မိုဘိုင်းငွေလွှဲဝန်ဆောင်မှု အသုံးပြု့သူတွေကို အေးဂျင့်ဆိုင်တွေအနေနဲ့ ဓါတ်ပုံခိုးရိုက်ထားကြဖို့ ဗဟိုဘဏ်ညွှန်ကြား

News

မိုဘိုင်းငွေလွှဲဝန်ဆောင်မှု အသုံးပြု့သူတွေကို အေးဂျင့်ဆိုင်တွေအနေနဲ့ ဓါတ်ပုံခိုးရိုက်ထားကြဖို့ ဗဟိုဘဏ်ညွှန်ကြား

ရန်ကုန် | ဩဂုတ်

K Pay နဲ့ Wave Money ကဲ့သို့ မိုဘိုင်းငွေလွှဲဝန်ဆောင်မှုပေးတဲ့ အေးဂျင့်ဆိုင်တွေမှာ လာရောက် ငွေလွှဲ၊ ငွေထုတ်သူတွေကို လျို့ဝှက် ဓါတ်ပုံရိုက်ယူထားကြဖို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ လျို့ဝှက်ညွှန်ကြားချက်တစ်စောင်မှာ ထည့်သွင်းညွှန်ကြားထားပါတယ်။

ဒါဟာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ အညီ လုပ်ငန်းဆောင်ရွက်နိုင်ရေး အတွက်လို့ ဗဟိုဘဏ်ထုတ်ပြန်ချက်က အကြောင်းပြထားပါတယ်။

မိုဘိုင်းငွေကြေးဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းတွေ၊ဘဏ်တွေအနေနဲ့ သုံးစွဲသူတွေအပေါ်တင်းကြပ်ရမယ့် စည်းမျဉ်းစည်းကမ်းအချက် ၉ချက်ပါ ညွှန်ကြားစာမှာ အခုလို လာရောက် ငွေလွှဲ၊ ငွေထုတ်သူတွေကို လျို့ဝှက်ဓါတ်ပုံရိုက်ယူထားဖို့ ကိုပါ ညွှန်ကြားထားတာဖြစ်ပါတယ်။

“ငွေလွှဲ၊ ငွေထုတ်သူအား မှတ်ပုံတင်ထားနိုင်ရန်အတွက် Agentဆိုင်များတွင် CCTV တပ်ဆင်ရန် (သို့) ငွေလွှဲ၊ ငွေထုတ်သူအား လျို့ဝှက် ဓါတ်ပုံရိုက်၍ ရယူထားရန်” လို့ ဖော်ပြညွှန်ကြားထားတာဖြစ်ပါတယ်။

မိုဘိုင်းငွေလွှဲစနစ်တွေအတွက် application အသုံးပြု့မှုတွေမှာလည်း မှတ်ပုံတင်ပြီး Accountအသစ်ဖွင့်ရာမှာ နာမည် ၊ မှတ်ပုံတင်နံပါတ်၊ မှတ်ပုံတင် အရှေ့အနောက် ဓါတ်ပုံ၊ မျက်နှာတိုက်စစ်ရန် အသုံးပြု့မယ့်သူရဲ့ Live ရိုက်ကူးပေးရမယ့်ဓါတ်ပုံ (Face ID) စတဲ့အချက်အလက် အပြည့်အစုံရမှသာ Account အသစ်ဖွင့်ပေးရမယ်လို့ ညွှန်ကြားထားပါတယ်။

လက်ရှိအသုံးပြု့နေတဲ့ Accountပိုင်ရှင်တွေကိုလည်း အဆိုပါအချက်အလက်တွေ ဖြည့်ခိုင်းပြီး ၃လအတွင်း Levelမြှင့်တာတွေ ဆောင်ရွက်ရမယ်လို့လည်း ဆိုထားပါတယ်။

မိုဘိုင်း Pay application တွေကနေ အချင်းချင်းငွေလွှဲရင်လည်း ဖုန်းနံပါတ်ထည့်လိုက်တာနဲ့ လက်ခံသူရဲ့ နာမည်တွေ ဖော်ပြနိုင်ဖို့ Systemတွေကို ပြင်ဆင်ဖို့ အမြန်ဆုံးလုပ်ရမယ်လို့လည်း အဆိုပါညွှန်ကြားချက်ထဲမှာ ပါရှိပါတယ်။

ဓါတ်ပုံ -မိုဘိုင်းငွေလွှဲဝန်ဆောင်မှုပေးသော ဆိုင်တစ်ဆိုင်ကိုတွေ့ရစဉ် / Nikkei Asia (ပုံဟောင်း)

မိုဘိုင္းေငြလႊဲဝန္ေဆာင္မႈ အသုံးျပဳ႕သူေတြကို ေအးဂ်င့္ဆိုင္ေတြအေနနဲ႔ ဓါတ္ပုံခိုးရိုက္ထားၾကဖို႔ ဗဟိုဘဏ္ညႊန္ၾကား

ရန္ကုန္ | ဩဂုတ္

K Pay နဲ႔ Wave Money ကဲ့သို႔ မိုဘိုင္းေငြလႊဲဝန္ေဆာင္မႈေပးတဲ့ ေအးဂ်င့္ဆိုင္ေတြမွာ လာေရာက္ ေငြလႊဲ၊ ေငြထုတ္သူေတြကို လ်ိဳ႕ဝွက္ ဓါတ္ပုံရိုက္ယူထားၾကဖို႔ စစ္ေကာင္စီလက္ေအာက္ခံ ဗဟိုဘဏ္က ၿပီးခဲ့တဲ့ ဩဂုတ္လ ၁၅ရက္ေန႔ ေန႔စြဲနဲ႔ ထုတ္ျပန္တဲ့ လ်ိဳ႕ဝွက္ညႊန္ၾကားခ်က္တစ္ေစာင္မွာ ထည့္သြင္းညႊန္ၾကားထားပါတယ္။

ဒါဟာ ေငြေၾကးခဝါခ်မႈနဲ႔ အၾကမ္းဖက္မႈကို ေငြေၾကးေထာက္ပံ့မႈတိုက္ဖ်က္ေရးဆိုင္ရာ သတ္မွတ္ခ်က္ေတြနဲ႔ အညီ လုပ္ငန္းေဆာင္ရြက္နိုင္ေရး အတြက္လို႔ ဗဟိုဘဏ္ထုတ္ျပန္ခ်က္က အေၾကာင္းျပထားပါတယ္။

မိုဘိုင္းေငြေၾကးဝန္ေဆာင္မႈဆိုင္ရာ လုပ္ငန္းေတြ၊ဘဏ္ေတြအေနနဲ႔ သုံးစြဲသူေတြအေပၚတင္းၾကပ္ရမယ့္ စည္းမ်ဥ္းစည္းကမ္းအခ်က္ ၉ခ်က္ပါ ညႊန္ၾကားစာမွာ အခုလို လာေရာက္ ေငြလႊဲ၊ ေငြထုတ္သူေတြကို လ်ိဳ႕ဝွက္ဓါတ္ပုံရိုက္ယူထားဖို႔ ကိုပါ ညႊန္ၾကားထားတာျဖစ္ပါတယ္။

“ေငြလႊဲ၊ ေငြထုတ္သူအား မွတ္ပုံတင္ထားနိုင္ရန္အတြက္ Agentဆိုင္မ်ားတြင္ CCTV တပ္ဆင္ရန္ (သို႔) ေငြလႊဲ၊ ေငြထုတ္သူအား လ်ိဳ႕ဝွက္ ဓါတ္ပုံရိုက္၍ ရယူထားရန္” လို႔ ေဖာ္ျပညႊန္ၾကားထားတာျဖစ္ပါတယ္။

မိုဘိုင္းေငြလႊဲစနစ္ေတြအတြက္ application အသုံးျပဳ႕မႈေတြမွာလည္း မွတ္ပုံတင္ၿပီး Accountအသစ္ဖြင့္ရာမွာ နာမည္ ၊ မွတ္ပုံတင္နံပါတ္၊ မွတ္ပုံတင္ အေရွ႕အေနာက္ ဓါတ္ပုံ၊ မ်က္ႏွာတိုက္စစ္ရန္ အသုံးျပဳ႕မယ့္သူရဲ့ Live ရိုက္ကူးေပးရမယ့္ဓါတ္ပုံ (Face ID) စတဲ့အခ်က္အလက္ အျပည့္အစုံရမွသာ Account အသစ္ဖြင့္ေပးရမယ္လို႔ ညႊန္ၾကားထားပါတယ္။

လက္ရွိအသုံးျပဳ႕ေနတဲ့ Accountပိုင္ရွင္ေတြကိုလည္း အဆိုပါအခ်က္အလက္ေတြ ျဖည့္ခိုင္းၿပီး ၃လအတြင္း Levelျမႇင့္တာေတြ ေဆာင္ရြက္ရမယ္လို႔လည္း ဆိုထားပါတယ္။

မိုဘိုင္း Pay application ေတြကေန အခ်င္းခ်င္းေငြလႊဲရင္လည္း ဖုန္းနံပါတ္ထည့္လိုက္တာနဲ႔ လက္ခံသူရဲ့ နာမည္ေတြ ေဖာ္ျပနိုင္ဖို႔ Systemေတြကို ျပင္ဆင္ဖို႔ အျမန္ဆုံးလုပ္ရမယ္လို႔လည္း အဆိုပါညႊန္ၾကားခ်က္ထဲမွာ ပါရွိပါတယ္။

ဓါတ္ပုံ -မိုဘိုင္းေငြလႊဲဝန္ေဆာင္မႈေပးေသာ ဆိုင္တစ္ဆိုင္ကိုေတြ႕ရစဥ္ / Nikkei Asia (ပုံေဟာင္း)

Credit

Leave a Reply

Your email address will not be published.