မြန်မာမှာ အိုမီခရွန်ဗီဇပြောင်းပိုးကိုဗစ်ကူးစက်မှု နောက်ဆုံးအခြေအနေတွေ့ရှိလာ

News

မြန်မာမှာ အိုမီခရွန်ဗီဇပြောင်းပိုးကိုဗစ်ကူးစက်မှု နောက်ဆုံးအခြေအနေတွေ့ရှိလာ

မြန်မာမှာ အိုမီခရွန်ဗီဇပြောင်းပိုး BA.4, BA.5, BA 2.75 နှင့် BA 2.76 တို့တွေ့ရှိလာရတာကြောင့် ထပ်ဆောင်းကာကွယ်ဆေးထိုးဖို့ အရေးကြီးလာပြီလို့ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်လာပါတယ်။

ရက်ပေါင်း ၁၂၆ ရက်ကြာပြီးတဲ့နောက် ပြည်တွင်းမှာ ကိုဗစ်နဲ့ သေဆုံးသူစရှိလာတဲ့အကြောင်း အခုသြဂုတ်လ ၁၁ ရက်နေ့မှာပဲ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသလို

အဲဒီနောက်ပိုင်း နေ့စဥ်ထုတ်ပြန်ချက်တွေအရလည်း ကိုဗစ်ကူးစက်သူ အယောက် ၃၀ ကနေ ၅၀ကြား ရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ သြဂုတ်လ ၂၀ ရက်မှာ ပြည်တွင်း ကိုဗစ်ကူးစက်မှု အသစ် ၄၀ ကျော်မှာ ၃၀ ဟာ ပြည်တွင်းကူးစက်မှုလို့ ဆိုပါတယ်။

ကိုဗစ်တတိယလှိုင်းဒဏ်ကို အလူအလဲခံခဲ့ရတဲ့ ပြည်တွင်းမှာ တစ်ကျော့ပြန် ရောဂါ ထပ်တိုးနိုင်တဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လို သတိပြုနေထိုင်ကြဖို့ ပညာရှင်တွေက တိုက်တွန်းထားပါလဲ။

ဓာတ်ပုံ – MPA(ပုံဟောင်း)

zawgyi







ဓာတ်ပုံ – MPA(ပုံဟောင်း)

Credit

Leave a Reply

Your email address will not be published.