



ကားလတ်မှတ်ရောင်းလျှင် ခရီးသည်၏လိပ်စာအပြည့်အစုံတောင်းရန် စစ်ကောင်စီ ထပ်တင်းကျပ်
ရန်ကုန်၊ သြဂုတ်(၂၀) လူငယ့်ခေတ်
ကားလက်မှတ်ရောင်းချရာတွင် လိုက်ပါမည့်ခရီးသည်၏ နေရပ်လိပ်စာအပြည့်အဝယူထားရန်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အမိန့်ထုတ်ထားကြောင်း အဝေးပြေးယာဥ်လိုင်းအချို့ထံမှ သိရသည်

ယခင်က ခရီးသည်၏နိုင်ငံသားစိစစ်ရေးကတ်နံပါတ်နှင့် ဖုန်းနံပါတ်သာ မှတ်ယူခိုင်းခဲ့ပြီး ယမန်နေ့က ညွှန်ကြားစာတွင် နေရပ်လိပ်စာများကိုပါ တောင်းယူခိုင်းထားခြင်းဖြစ်သည်ဟု ဆိုကြသည်
လုံခြုံရေးကြောင့်လို့တော့ထင်တာပဲ။ သူတို့ခိုင်းတော့လည်းဘယ်တတ်နိုင်မလဲဟု အောင်မင်္ဂလာအဝေးပြေးရှိယာဥ်လိုင်းတာဝန်ခံတစ်ဦးက ပြောသည်
အဆိုပါညွှန်ကြားမှုမှာ ရန်ကုန်အပါအဝင် နိုင်ငံတဝန်းပြေးဆွဲနေသည့် အဝေးပြေးယာဥ်လိုင်းအားလုံး အကြုံးဝင်သည်ဟုလည်း အဆိုပါဝန်ကြီးဌာနမှ သတင်းအရင်းအမြစ်တစ်ဦးက အတည်ပြုပြောသည်
ယခုလအတွင်း၌လည်း အဝေးပြေးကားများ ကုန်တင်ဆောင်မှုနှင့်ပတ်သက်၍ ကန့်သတ်ကြပ်မက်မှုများ ပြုလုပ်ခဲ့သေးသည်
ယခုရက်ပိုင်းအတွင်း အဝေးပြေးကားနှင့်သယ်ဆောင်သည့် လက်နက်များ ဖမ်းဆီးရမိမှုများရှိနေ၍
ကြပ်မတ်မှုများ ပိုလုပ်လာခြင်းဖြစ်နိုင်သည်ဟုလည်း ယာဥ်လိုင်းတာဝန်ခံအချို့က သုံးသပ်နေကြသည်

Credit