ဂျပန်နိုင်ငံမှာ လူကြည့်အများဆုံး Music Video (100) စာရင်းမှာပါဝင်ဖော်ပြခြင်းခံလိုက်ရတဲ့ Repezen Foxx အဖွဲ့နဲ့ အဆိုတော် အုပ်စိုးခန့်
လူငယ်အဆိုတော်လေးတစ်ယောက်ဖြစ်တဲ့ အုပ်စိုးခန့်ကတော့ အသက်အရွယ်ငယ်ရွယ်သူ တစ်ယောက်ဖြစ်ပေမယ့် အနုပညာနဲ့ပတ်သက်လာရင် ပါရမီပါသူတစ်ယောက်ဖြစ်ပါတယ်။




အုပ်စိုးခန့်က အဆိုတော်တ စ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာပေမယ့် ရုပ်ရည်ကလည်းချော မောသူမို့ ဇာတ်လမ်းတွဲတွေမှာလည်း ပါ ဝင်သရုပ်ဆောင်နေရတာပဲဖြစ်ပါတယ်။
လက်ရှိမှာလည်း အုပ်စိုးခန့်ကို သူ့ကိုအားပေးတဲ့ ပရိသတ်တွေ အတွက်အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အုပ်စိုးခန့်က ဂျပန်နိုင်ငံက အဆိုတော်အဖွဲ့ဖြစ်တဲ့ Repezen Foxx အဖွဲ့နဲ့ “Top One” ဆိုတဲ့ သီချင်းလေးကို ထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။




ဒီတစ်ခေါက်မှာလည်း အုပ်စိုးခန့်က “Top One” သီချင်းလေးဟာ ဂျပန်နိုင်ငံမှာ လူကြည့်အများဆုံး Music Video (100) စာရင်းမှာ နံပါတ် (၆၃) နေရာကနေ ရပ်တည်နေတယ်လို့ အုပ်စိုးခန့်က ဝမ်းသာစွာနဲ့ ပြောလာပါတယ်။
အုပ်စိုးခန့်ကတော့ အနုပညာအလုပ်တွေကို ပြည်တွင်းမှာသာမက ပြ ည်ပနိုင်ငံထိထိုးဖော က်လုပ်ကိုင်နေလျက် ရှိတာပဲဖြစ် ပါတယ်။
ကိုယ့်နိုင်ငံက လူငယ်အ တော်တစ်ယောက် အခြားတိုင်းတစ်ပါးမှာ အောင်မြင်နေတာတွေ့ရတာ ဝမ်းသာစရာပါပဲနော်။
Credit