ဝါဇီစက်ရုံက ရိုက်ထုတ်လိုက်သည့် ငွေစက္ကူအသစ် ဘီလီယံ ၄၀၀ အနက်မှ ကျပ်ငွေ ဘီလီယံ ၃၃၀ ကို အခမ်းအနားဖြင့် လွှဲပြောင်း ၊

News

ဝါဇီစက်ရုံက ရိုက်ထုတ်လိုက်သည့် ငွေစက္ကူအသစ် ဘီလီယံ ၄၀၀ အနက်မှ ကျပ်ငွေ ဘီလီယံ ၃၃၀ ကို အခမ်းအနားဖြင့် လွှဲပြောင်း ၊ လိုအပ်ပါက ကျပ်ငွေများ ဆက်လက် ရိုက်နှိက်မည့် သဘော မင်းအောင်လှိုင် ပြောဆိုသွား

ရန်ကုန်၊ ဩဂုတ် ၁၃

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(ကိုဗစ်ချေးငွေ) ဟု အမည်တပ်ထား သည့် ဝါဇီစက်ရုံက ရိုက်ထုတ်လိုက်သော မြန်မာကျပ်ငွေ အသစ် ကျပ်ဘီလီယံ ၄၀၀ အနက်မှ ဘီလီယံ ၃၃၀ ကို ဩဂုတ်လ ၁၂ ရက်နေ့တွင် ပြည်နယ်/တိုင်း စစ်ကောင်စီများနှင့် ဝန်ကြီးဌာနများထံ လွှဲပြောင်းလိုက်ကြောင်း စစ်တပ်ဘက်က တရားဝင် သတင်းထုတ်ပြန်သည်။

အကြမ်းဖက်မင်းအောင်လှိုင်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအတွက် ငွေကျပ် ဘီလီယံ ၁၇၀၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအတွက် ငွေကျပ် ဘီလီယံ ၆၀၊ မြစိမ်းရောင် စီမံကိန်းများအတွက် ငွေကျပ် ဘီလီယံ ၁၀၀ ပြည်နယ်နှင့်တိုင်းအားလုံးကို ခွဲဝေ ပေးလိုက်သည်ဟု သိရှိရသည်။

မြစိမ်းရောင် စီမံကိန်းအတွက်‌ ငွေကျပ် ဘီလီယံ ၁၀၀ တွင် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့ကို ၁၀ ဘီလီယံစီ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ကို ၈ ဘီလီယံစီ၊ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေနဲ့ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့ကို ၅ ဘီလီယံစီ လွှဲပြောင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်မင်းအောင်လှိုင်က ကျန်ရှိသည့် ငွေကျပ်ဘီလီယံ ၇၀ ကိုလည်း အခြားလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ပြီး လိုအပ်ချက်များရှိပါက တင်ပြနိုင်ပြီး စစ်ကောင်စီအနေဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဟု ပြောဆိုကြောင်း၊ ၎င်းတို့ တိုက်ရိုက် သီးခြားတင်ပြနိုင်ပြီး တတ်နိုင်သမျှ ဖြည့် ဆည်းပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ ကျင်းပသည့် ငွေကျပ်ဘီလီယံ ၃၃၀ ပေးအပ်သည့် အခမ်းအနားမှ အကြမ်းဖက် မင်းအောင်လှိုင်။

ဝါဇီစက္႐ုံက ရိုက္ထုတ္လိုက္သည့္ ေငြစကၠဴအသစ္ ဘီလီယံ ၄၀၀ အနက္မွ က်ပ္ေငြ ဘီလီယံ ၃၃၀ ကို အခမ္းအနားျဖင့္ လႊဲေျပာင္း ၊ လိုအပ္ပါက က်ပ္ေငြမ်ား ဆက္လက္ ရိုက္ႏွိက္မည့္ သေဘာ မင္းေအာင္လွိုင္ ေျပာဆိုသြား

ရန္ကုန္၊ ဩဂုတ္ ၁၃

အၾကမ္းဖက္စစ္ေကာင္စီက နိုင္ငံ့စီးပြားျမႇင့္တင္ေရးရန္ပုံေငြ(ကိုဗစ္ေခ်းေငြ) ဟု အမည္တပ္ထား သည့္ ဝါဇီစက္႐ုံက ရိုက္ထုတ္လိုက္ေသာ ျမန္မာက်ပ္ေငြ အသစ္ က်ပ္ဘီလီယံ ၄၀၀ အနက္မွ ဘီလီယံ ၃၃၀ ကို ဩဂုတ္လ ၁၂ ရက္ေန႔တြင္ ျပည္နယ္/တိုင္း စစ္ေကာင္စီမ်ားႏွင့္ ဝန္ႀကီးဌာနမ်ားထံ လႊဲေျပာင္းလိုက္ေၾကာင္း စစ္တပ္ဘက္က တရားဝင္ သတင္းထုတ္ျပန္သည္။

အၾကမ္းဖက္မင္းေအာင္လွိုင္က စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနအတြက္ ေငြက်ပ္ ဘီလီယံ ၁၇၀၊ သမဝါယမႏွင့္ ေက်းလက္ဖြံ့ၿဖိဳးေရးဝန္ႀကီးဌာနအတြက္ ေငြက်ပ္ ဘီလီယံ ၆၀၊ ျမစိမ္းေရာင္ စီမံကိန္းမ်ားအတြက္ ေငြက်ပ္ ဘီလီယံ ၁၀၀ ျပည္နယ္ႏွင့္တိုင္းအားလုံးကို ခြဲေဝ ေပးလိုက္သည္ဟု သိရွိရသည္။

ျမစိမ္းေရာင္ စီမံကိန္းအတြက္‌ ေငြက်ပ္ ဘီလီယံ ၁၀၀ တြင္ ကယားျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္တို႔ကို ၁၀ ဘီလီယံစီ၊ ကခ်င္ျပည္နယ္၊ ကရင္ျပည္နယ္၊ တနသၤာရီတိုင္းေဒသႀကီး၊ မြန္ျပည္နယ္၊ ရွမ္းျပည္နယ္တို႔ကို ၈ ဘီလီယံစီ၊ နာဂ၊ ဓႏု၊ ပအိုဝ္း၊ ပေလာင္၊ ကိုးကန႔္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသေတြနဲ႔ ‘ဝ’ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းတို႔ကို ၅ ဘီလီယံစီ လႊဲေျပာင္းျခင္းျဖစ္ေၾကာင္း သိရွိရသည္။

အၾကမ္းဖက္မင္းေအာင္လွိုင္က က်န္ရွိသည့္ ေငြက်ပ္ဘီလီယံ ၇၀ ကိုလည္း အျခားလုပ္ငန္းမ်ားတြင္ အသုံးျပဳသြားမည္ျဖစ္ၿပီး လိုအပ္ခ်က္မ်ားရွိပါက တင္ျပနိုင္ၿပီး စစ္ေကာင္စီအေနျဖင့္ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးမည္ဟု ေျပာဆိုေၾကာင္း၊ ၎တို႔ တိုက္ရိုက္ သီးျခားတင္ျပနိုင္ၿပီး တတ္နိုင္သမၽွ ျဖည့္ ဆည္းေပးသြားမည္ဟု ေျပာဆိုခဲ့ေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- ယမန္ေန႔ က်င္းပသည့္ ေငြက်ပ္ဘီလီယံ ၃၃၀ ေပးအပ္သည့္ အခမ္းအနားမွ အၾကမ္းဖက္ မင္းေအာင္လွိုင္။

Credit

Leave a Reply

Your email address will not be published.