အသ-က်​ေ-သနိုင်တဲ့အထိ ဆိုးရွားတဲ့ ဦးနှောက်ငှက်ဖျားရောဂါ ခံစားနေရတဲ့ မိုင်းဖုန်းဆရာတော်ကြီး

News

အသက်သေနိုင်တဲ့အထိ ဆိုးရွားတဲ့ ဦးနှောက်ငှက်ဖျားရောဂါ ခံစားနေရတဲ့ မိုင်းဖုန်းဆရာတော်ကြီး

မိုင်းဖုန်းဆရာတော်ကြီး အညတရဝါသီ အရှင်ညာဏသံဝရဟာ သိပ်မကြာခင် ဩဂုတ်လ(၁)ရက်နေ့က မိုင်းဆတ်မြို့နယ် မိုင်းကျက်ဂူမှာ

(၃) နှစ် (၃) လ (၃) ရက် အဓိဌာန်ဝင် ဂူအောင်း တရားဘာဝနာကျင့်ကြံမှုအောင်မြင်ပြီးနောက် ဂူမှထွက်လာကာ ရှမ်းပြည်တောင်ပိုင်း မြို့နယ်တချို့သို့ မရပ်မနား သာသနာပြုခဲ့ပါတယ်။

အဲ့သလို မရပ်မနားနယ်လှည့်ခြေဆန့်ကာ သာသနာပြုခဲ့တာကြောင့် လက်ရှိမှာ အားနည်းပြီး မကျန်းမမာဖြစ်နေတာကြောင့် ဆရာတော်ဘုရားကြီးရဲ့ မိသားစုဝင်များမှ

ဆေးစစ်ရန်အတွက် ဩဂုတ်လ(၁၀)ရက်နေ့ မနက် (၁၁)နာရီ(၃၀)မိနစ် အချိန်ခန့်က

တာချီလိတ် အမှတ် (၂) ချစ်ကြည်ရေးတံတားမှတဆင့် ထိုင်းနိုင်ငံ သို့ပင့်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဆေးစစ်ချက်များအရ ကြားသိရတာကတော့ မိုင်းဖုန်းဆရာတော်ဘုရားကြီးဟာ လက်ရှိမှာ ဦးနှောက်ငှက်ဖျား ရောဂါကို ခံစားနေရတာဖြစ်တယ်လို့ ​သိရပါတယ်။

ဦးနှောက်ငှက်ဖျားရောဂါ ဟာ ကုသဖို့နောက်ကျရင် ကျောက်ကပ်ပျက်စီး၊ ဝက်ရူးပြန် နဲ့ ကိုမာရောဂါ ဖြစ်ပြီး အသက် tayနိုင်တဲ့အထိကိုဆိုးရွားပါတယ်။

မိုင်းဖုန်းဆရာတော်ကြီး ပြန်ကျန်းမာလာပါစေလို့ဆုတောင်းပေးရင်း ပရိသတ်ကြီးသိရှိနိုင်စေရန် ဖော်ပြလိုက်ရပါတယ်။

Crd

Unicode










Crd

Leave a Reply

Your email address will not be published.