ယောကျ်ားတိုင်းကြိုက်နှစ်သက်ကြတဲ့ မိန်းကလေးတစ်ယောက်မှာရှိတဲ့ အရာ(၅)မျိုး…
ယောကျ်ားတစ်ယောက်ရဲ့စိတ်ကို ဆွဲငင်နိုင်ဖို့အတွက် ဘယ်လိုတွေ လုပ်ဆောင်ရမလဲဆိုတာ ခေါင်းအပူခံပြီး စဉ်းစားနေစရာမလိုပါဘူး …။
အကြောင်းကတော့ လွယ်ကူရိုးရှင်းတဲ့အဖြေလေးတွေ ရှိပြီးသား မို့လို့ပါပဲ။
အခုဖော်ပြပေးမှာကတော့ ယောကျ်ားတိုင်းကြိုက်နှ်စ်သက်ကြတဲ့ မိန်းကလေးတစ်ယောက်မှာရှိတဲ့ အရာတွေပဲ ဖြစ်ပါတယ် …။




(၁) လွတ်လပ်တယ်။
ယောကျ်ားလေးတွေဟာ လွတ်လပ်ပြီး ကိုယ့်ဖာသာကို ဆုံးဖြတ်ချက်ချ နိုင်စွမ်းရှိတဲ့ မိန်းကလေးတွေကို သဘောကျကြပါတယ်။
တစ်ခုခုဆို ချိတုံချ တုံမဖြစ်ပဲ ကိုယ့်ဖာသာကို လွတ်လပ်စွာ ဆုံးဖြတ်နိုင်ပြီး ဆုံးဖြတ်တဲ့ အတိုင်းလည်း တာဝန်ယူနိုင်တဲ့ မိန်းကလေးမျိုးကို သဘောအ ကျဆုံးပါပဲ။
(၂) ထက်မြက်ပြီး အလုပ်ကြိုးစားတယ်။
ယောကျ်ားလေးတွေဟာ ကလေးဆန်တာ မျိုးတွေကို မနှစ်သက်ကြပါဘူး။ တည်ငြိမ်ပြီးအခြေတကျရှိတဲ့ မိန်းကလေးတွေကို သဘောကျကြပါတယ်။




အလုပ်အကိုင်ရှိပြီး ကိုယ်ပိုင်ဝင်ငွေနဲ့ရပ်တည်နိုင်တဲ့မိန်းကလေးတွေ၊ ထက်မြက်ပြီး အလုပ်ကို တန်ဖိုးထားတဲ့၊
အလုပ်ကြိုးစားတဲ့မိန်းကလေးတွေဟာ ယောကျ်ားတွေရဲ့အမြင်မှာ ဆွဲဆောင်မှု အရှိဆုံးဖြစ်ပါတယ် …။
(၃) စိတ်နဲ့ခန္ဓာကို ဂရုစိုက်တယ်။




ယောကျ်ားလေးတွေဟာ ရုပ်လှတာကို ကြိုက် ရုံမကပါဘူး။ စိတ်ထားလှတာ ကိုပါသဘောကျတဲ့သူတွေပါ …။
ခန္ဓာကိုယ်အ လှကိုလည်း ကောင်းမွန်စွ ာထိန်း သိမ်းနိုင်ပြီး၊စိတ်အလှကိုလည်း ဂရုစိုက်နိုင်တဲ့ မိန်းကလေးတွေဟာ
ယောကျ်ားတွေအတွက် ဆွဲဆောင်မှု အရှိဆုံးပါပဲ။ သွယ်လျ ကျစ်လျစ်ပြီး အဆီပိုတွေမရှိတဲ့ ခန္ဓာကိုယ်နဲ့၊
မြင့်မြတ်တည်ကြည် တဲ့စိတ်ထားပိုင်ရှင် ကတော့ ယောကျ်ားလေးတွေ အတွက် ရှားပါးရတနာတစ်ခုလို တန်ဖိုးကြီးပါတယ်။
(၄) ရပ်တည်ပေးတယ်။
ယောကျ်ားလေးတွေဟာ ကိုယ့်ဖက်မှာ အမြဲရပ်တည်ပေးတဲ့ ချစ်သူမျိုးကိုပဲလိုချင်ကြပါတယ်။




ဘာတွေပဲဖြစ်နေပါစေ၊ ဘယ်လိုအခြေအနေ၊ ဘယ်လိုနေရာမှာပဲရောက်ရောက် ကိုယ့်လက်ကိုမြဲမြဲတွဲပြီး၊
ကိုယ့်ဖက်ကနေ အမြဲတမ်းရပ် တည်ပေးနိုင်မယ့် ချစ်သူမျိုးကိုပဲ လိုချင်ကြပါတယ် …။
ကိုယ့်ကိုအမြဲတမ်းအားပေးပြီး ကိုယ့်အနားမှာ အမြဲရှိနေပေးတဲ့ မိန်းကလေးကတော့ ယောကျ်ားအားလုံးရဲ့ အိပ်မက်ပါပဲ။
(၅) ငွေမမက်ဘူး။
ယောကျ်ားလေးတွေဟာ ဂုဏ်တွေ၊ ပကာသနတွေ အရမ်းမက်မောတဲ့ မိန်းကလေးတွေကို သဘောမကျပါဘူး …။
ကိုယ့်ရဲ့အရှိကို အရှိတိုင်း လက်ခံနိုင်ပြီး ဆိုးတူကောင်းဖက်၊ အတူတူမျှဝေခံစားပေးနိုင်မယ့် မိန်းကလေးမျိုးကို လိုချင်ကြပါတယ်။




ကိုယ့်ဆီက တစ်ခုခုကိုမျှော် ကိုးတာမျိုး၊ ပကာသနတွေကိုမက်ပြီး ကိုယ့်ကိုလာကပ်တာမျိုးကိုလုံးဝမကြိုက်ပါဘူး။
ငွေမမက်၊ ဂုဏ်မမက်တဲ့ မိန်းမအတွက်ဆို ဘာမဆိုပေးချင်တဲ့သူတွေဖြစ်ပါတယ် …။
မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။