စူပါမားကက်တွေမှာ စားသုံးဆီကို ခွဲတမ်းနဲ့ စတင်ရောင်းချ

News

စူပါမားကက်တွေမှာ စားသုံးဆီကို ခွဲတမ်းနဲ့ စတင်ရောင်းချ ( ပိုက်ဆံ ရှိတိုင်း ဝယ်လို့ မရတော့ပါဘူး၊ လွန်ခဲ့တဲ့ နှစ် ၃၀ က အခြေအနေကို ရောက်သွားပါပြီ… )

လက်ရှိအချိန်မှာ စားအုန်းဆီ၊ နေကြာဆီနဲ့ ဟင်းသီးဟင်းရွက်ဆီများကို လိုသလောက် ဝယ်ယူနိုင်ခြင်း မရှိတော့ဘဲ ကုမ္ပဏီများကလည်း အရောင်းဆိုင်များကို ဖြန့်ဖြူးပေးနိုင်ခြင်း မရှိတော့ဘူးလို့ သိရပါတယ်။ စားဆီ ဈေးနှုန်းတွေလည်း မြင့်တက်လျက်ရှိ ပြီး ဈေးနှုန်းတက်နေပေမယ့်လည်း ဆိုင်များအတွက် အဓိက အခက်အခဲမှာ ရောင်းစရာပစ္စည်းမရှိ

သည့် အခြေအနေဖြစ်နေကြောင်း ဈေးကွက် အတွင်းမှ သိရပါတယ်။ စူပါမားကက်များ၊ ဈေးဝယ်စင်တာ တချို့မှာလည်း ခွဲတမ်းစနစ်နဲ့သာ စားသုံးဆီများကို ရောင်းချပေးနေတယ်လို့ သိရပါတယ်။ ပြည်တွင်းသုံးစွဲမှုများသည့် စားအုန်းဆီဈေးနှုန်းများမှာလည်း တစ်ပိဿာ လျှင် ကျပ် ၉၀၀၀ အထိမြင့်တက်နေပြီး လိုသ လောက်ဝယ်ယူနိုင်ခြင်းမရှိကြောင်း ဈေးကွက် အတွင်းမှ

သိရပါတယ်။ စူပါမားကတ်တွေမှာ စားအုန်းဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီများကို တယောက်လျှင် ၁ ဘူး (သို့) ၂ ဘူး ခွဲတမ်းနဲ့ သတ်မှတ်ထားပြီး ပိုယူသွားပါက ကောင်တာမှာ မရှင်းပေးဘဲ ဖယ်ထားခံနေရတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ဒေါ်လာဈေး၊

စက်သုံးဆီဈေးနဲ့ ရွှေဈေးများ အဆမတန် မြင့်တက်နေချိန်မှာ ပြည်သူတွေ အဓိက စားသုံးနေတဲ့ ကုန်ပစ္စည်းတွေလည်း ဈေးတက်လာနေပြီး နိုင်ငံခြားက တင်သွင်းတဲ့ ပစ္စည်းမှန်သမျှ အကုန် ပြတ်လပ်နေတယ်လို့ သိရပါတယ်။

crd-

ယူနီကုတ္

Leave a Reply

Your email address will not be published.