မန္တလေးက ကျောက်မျက်သူဌေးကို ဖမ်းတဲ့ကိစ္စက မြန်မာပြည်က ငွေရှိအသိုင်းအဝိုင်းအတွက် Red Alert ပဲလို့ ပန်ဆယ်လိုပြောပြလာ

News

အတည်ပြောရဦးမယ်။ မန္တလေးက ကျောက်မျက်သူဌေးကို ဖမ်းတဲ့ကိစ္စက မြန်မာပြည်က ငွေရှိအသိုင်းအဝိုင်းအတွက် Red Alert ပဲ။

ကိုယ်က ကိုယ့်နာမည်ပါလာလို့ မြန်မာသူရကုမ္ပဏီအကြောင်း လေ့လာစုံစမ်းလိုက်တဲ့အခါ ဒီသူဌေးရဲ့ ပိုင်ဆိုင်မှုတွေက စကစ မျက်စိကျစရာဖြစ်နေတာ သတိထားမိလိုက်တယ်။

ကိုယ့်ဆီထောက်ပို့ပါတယ်လို့ ထည့်ကြေညာတဲ့ကိစ္စအပေါ်မှာတော့ တကယ်ထောက်ပို့ခဲ့သူဆိုရင် စော်ကားသလိုဖြစ်မှာစိုးလို့ မထောက်ပို့ပါဘူး ဇွတ်မငြင်းချင်ဘူး။

တကယ်တမ်းမှာ ကိုယ်သာ ကိုယ့်ဆီ ထောက်ပို့နေသူက ဒီလိုသူဌေးမျိုးမှန်း သိရင် သိန်း၃၉၀၀ မဟုတ်ဘူး၊ သိန်းနှစ်သောင်း အောက်ထစ်ရအောင် အလှူခံနိုင်တယ်ဆိုတာ ယုံလိုက်။

အခုကိစ္စရပ်ကိုတော့ လုပ်ဇာတ်လို့ပဲ မြင်တယ်။ မြင်ရတဲ့အကြောင်းအချက်တွေကို တစ်ချက်ချင်း ပြောမယ်။

၁)မြန်မာသူရကုမ္ပဏီသူဌေးရဲ့ စကစသိမ်းလိုက်တဲ့ မရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုတင် သိန်းပေါင်း တစ်သိန်းကျော်တယ်။ ငွေအသဲအသန်လိုချင်နေတဲ့ စကစအတွက် ခွင်ကြီးကြီးတစ်ခုပဲ ဖြစ်တယ်။ ကျောက်စိမ်းတွေက စကစအတွက် အမြန် ဒေါ်လာဖော်လို့ရတဲ့ အရာတွေပဲ။

၂)ဒီလို ပိုင်ဆိုင်မှု ဒေါ်လာမီလီယံပေါင်းများစွာရှိတဲ့ သူဌေးမျိုးက အခုလိုဖြစ်သွားနိုင်တဲ့ကိစ္စမျိုးကို ကုမ္ပဏီကားဒရိုက်ဘာကို ပေးသိတယ်ဆိုတာမျိုးက ပေါကားဆန်လွန်းတယ်။

၃)မြန်မာသူရကုမ္ပဏီက ပြပွဲတစ်ခုမှာ ပြသွားတဲ့ ကျောက်စိမ်းအရိုင်းတစ်တုံးတင် Euro သန်း၆၀ စျေးခေါ်ထားတယ်။ (Facebook မှာ အခုမှ ဒီကိစ္စနဲ့ပတ်သက်ပြီး Shareနေကြလို့ တွေ့တာ) ဒီတော့ ဒီလိုပိုင်ဆိုင်မှုမျိုးတွေကို သိမ်းချင်လို့ NUG, PDF နဲ့ ပတ်သက်ပါတယ်ဆိုပြီး တံဆိပ်ကပ်ဖမ်းတာ။

၄)ဒီသတင်းကို စကစရဲ့တီဗွီကကြေညာတယ်၊ သတင်းစာက ကြေညာတယ်။ ဘောမမီဒီယာတွေကနေ ကြေညာတယ်။ ဘောမချန်နယ်တွေကနေ ကြေညာတယ်။ စကစက ဒီသတင်းကို လူသိစေချင်တယ်။ ဘာလို့လဲဆိုတော့ သူဌေးတွေ စဉ်းစားနေကြပြီဖြစ်တဲ့ NUG ရဲ့ နွေဦးInvestment တွေ EODတွေ ကြောင့်ပဲ။ သူတို့က သူဌေးတွေကို အကြောက်တရား ထည့်နေတာ။ ဒါ့ကြောင့်ပဲ ဒီသတင်းကို ပိုပျံ့နှံ့စေချင်လို့ ကိုယ့်နာမည်ကိုပါ ဆိုင်ဆိုင်မဆိုင်ဆိုင် ထည့်ကြေညာလိုက်တာ။ ဒါမှ ဘောမတွေရော ဒီဘက်ကပါ ပိုShareကြ ပြောကြမှာဆိုတော့။

စကစဟာ ဘယ်လို သူဌေးမျိုးကိုမဆို ချမ်းသာတဲ့ ပိုင်ဆိုင်မှုတွေ အကုန်သိမ်းချင်ပြီဆိုရင် NUG, PDF ကို ထောက်ပံ့လို့၊ ပန်ဆယ်လိုကို ထောက်ပို့လို့ဆိုတဲ့ ခေါင်းစဉ်မျိုးတပ်ပြီး ပေါ်တင်လုယက်တော့မယ် ဖမ်းဆီးတော့မယ်ဆိုတဲ့ သဘောပဲ။

ဒီရက်ထဲ မြေကွက်တွေ အိမ်တွေ အရောင်းတွေ ကြည့်လိုက်ရင် သိန်းသောင်းဂဏန်းတွေချည်းပဲဆိုတော့ ဒီအခြေအနေကို သူဌေးတွေလည်း သဘောပေါက်နေကြလောက်မယ် ထင်ပါရဲ့။

မအေလိုးတွေလက်ထဲက ခေတ်ဆိုးစနစ်ဆိုးဟာ ဆင်းရဲချမ်းသာ အကြားအလပ်မရှိဆိုတာပါပဲ။

စောက်ရမ်းနေပျော်စရာ နိုင်ငံကြီး။

ဘောမတွေက ငစားနော်။ မန္တလေးက ကျောက်မျက်သူဌေးကို ဖမ်းတဲ့ကိစ္စမှာ သတင်းထုတ်ပြန်တဲ့အထဲ ကိုယ့်နာမည်ကြီး ပါလာမှ ဟဲ့.. ပလုတ်တုတ်၊ ပါပြန်ပဟ ငါ့နာမည်လို့ ထဖြစ်တာ။

သိန်း၃၉၀၀ ကိုယ့်ကို ထောက်ပို့တယ်တဲ့။ အင်းလေ…. ကိုယ့်ကို ထောက်ပို့ဖူးတဲ့အထဲမှာ ဒီသူဌေးပါကောင်းပါမှာပေါ့။ ကိုယ့်ကို ထောက်ပို့နေတဲ့အထဲမှာ ငွေအမောင့်များများ လစဉ်ပို့ကြတဲ့သူတွေထဲမှာ သူပါကောင်းလည်း ပါမှာပေါ့။ ဒါပေမယ့် ဘယ်သူဌေးကြီးက မပန်ဆယ်လိုရေ… ကျွန်တော်ကတော့ မန်းရွှေမြို့တော်အခြေစိုက် ဘယ်ကုမ္ပဏီကြီးရဲ့ သူဌေးပါလို့ ပြောမတုန်း။ ကိုယ်ကရော ကိုယ့်ဆီထောက်ပို့သူကို ရှင် ဘယ်သူတုန်းလို့ မေးမတုန်း။

ပြီးတော့ ဒါက စစ်ခွေးတွေ ဒီသူဌေးရဲ့ ပိုင်ဆိုင်မှုတွေကို မျက်စိကျပြီး ပစ္စည်းတွေ သိမ်းချင်လို့ တမင်အကြောင်းရှာတာပဲ ဖြစ်ဖို့များတယ်။ ကိုယ့်ဆီတော့ ရော့… သိန်း၃၉၀၀ လို့ ပို့ဖူးသူ တစ်ယောက်မှ မရှိဘူး။

ထားပါ… ရယ်ချင်တာက ဘောမရပ်ကွက်က မမြင်ဖူး မတွေ့ဖူးလေးတွေက ဟာ… သိန်း၃၉၀၀ဟဆိုပြီး မျက်လုံးတွေ အရောင်ထွက်ပြီး စာရင်းလာစစ်ကြတော့တာပဲ။ ဘယ်မှာလဲသိန်း၃၉၀၀ တဲ့။

အမေးဇင်းနော်… ဒီလောက် ကြေညာပေးနေတာ။ တော်လှန်ရေးကာလတောက်လျှောက်မှာ တော်လှန်ရေးအတွက် ရန်ပုံငွေရှာပေးခဲ့တာ အမေရိကန်ဒေါ်လာ ၆သန်းအောက်ထစ်ရှိပြီဖြစ်ကြောင်း သက်သေအထောက်အထားတွေနဲ့တကွ တင်ပြထားပြီးသား။

ဘောမတွေက မြန်မာငွေတောင် တစ်နဲ့ တစ်ပေါင်းရင် ဒစ်လည်နေတဲ့ဟာတွေဆိုတော့ တွက်ပြဦးမယ်။ ဒေါ်လာ၆သန်းဆိုတာ မြန်မာငွေနဲ့တွက်ရင် ဘယ်လောက်လဲဆိုတော့….ဒေါ်လာစျေး ၂၈၀၀တွေ ၃၀၀၀ တွေထားဦးကွာ။ ၂၅၀၀ နဲ့ပဲတွက်။ ဒေါ်လာတစ်သိန်းဆို သိန်း၂၅၀၀။ ဒေါ်လာတစ်သန်းဆို သိန်းနှစ်သောင်းခွဲ။ ဒေါ်လာခြောက်သန်းဆိုတော့ တစ်သိန်းခွဲကွာ။ ခြေရော လက်ရော ထောင်ပြီး ပေါင်းစမ်း။

သိန်းပေါင်း တစ်သိန်းခွဲ သက်သေသာဓကနဲ့တကွ ရှာပြထားသူကို မြန်မာငွေ သိန်း၃၉၀၀ ဘယ်မှာလဲဆိုတော့ နင်မေဂေါက်ဂတ်ထဲမှာလို့ ပြောလွှတ်ဖို့ပဲ ကျန်တော့တယ်။

ပြေးနှိုက်ကြပစေ… ဟုတ်တယ်။?

စကစ သတင်းပြန်ကြားရေးက ကိုယ်မေကိုယ်ထိုးတွေကိုလည်း တစ်ခုတော့ ပြောထားဦးမယ်။

နင်တို့ကို ငါက စောက်ရမ်းလွှမ်းမိုးထားနိုင်လွန်းလို့ အထီးပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့ နင်တို့လိုကောင်တွေ နှုတ်ခမ်းတလန်ပန်းတလန်နဲ့ မဟုတ်တာတွေ လိလိလားလားတွေ ထိုင်ပြော။ ကြိုက်သလောက်ပြော။ အိုင်ဒုန့်ဖက်ကင်းကဲရ်နော်။ အိုင်ဒုန့်နင်တို့တမျိုးလုံး တဆွေလုံး ဖက်ကင်း ကဲရ်ပဲ။

အေး…. တစ်ခုတော့ ပြောထားမယ်။ ငါ့နာမည်က ပန်ဆယ်လို။ အိပန်ဆယ်လိုလည်း မဟုတ်ဘူး။ အိအိမွန်လည်း မဟုတ်ဘူး။ ကလောင်နာမည် ပန်ဆယ်လို၊ မှတ်ပုံတင်ထဲက နာမည် အိမ့်ပိုးဥ။ English လို Pencilo လို့ စာလုံးပေါင်းတယ်။ Eaint Poe Ou လို့ စာလုံးပေါင်းတယ်။ အကောင့်နာမည်မှာရော ထွက်ခဲ့သမျှ စာအုပ်တွေမှာရော ပန်ဆယ်လိုပဲ။ နင်တို့ပထွေး မင်းအောင်လှိုင်ကို ဖေ့စ်ဘုတ်ပေးမသုံးတဲ့ ငဇူ လက်ယားထည့်လို့ ပါသွားဖူးတဲ့ အိကို အသေစွဲပြီး အိပန်ဆယ်လို မနေနဲ့။

နှမဇောင်းတိုက်တွေ မြန်မာလိုပေါင်းပေါင်း English လိုပေါင်းပေါင်း တစ်ခါမှ စောက်စာလုံးပေါင်း မမှန်ဘူး။ စကစသတင်းစာထဲ ထည့်တဲ့ သတင်းမှာတောင် စာလုံးပေါင်း မမှန်ဘူး။

ပန်ဆယ်လိုက မှတ်ရခက်နေရင် အလွယ်လေး ခေါ်လိုက်စမ်း။

ကျွန်တော်မျိုးတို့ ဘောမဆောင်ကြာမြိုင်အား မနေမနား တေဇောတိုက်၍ စားလည်း ပန်၊ သွားလည်း ပန်၊ တပန်ပန်နဲ့ စိုးမိုးနိုင်ပေထသော မမစိုးမိုးပန်လို့

အဟက်ဟက်

ပန်ဆယ်လို

Credit

Leave a Reply

Your email address will not be published.