လက်ဝါးပြတ်နှင့် သူဌေးအကြီးစားလက် လက္ခဏာကွာခြားချက် ပိုင်ရှင်များအကြောင်း

Knowledge

Unicode
သူဌေးအကြီးစားလက်(လက္ခဏာ)

လူအများစုသည် လက်ဝါးပြတ်ဆိုလျင်အင်မတန်ကြောက် အင်မတန်ရှောင်ကြ၏။ဘယ်လောက်ထိကြုံခဲ့ဖူးလဲဆိုရင် သူ့သမီးနှင့်ယူမည့်လူ

အားလုံးခေါင်းငြိမ့်သဘောတူပြီးမှ လက်ဝါးပြတ်ဖြစ်နေ၍ခါးခါးသီးသီးငြင်းလိုက်တာမျိုးလက္ခဏာ ဗေဒင်ဟောသက် ၂၂ နှစ်ကျော်အတွင်း သုံးလေးဦးကြုံဖူးပါသည်

ယခုလက္ခဏာရှင်သည်လက်ဝါးပြတ်ဖြစ်၏။ပထမအရွယ်မကုန်သေးအသက်ငယ်သေး၏။သို့သော်ချမ်းသာ၏။ပြီးခဲ့တဲ့သုံးလေးရက်ကဤပုဂ္ဂိုလ်ကိုဟောဖို့အလှည့်ရောက်၏။မန္တလေးမြို့ကြီးကဖြစ်၏။

(၁)အနီရောင်ဖြင့်ပြထားသောလက်ဝါးပြတ်ဖြစ်နေသော်လည်းလက်မသည်လက်မတင်းပုတ် ပုတိုတိုလက်မမျိုးမဟုတ်သောကြောင့်လက်ဝါးပြတ်ဟုမသတ်မှတ်ပါ။

ထို့ပြင်

(၂)ထိုလက်ဝါးပြတ်သည်အနက်ရောင်ဖြင့်ဆွဲပြထားသောစိန်သရဖူအကြီးစားဖြင့်အတူတွဲဖြစ်နေခြင်းအဝါရောင်ဖြင့်ဆွဲ

ပြထားသောအောင်မြင်ကျော်ကြားလမ်းကြောင်းပါနေခြင်းတို့ကြောင့်လက်ဝါးပြတ်မဟုတ်ကြောင်းထပ်၍သက်သေပြနေပြန်၏

(၃)လက်သူကြွယ်အောက်တွင်အဖြူရောင်ဖြင့်ဆွဲပြထားသောအလံတိုင်သင်္ကေတအဝါရောင်ဖြင့်ဆွဲပြထားသောတြိဂံ ၂ ထပ်နှင့် ခက်ရင်းခွတို့ပါနေ၏

ယခုဆိုခဲ့ပြီးသောအချက်အားလုံးသည်ကျိကျိတက်ချမ်းသာမည့်ပုဂ္ဂိုလ်ဖြစ်ခြင်းစီးပွားရေးနယ်ပါယ်မှာနာမည်ကောင်းတစ်လုံးဖြင့်ရပ်တည်ရမည်ဖြစ်ခြင်းအလုပ်တွေ

သုံးလေးမျိုးမကလုပ်ခြင်းသားသမီးတို့ကိုပါပညာအမွေ၊ဥစ္စာအမွေ၊ဂုဏ်သိက္ခာအမွေတို့ ပေးသွားမည်ဖြစ်၏။

အားကျစရာကောင်းလောက်အောင်ကြွယ်ချမ်းသာမည့်ဘဝမျိုးရောက်မည်။ထင်ပေါကျော်ကြား စီးပွားရေးသမားဘဝမျိုးရောက်မည်။

ဇွဲလုံ့လဝိရိယကောင်းသူဖြစ်ခြင်းစိတ်ဓာတ်ပြတ်သားခိုင်မာခြင်းလုပ်ငန်းကြီးတို့ကို ပိုင်ပိုင်နိုင်နိုင်အောင်မြင်အောင်

လုပ်ပြနိုင်သူဖြစ်မည်။ဤပုဂ္ဂိုလ်၏မွေးဇာတာသည်လည်းထူးခြားသော ရာသီ၊ဂြိုဟ်၊နဝင်းတို့ဖြင့်ဖွဲ့စည်းထား၏

(၁)ကုန်သည်ရာသီ၊စီးပွားရေးသမားရာသီချိန်ခွင်ရာသီတွင် လဂ် ရပ်တည်၏။

(၂)တနင်္ဂနွေဂြိုလ် ဥုစ်ရထားပြီးဓနုရာသီနဝင်းပြန်စီးထား၏

(၃)တနင်္လာဂြိုဟ် ဥုစ်နဝင်းစီးထား၏

(၄)တရုတ်ရိုးရာ ရာသီဖွားအရလည်းဆိတ်နှစ်ဖွား”သတ္တုဆိတ်နှစ်ဖွား”ဖြစ်နေ၏

(၅)လက်ကလဲ ဘယ်လက်ဘယ်လက်မှာပါသောအမှတ်အသားတွေဖြစ်နေ၍ပို၍ ပို၍ကောင်းပါသည်။

ဘယ်ဥပဒေ ဘယ်နည်းစနစ်ဘက်ကဆိုဆိုအကြီးအကျယ်ချမ်းသာကြွယ်ဝလိမ့်မည်

စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Dr.Myint Win(Ph.D)

Zawgyi

သူေဌးအႀကီးစားလက္(လကၡဏာ)

လူအမ်ားစုသည္ လက္ဝါးျပတ္ဆိုလ်င္အင္မတန္ေၾကာက္ အင္မတန္ေရွာင္ၾက၏။ဘယ္ေလာက္ထိႀကဳံခဲ့ဖူးလဲဆိုရင္ သူ႔သမီးႏွင့္ယူမည့္လူ

အားလုံးေခါင္းၿငိမ့္သေဘာတူၿပီးမွ လက္ဝါးျပတ္ျဖစ္ေန၍ခါးခါးသီးသီးျငင္းလိုက္တာမ်ိဳးလကၡဏာ ေဗဒင္ေဟာသက္ ၂၂ ႏွစ္ေက်ာ္အတြင္း သုံးေလးဦးႀကဳံဖူးပါသည္

ယခုလကၡဏာရွင္သည္လက္ဝါးျပတ္ျဖစ္၏။ပထမအ႐ြယ္မကုန္ေသးအသက္ငယ္ေသး၏။သို႔ေသာ္ခ်မ္းသာ၏။ၿပီးခဲ့တဲ့သုံးေလးရက္ကဤပုဂၢိဳလ္ကိုေဟာဖို႔အလွည့္ေရာက္၏။မႏၲေလးၿမိဳ႕ႀကီးကျဖစ္၏။

(၁)အနီေရာင္ျဖင့္ျပထားေသာလက္ဝါးျပတ္ျဖစ္ေနေသာ္လည္းလက္မသည္လက္မတင္းပုတ္ ပုတိုတိုလက္မမ်ိဳးမဟုတ္ေသာေၾကာင့္လက္ဝါးျပတ္ဟုမသတ္မွတ္ပါ။

ထို႔ျပင္

(၂)ထိုလက္ဝါးျပတ္သည္အနက္ေရာင္ျဖင့္ဆြဲျပထားေသာစိန္သရဖူအႀကီးစားျဖင့္အတူတြဲျဖစ္ေနျခင္းအဝါေရာင္ျဖင့္ဆြဲ

ျပထားေသာေအာင္ျမင္ေက်ာ္ၾကားလမ္းေၾကာင္းပါေနျခင္းတို႔ေၾကာင့္လက္ဝါးျပတ္မဟုတ္ေၾကာင္းထပ္၍သက္ေသျပေနျပန္၏

(၃)လက္သူႂကြယ္ေအာက္တြင္အျဖဴေရာင္ျဖင့္ဆြဲျပထားေသာအလံတိုင္သေကၤတအဝါေရာင္ျဖင့္ဆြဲျပထားေသာႀတိဂံ ၂ ထပ္ႏွင့္ ခက္ရင္းခြတို႔ပါေန၏

ယခုဆိုခဲ့ၿပီးေသာအခ်က္အားလုံးသည္က်ိက်ိတက္ခ်မ္းသာမည့္ပုဂၢိဳလ္ျဖစ္ျခင္းစီးပြားေရးနယ္ပါယ္မွာနာမည္ေကာင္းတစ္လုံးျဖင့္ရပ္တည္ရမည္ျဖစ္ျခင္းအလုပ္ေတြ

သုံးေလးမ်ိဳးမကလုပ္ျခင္းသားသမီးတို႔ကိုပါပညာအေမြ၊ဥစၥာအေမြ၊ဂုဏ္သိကၡာအေမြတို႔ ေပးသြားမည္ျဖစ္၏။

အားက်စရာေကာင္းေလာက္ေအာင္ႂကြယ္ခ်မ္းသာမည့္ဘဝမ်ိဳးေရာက္မည္။ထင္ေပါေက်ာ္ၾကား စီးပြားေရးသမားဘဝမ်ိဳးေရာက္မည္။

ဇြဲလုံ႔လဝိရိယေကာင္းသူျဖစ္ျခင္းစိတ္ဓာတ္ျပတ္သားခိုင္မာျခင္းလုပ္ငန္းႀကီးတို႔ကို ပိုင္ပိုင္ႏိုင္ႏိုင္ေအာင္ျမင္ေအာင္

လုပ္ျပႏိုင္သူျဖစ္မည္။ဤပုဂၢိဳလ္၏ေမြးဇာတာသည္လည္းထူးျခားေသာ ရာသီ၊ၿဂိဳဟ္၊နဝင္းတို႔ျဖင့္ဖြဲ႕စည္းထား၏

(၁)ကုန္သည္ရာသီ၊စီးပြားေရးသမားရာသီခ်ိန္ခြင္ရာသီတြင္ လဂ္ ရပ္တည္၏။

(၂)တနဂၤေႏြၿဂိဳလ္ ဥဳစ္ရထားၿပီးဓႏုရာသီနဝင္းျပန္စီးထား၏

(၃)တနလၤာၿဂိဳဟ္ ဥဳစ္နဝင္းစီးထား၏

(၄)တ႐ုတ္႐ိုးရာ ရာသီဖြားအရလည္းဆိတ္ႏွစ္ဖြား”သတၱဳဆိတ္ႏွစ္ဖြား”ျဖစ္ေန၏

(၅)လက္ကလဲ ဘယ္လက္ဘယ္လက္မွာပါေသာအမွတ္အသားေတြျဖစ္ေန၍ပို၍ ပို၍ေကာင္းပါသည္။

ဘယ္ဥပေဒ ဘယ္နည္းစနစ္ဘက္ကဆိုဆိုအႀကီးအက်ယ္ခ်မ္းသာႂကြယ္ဝလိမ့္မည္

စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

Dr.Myint Win(Ph.D)

Leave a Reply

Your email address will not be published.