သမ္ဗုဒ္ဓေဂါထာလေးအကြောင်းမသိသူတွေအတွက်ဗဟုသုတအဖြစ်ပြောချင်ပါတယ် သမ္ဗုဒ္ဓေဂါထာတော်က၂၇ခေါက်ကျော်ရင်အိမ်စောင့်နတ်၊ကိုယ်စောင့်နတ်တောင်နေမရတော့ပါဘူး၊




ပြိတ္တာကတော ဂါထာအစကြားတာနဲ့တစ်ချိုးတည်းလစ်ပြေးပါတယ်၊ကျောင်းထိုင်ပြတ္တာကြီးတွေအခြားဂါထာတွေပရိတ်တွေလိုက်ဆိုပြနိုင်ပေမယ်သမ္ဗုဒ္ဓေစရွတ်တာနဲ့လစ်ပြေးတာပါပဲ၊ပြေးတဲ့နောက်ကလိုက်ရွတ်၊သူကိုယ်ရောင်မဖြောက်ပြေးနိုင်ပါဘူး၊




သမ္ဗုဒ္ဓေဂါထာတော်တစ်နေ့တစ်ထောင်မကရွတ်ရင်နတ်တွေတိမ်ကြားမင်းတွေထက်တောင်ဘုန်းကြီးလာနိုင်ပီးစိတ်ကတောင့်တရင်သူတို့တွေကောင်းကောင်းနေမရပါဘူး၊လိုက်ဖြေစည်းပေးရပါတယ်သမ္ဗုဒ္ဓေဂါထာတော်ဟာနေမင်းကြီးနဲ့တူပါတယ်၊
သဲစုမကဘုရားတွေရှိခိုးရတာကြောင့်အရမ်းအစွမ်းထက်ကြောင်းအနည်းငယ်ဗဟုသုတအနေနဲ့တင်ပြလိုက်ပါတယ်
သမ္ဗုဒ္ဓေဂါထာ မြန်မာပြန်




(၁) သမ္ဗုဒ္ဓေ အဋ္ဌဝီသ ဉ္စ၊ ဒွါဒသ ဉ္စ သဟဿကေ။ ပ ဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။
နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်၊ တစ်သောင်းနှစ်ထောင်သောဘုရားရှင်၊ ငါးသိန်းသောဘုရား ရှင် (၅၁၂ဝ၂၈ ဆူသော ဘုရားရှင်)တို့ကို ဦးခေါင်းဖြင့် ရိုသေစွာရှိခိုးပါ၏။




(၂) အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ။ တေသံ ဓမ္မ ဉ္စ သံဃ ဉ္စ၊ အာဒရေန နမာ မဟံ။
ဂင်္ဂါမြစ်ကမ်းရှိ သဲပွင့်များမှာနည်း၏။ ပရိနိဗ္ဗာန် စံတော်မူပြီးသော အောင်တော်မူဘုရားရှင် တို့ကား အဆုံးမရှိကုန်။




ထိုဘုရားရှင်များနှင့် ထိုဘုရားရှင်တို့၏ ဓမ္မနှင့်သံဃာကိုလည်း ရိုသေစွာရှိခိုးပါ၏။
(၃) နမက္ကာရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။ အနေကအန္တရာယာပိ၊ ဝိနာသန္တု အသေသတော။




ရှိခိုးရသည့်အာနုဘော်ကြောင့် ဘေးရန်ခပ်သိမ်းကို ရှောင်ရှား၍ အန္တရာယ်များစွာတို့လည်း အကြွင်းမဲ့ ပျောက်ကင်းပါစေသတည်း။
Credit; သမ္ဗုဒ္ဓေ ဘယ်ကရ
Zawgyi















