ပရိသတ်ကြီးရေ စူးရှထက်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မော်ဒယ်လ်




မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ အလှူအတန်းတွေကို ရက်ရောစွာပြုလုပ်တတ်တဲ့ သူ့ရဲ့အကျင့်ကြောင့် ပရိသတ်တွေက အချစ်ပိုနေခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။




ဒီနေ့မှာတော့ စူးရှထက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ဘဝအတွက် အမှတ်တရအဖြစ်ဆုံးအဖြစ်အပျက်လေးတစ်ခုကို ဝမ်းသာစွာနဲ့
သူ့ကိုချစ်ကြတဲ့ပရိသတ်တွေအတွက် မျှဝေလာခဲ့ပါတယ်။ သတင်းလေးကတော့ သူ့ရဲ့ချစ်သူလေးထံကနေ လက်ထပ်ခွင့်တောင်းခံခဲ့ရတဲ့ သတင်းလေးပဲဖြစ်ပါတယ်
။ “ရသမျှပိုက်ဆံအကုန်သိမ်းတဲ့ ကျွန်မကို ဒီလိုလေးလုပ်ပေးတော့ အံသြနေတာ ကိုဘယ်ကပိုက်ဆံရလို့လဲလို့မေးတော့ သူသုံးဖို့ပြန်ပေးတဲ့ပိုက်ဆံကိုစုထား




တာတဲ့။ ဒီထက်မကလုပ်ပေးချင်တာတဲ့ ပျော်လွန်းလို့ငိုမိတယ် ဘာလို့လဲဆိုတော့ အရမ်းအချစ်ခံရလို့လေ အမြဲအတူရှိတယ်
ကိုယ်မကြိုက်တာဆိုဘာမှမလုပ်ဘူး။ အဓိက အချစ်ဆိုတာ ငွေနဲ့ဝယ်လို့မရပါ။ ငွေနဲ့ဝယ်လို့ရတဲ့ အချစ်ဟာလဲ မတည်မြဲပါဘူး။




ရှိတူမရှိသူအတူနေလာပေးလို့ ဒါဟာကျွန်မရဲ့ ရလဒ်ရဲ့ ကုသိုလ်ကံပါပဲ။
ဝိုင်းဝန်းကူညီပေးကြတဲ့ စူးညီမလေးနဲ့အတူ သူငယ်ချင်းတွေအားလုံးကိုရော သူငယ်ချင်းရဲ့ မာမီရောကျေးဇူးတင်ပါတယ်နော်” ဆိုပြီး




Surprise လက်ထပ်ခွင့်တောင်းခံခဲ့ရတဲ့ ဗီဒီယိုလေးနဲ့အတူ မျှဝေဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ
တကယ်ကို ပျော်ရွှင်နေရတဲ့ ကောင်မလေးအတွက် ဂုဏ်ပြုစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။
Credit