ရှိရင် မတုန့်ဆိုင်းဘဲ သင်လိုက်ပါ။ သောချာပေါက် ကျကျနနတက်မြောက်ပါ လိမ့်မယ်။

ပညာကအဓိကမဟုတ်ဘူး..certificate အဓိကလိုချင်လို့ ပညာသင်ချင်သူများ၊ပညာရေးကိုခုတုံးလုပ်သူ များကတော့ ဒီနှစ်မှာအဆင်ပြေမည်မဟုတ်ပါ။

ဆေးဝါးပညာ၊ ဆေးပညာ၊ဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သက်သောပညာ၊နည်း ပညာ၊စက်ပြင် ပညာများ လေ့လာလို့ကောင်းတဲ့ကာလအပိုင်းအခြားပဲဖြစ်ပါတယ်။

#အနှစ်ချုပ်

စိတ်ကူးထားတဲ့အတိုင်းပုံဖော်နိုင်မဲ့နှစ်ပါ။ စီးပွားရေးကို မြန်မြန်သွက်သွက်ရှာဖွေကြပါ။ ရသလောက် စုဆောင်းပါ ။မသေချာတဲ့နေရာတွေမှာ ရင်းနှီးမြုပ်နှံမှုတွေမလုပ်မိပါစေနဲ့။

ဘာပြီးရင် ဘာလုပ်မယ်ဆိုတာမျိုးကို plan သေချာဆွဲထားပါ။ တစ်ခုပြီးတစ်ခု လုပ်ဖို့အရံသင့်ဖြစ်နေပါစေ။မိမိမှာရှိတဲ့အစွမ်းအစတွေကိုထုတ်ဖော်ပါ။ ကိုယ်မှာရှိတဲ့ တော်တဲ့အချက်တွေကို ထုတ်သုံးပါ။

မိမိချစ်မြတ်နိုး တန်ဖိုးထားတဲ့ သက်ရှိသက်မဲ့တွေဆုံးရှုံးနိုင်တာ ကိုတွေ့ရပါတယ်။ အဖိုးတန်လက်ဝတ်ရတနာတွေကျပျောက်တတ်တယ်။ ကိုယ်တန်ဖိုးထားတဲ့ ဖုန်းတွေ သူခိုးခိုးခံရ တတ်ပါတယ်။

# ယတြာ

နီးစပ်စေတီရောက်တဲ့အခါတိုင်း အင်္ဂါထောင့်မှာ ဝိဇ္ဇာစရဏ သမ္ပန္နောဂုဏ်တော်နဲ့ ပုတီး ရှစ်ပတ်စိပ်ပါ။

ဘုန်းကြီးကျောင်းတွေမှာ တိုင်ကပ်နာရီလှူတန်းပေးပါ။

နီးစပ်ရာကလေးငယ်တွေကို ကလေးဆော့တဲ့ လေးမြှားတွေ၊သေနတ်တွေလက်ဆောင်ပေးပါ။

တတ်နိုင်သ၍ စကားပြောတိုင်းအဆဲအဆိုမပါအောင်ထိန်းသိမ်းပါ

တနင်္လာသားသမီးအပေါင်း သူတော်ကောင်းတို့ ရန်သူမျိုးငါးပါးဘေးမှ ကင်းကြပါစေ။ Crd- ဆရာ ငြိမ်းအေးလူ 09775555695

Leave a Reply

Your email address will not be published.