မြန်မာနိုင်ငံသမ္မတအဖြစ် ဥပဒေအရ ၂ ကြိမ်ဆက်တိုက် ၁၀ နှစ်ကာလ အဖြစ် တာဝန်ယူဆောင်ရွက်နိုင်ဟု မင်းအောင်လှိုင်ပြော၊

News

မြန်မာနိုင်ငံသမ္မတအဖြစ် ဥပဒေအရ ၂ ကြိမ်ဆက်တိုက် ၁၀ နှစ်ကာလ အဖြစ် တာဝန်ယူဆောင်ရွက်နိုင်ဟု မင်းအောင်လှိုင်ပြော၊ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဆွေးနွေးရေး တောင်းဆိုမှုကို ယခုထက်ပိုမို အရေးယူနိုင်သော်လည်း သက်ညှာထားဟု တုံ့ပြန်

ရန်ကုန်၊ ဩဂုတ် ၁၉

အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဥပဒေကြောင်းအရ မြန်မာ နိုင်ငံသမ္မတအဖြစ် ၂ ကြိမ်ဆက်တိုက် ၁၀ နှစ်ကာလ အဖြစ် တာဝန်ယူ ဆောင် ရွက်နိုင်သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စား လှယ်ကို ပြောဆိုကြောင်း အကြမ်းဖက်စစ်တပ်က သတင်းထုတ်ပြန်ထားသည်။

ယနေ့ စစ်တပ်၏ သတင်းထုတ်ပြန်မှုတွင် အကြမ်းဖက် မင်းအောင်လှိုင်က လက်ရှိတွင် ၎င်းအနေဖြင့် နိုင်ငံကို မည်ကဲ့သို့ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်မည် ဆိုသည့်စိတ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းအနေဖြင့် တာဝန်ယူဆော်ငရွက်သည့် ကာလ အကန့်အသတ်ရှိကြောင်း၊ (ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာကြွယ်၀သည့်နိုင်ငံဖြစ်လာရန်) လာမည့်ကာလတွင် အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်၍ တာဝန်ထမ်းဆောင်မည့် အစိုးရအဖွဲ့က သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ ပြောကြားရမည်ဆိုလျှင်မြန်မာနိုင်ငံတော်သမ္မတအဖြစ် ၂ ကြိမ်ဆက်တိုက် ၁၀ နှစ်တာကာလအဖြစ် တာဝန်ယူ ဆောင်ရွက်နိုင်ကြောင်း၊ အဆိုပါကိစ္စများသည် ၁၀ နှစ်တာကာလအတွင်း အထွေထွေရွေးကောက်ပွဲ အနိုင်ရရှိမည့် သမ္မတကသာ အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်၏ ထုတ်ပြန်ချက်တွင် မင်းအောင်လှိုင်က သမ္မတလုပ်မည့် သဘော ပုံစံလော( သို့မဟုတ်) ရွေးကောက်ခံ သမ္မတ၏ ဥပဒေအရ သက်တမ်းကာလကို ရှင်းပြသည့် ပုံစံလော ဆိုသည်ကို ရှင်းရှင်းလင်းလင်းမဖော်ပြဘဲ လုံး ထွေးရေးသားသည့်အပြင် ၂၀၀၈ ဥပဒေအရ သမ္မတသည် ရွေးကောက်ပွဲ ၂ ကြိမ် အနိုင်ရရှိမှသာလျှင် ၅ နှစ် ၂ ကြိမ် စုစုပေါင်း ၁၀ နှစ် တာဝန်ထမ်းဆောင်မည့် အချက်ကို မဖော်ပြထားပေ။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေး နွေးရေး တောင်းဆိုမှုအပေါ် မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည် အပေါ် ယခုထက်ပိုမို အရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်သော်လည်း သက်ညှာသော အား ဖြင့် မပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ တရားစီရင်မှုများ ပြီးဆုံးပြီးနောက် ၎င်းတို့ ၏ လုပ်ဆောင်ချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ တုံ့ပြန်လာမှုများကို မူ တည် ၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် စဉ်းစားဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောဆိုသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်နှင့် မင်းအောင်လှိုင်တို့ သည် ဩဂုတ်လ ၁၇ ရက်နေ့တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်။

ျမန္မာနိုင္ငံသမၼတအျဖစ္ ဥပေဒအရ ၂ ႀကိမ္ဆက္တိုက္ ၁၀ ႏွစ္ကာလ အျဖစ္ တာဝန္ယူေဆာင္ရြက္နိုင္ဟု မင္းေအာင္လွိုင္ေျပာ၊ ေဒၚေအာင္ဆန္းစုၾကည္ေတြ႕ဆုံေဆြးေႏြးေရး ေတာင္းဆိုမႈကို ယခုထက္ပိုမို အေရးယူနိုင္ေသာ္လည္း သက္ညႇာထားဟု တုံ႔ျပန္

ရန္ကုန္၊ ဩဂုတ္ ၁၉

အၾကမ္းဖက္ ဖက္ဆစ္ စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္က ဥပေဒေၾကာင္းအရ ျမန္မာ နိုင္ငံသမၼတအျဖစ္ ၂ ႀကိမ္ဆက္တိုက္ ၁၀ ႏွစ္ကာလ အျဖစ္ တာဝန္ယူ ေဆာင္ ရြက္နိုင္သည္ဟု ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္၏ အထူးကိုယ္စား လွယ္ကို ေျပာဆိုေၾကာင္း အၾကမ္းဖက္စစ္တပ္က သတင္းထုတ္ျပန္ထားသည္။

ယေန႔ စစ္တပ္၏ သတင္းထုတ္ျပန္မႈတြင္ အၾကမ္းဖက္ မင္းေအာင္လွိုင္က လက္ရွိတြင္ ၎အေနျဖင့္ နိုင္ငံကို မည္ကဲ့သို႔ တိုးတက္ေကာင္းမြန္ေအာင္ ေဆာင္ရြက္မည္ ဆိုသည့္စိတ္ျဖင့္ ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ၎အေနျဖင့္ တာဝန္ယူေဆာ္ငရြက္သည့္ ကာလ အကန႔္အသတ္ရွိေၾကာင္း၊ (ေရရွည္ဖြံ့ၿဖိဳးတိုးတက္ၿပီး ခ်မ္းသာႂကြယ္၀သည့္နိုင္ငံျဖစ္လာရန္) လာမည့္ကာလတြင္ အေထြေထြေရြးေကာက္ပြဲက်င္းပျပဳလုပ္၍ တာဝန္ထမ္းေဆာင္မည့္ အစိုးရအဖြဲ႕က သာ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ဥပေဒေၾကာင္းအရ ေျပာၾကားရမည္ဆိုလၽွင္ျမန္မာနိုင္ငံေတာ္သမၼတအျဖစ္ ၂ ႀကိမ္ဆက္တိုက္ ၁၀ ႏွစ္တာကာလအျဖစ္ တာဝန္ယူ ေဆာင္ရြက္နိုင္ေၾကာင္း၊ အဆိုပါကိစၥမ်ားသည္ ၁၀ ႏွစ္တာကာလအတြင္း အေထြေထြေရြးေကာက္ပြဲ အနိုင္ရရွိမည့္ သမၼတကသာ အေကာင္အထည္ ေဖာ္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း ေျပာဆိုသည္။

အၾကမ္းဖက္စစ္တပ္၏ ထုတ္ျပန္ခ်က္တြင္ မင္းေအာင္လွိုင္က သမၼတလုပ္မည့္ သေဘာ ပုံစံေလာ( သို႔မဟုတ္) ေရြးေကာက္ခံ သမၼတ၏ ဥပေဒအရ သက္တမ္းကာလကို ရွင္းျပသည့္ ပုံစံေလာ ဆိုသည္ကို ရွင္းရွင္းလင္းလင္းမေဖာ္ျပဘဲ လုံး ေထြးေရးသားသည့္အျပင္ ၂၀၀၈ ဥပေဒအရ သမၼတသည္ ေရြးေကာက္ပြဲ ၂ ႀကိမ္ အနိုင္ရရွိမွသာလၽွင္ ၅ ႏွစ္ ၂ ႀကိမ္ စုစုေပါင္း ၁၀ ႏွစ္ တာဝန္ထမ္းေဆာင္မည့္ အခ်က္ကို မေဖာ္ျပထားေပ။

ကုလသမဂၢ အထူးကိုယ္စားလွယ္က ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေတြ႕ဆုံေဆြး ေႏြးေရး ေတာင္းဆိုမႈအေပၚ မင္းေအာင္လွိုင္က ေဒၚေအာင္ဆန္းစုၾကည္ အေပၚ ယခုထက္ပိုမို အေရးယူေဆာင္ရြက္မႈမ်ားျပဳလုပ္နိုင္ေသာ္လည္း သက္ညႇာေသာ အား ျဖင့္ မျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ တရားစီရင္မႈမ်ား ၿပီးဆုံးၿပီးေနာက္ ၎တို႔ ၏ လုပ္ေဆာင္ခ်က္အေပၚ ေဒၚေအာင္ဆန္းစုၾကည္၏ တုံ႔ျပန္လာမႈမ်ားကို မူ တည္ ၍ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စဥ္းစားေဆာင္ရြက္သြားမည္ျဖစ္ ေၾကာင္း ေျပာဆိုသည္။

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္၏ အထူးကိုယ္စားလွယ္ႏွင့္ မင္းေအာင္လွိုင္တို႔ သည္ ဩဂုတ္လ ၁၇ ရက္ေန႔တြင္ ေတြ႕ဆုံခဲ့ျခင္းျဖစ္သည္။

ဓာတ္ပုံ- အၾကမ္းဖက္ မင္းေအာင္လွိုင္။

Credit

Leave a Reply

Your email address will not be published.