ဖေ့ဘွတ်ခ်ရှယ်ယာများ ရုတ်တရက် တန်ဖိုး ထိုးကျသွား

News

စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက Facebook ကို ပိတ်ပင်ပြီး အစားထိုး လူမှု ကွန်ယက် တခုကို DSA ဆင်း ပညာရှင်များ၏ အကူအညီနဲ့ ဖန်တီးမယ်လို့ ကြေငြာခဲ့ပါတယ်။

ဒီသတင်း ထွက်ပေါ်မှု အပြီးမှာတော့ စျေးကွက်ထဲက Facebook ရဲ့ ရှယ်ယာဟာ ၇ % ကနေ ၃၀ % အထိ ထိုးကျသွားပြီး ဆက်လက် ထိုးကျသွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။


ဖေ့ဘုတ် တည်ထောင်သူ ဇူကာဘတ်ကလည်း..

“ အမေရိကန် သမ္တတ ဟောင်း ဒေါ်နယ်ထရန့်က Truth ဆိုရှယ်ပလက်ဖောင်း လုပ်မယ် ဆိုတဲ့ သတင်းတွေ ထွက်စဥ်က ကျွန်တော်တို့ ဘာမှ စိတ်မပူပန်ခဲ့ပါဘူး။ ဒါပေမယ့် ဒီတခေါက်က မတူဘူးဗျ..

အထူးသဖြင့် DSA ဆင်းတွေက ဦးစီး တီထွင်မယ် ဆိုတဲ့ သတင်းကတော့ တကယ့်ကို ကျွန်တ်ောတို့အတွက် အိပ်မက် ဆိုးပါပဲဗျာ..
ခင်ဗျားတို့ သိတဲ့အတိုင်း .. DSA ကျောင်းက ဆင်းတဲ့ သူမှန်သမျှဟာ ကာကွယ်ရေး၊ စီးပွားရေး၊ လူမှုရေး ၊ ပညာရေး ဘက်စုံ ထူးချွန်ပြီး သမ္မတထက်ကြီးတဲ့ ရာထူးတောင် လုပ်နိုင်တယ်လေ။

ပြီးတော့ DSA ဆင်းတွေဟာ တိုင်းပြည်အတွက် နေ့မအား ညမအား အလုပ်လုပ်နေတဲ့ ကြားထဲကကို ဘီလျံနာကြီးတွေ ဖြစ်ကုန်တယ်ဗျ။ အင်မတန် တော်တဲ့ သူတွေ။


ဒါတင်ပဲလား ဆိုတော့ DSA ဆင်းတွေဟာ ဒေါ်လာ‌စျေး ဆိုရင်လည်း အမိန့်ပေးလိုက်တာနဲ့ စျေးကျအောင် လုပ်နိုင်တယ်၊ လောင်စာစျေးနှုန်းကိုလည်း အမိန့်ပေးပြီး ပုံသေ ဖြစ်အောင် လုပ်နိုင်စွမ်း ရှိတယ်။

လျှပ်စစ်မီး မမှန်တာတောင်မှ လျှပ်စစ်ရထားတွေ၊ လျှပ်စစ်ကားတွေ ထုတ်ဖို့ စီမံကိန်း ဆွဲနိုင်တဲ့ သူတွေဗျ။

နောက်ဆုံးဗျာ. ပြည်ပ ရင်းနှီး မြှုတ်နှံမှုလည်း မရှိ၊ပြည်တွင်းမှာလည်း အလုပ်အကိုင် စီးပွားရေး ဘာမှ မရှိလို့ တိုင်းပြည် ချွတ်ခြုံကျ နေတဲ့ အခြေအနေမှာတောင် ၆ လအတွင်း စီးပွားရေး တဟုန်ထိုး ဦးမော့လာ စေရမယ်လို့ ရဲရဲကြီး ကတိပေးနိုင်ကြတယ်ဗျာ.. ဒါမျိုးကတိကတော့ DSA ဆင်းတွေကလွဲလို့ ဘယ်သူကများ ပေးနိုင်မှာလဲ။

သေချာပါတယ်.. DSA ဆင်းတွေ တီထွင်မယ့် ဆိုရှယ် ပလက်ဖောင်းဟာ Facebook ကိုသာမကပဲ Twitter လို အခြား ပလက်ဖောင်းတွေကိုပါ အကြီးအကျယ် ဒုက္ခရောက်စေ လိမ့်မယ် “ လို့ မသက်မသာနဲ့ ဝန်ခံ ခဲ့ပါတယ်။

ဒီသတင်းအပေါ်ဝစီပိတ်ကလည်း “ အမျိုးဘာသာ သာသနာအတွက် စိတ်အေးရပြီကွ “ လို့ အသံပြဲကြီးနဲ့ ကြွေးကျော်ခဲ့သလို ဂူကြီးက “ သဒ္ဒါတရား ထက်သန်တဲ့ မင်းကောင်းမင်းမြတ် “ လို့ ချီးကျူးခဲ့ပါတယ်။

ကြက်ဖကတော့ “ ခုရက်ပိုင်း မြန်မာနိုင်ငံမှာ ရေကြီးတာတွေကို လုံး၀ မစိုးရိမ်မိဘူး “ လို့ ပြောပါတယ်။

..
စိုးနေ့သစ်

Credit

Leave a Reply

Your email address will not be published.