ရွှေ ၁ ကျပ်သား ကျပ် ၂,၇၅၀,၀၀၀ ကျော်သို့ စျေးခုန်တက်ပြီး အမေရိကန် ၁ ဒေါ်လာ ကျပ် ၃,၀၀၀ နားသို့ ရောက်ရှိလာ

News

မဇ္ဈိမ။ ။ ရွှေတစ်ကျပ်သားလျှင် ကျပ် ၂,၇၅၀,၀၀၀ ကျော်(ကျပ် ၂၇သိန်းခွဲကျော်) သို့ စျေးခုန်တက်ပြီး အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၃,၀၀၀ နားသို့ ရောက်ရှိလာကြောင်းစျေးကွက်အတွင်းက သိရသည်။

ပုံမှန်စျေးကွက်အတိုင်းဆိုပါက စနေနှင့်တနင်္ဂနွေနေ့များတွင် စျေးကွက်အတွင်း အရောင်းအဝယ် အေးနေသော်လည်း ယနေ့တွင် စျေးကွက်အတွင်းစျေးနှုန်းများ တောက်လျှောက်မြင့်တက်လာနေခြင်းဖြစ်သည်။

” အရင်တုန်းက ပုံမှန်အတိုင်းဆို စနေ၊တနင်္ဂနွေက အလုပ်သိပ်မလုပ်ဘူး။ စျေးကွက်ကလည်းသောကြာနေ့စျေးတွေနဲ့ပဲ လုပ်ကိုင်ကြတာ။ အတက်အကျ သိပ်မရှိဘူး။ အလုပ်တော့လုပ်ကြတယ်။ ဒီနေ့လိုမျိုးတော့ စျေးကွက်ထဲဗြောင်းဆန်နေအောင်မတက်ဘူး။ ဒီနေ့လိုအခြေအနေက တစ်ခါမှမရှိခဲ့ဘူး။ စျေးတွေကနာရီပိုင်းနဲ့တက်နေတာ” ဟု ရွှေကုန်သည်တစ်ဦးကပြောသည်။

ယမန်နေ့က ရွှေစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂,၆၀၀,၀၀၀ ကျော်သာရှိရာမှ ယနေ့ သြဂုတ် ၁၃ ရက် မွန်းလွဲပိုင်းတွင် ကျပ် ၂,၇၀၀,၀၀၀ သိန်းသို့ရောက်ရှိပြီး နာရီပိုင်းအကြာ မွန်းလွဲ ၂ နာရီခွဲတွင် ကျပ် ၂,၇၅၀,၀၀၀ ကျော်နှင့် ကျပ် ၂,၇၇၀,၀၀၀ ကျော်အကြားသို့ ခုန်တက်ခဲ့သည်။

ဒေါ်လာစျေးနှုန်းမှာလည်း ယမန်နေ့က တစ်ဒေါ်လာ ၂,၈၀၀ ကျပ်သာရှိရာမှ ယနေ့မွန်းလွဲပိုင်း ၁ နာရီတွင် ၂,၈၅၀ကျပ်အကြားနှင့် ၂,၉၅၀ သို့ ရောက်ရှိလာခဲ့သည်။

” ဒေါ်လာလည်းတောက်လျှောက်တက်နေတယ်။ အခုရက်ပိုင်းကအတက်ချည်းပဲဖြစ်နေတယ်” ဟု ဒေါ်လာစျေးအရောင်းအဝယ်ပြုလုပ်သူတစ်ဦးကပြောသည်။

စျေးနှုန်းများမြင့်တက်နေသော်လည်း ဝယ်လိုအားရှိနေသည်ဟု စျေးကွက်အတွင်းကသိရသည်။
စစ်အာဏာသိမ်းပြီးနောက်တွင် စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာစျေးနှုန်းများ ဆက်တိုက်မြင့်တက်နေသည်။

Credit

Leave a Reply

Your email address will not be published.