“ဒီအခြေခံတွေသိထားရင် သင်အိမ်ဆောက်လို့ရပြီ”
(အိမ်ဆောက်နည်းအခြေခံသဘောတရားများ)
မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ<သို့မဟုတ်> ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။မြေကြီးပြန်လည်ဖို့သည့်အခါ တစ်ကြိမ်လျှင် ၆လက်မ အလွှာလိုက်ဖို့ပြီး သိပ်သည်းအောင် ရေဖြန်းဒင်ဆောင့် လိုအပ်သည့် သိပ်သည်းမှု့ အနေအထားရအောင် ဆောင်ရွက်ပေးရမည်




အဆောက်အဦးအတွက် ပတ်တန်းရိုက်သည့်အခါ တောင့်တင်းခိုင် မာအောင်ရိုက်၍ ပတ်တန်းတိုင်အား မြေအဝင် ၃ပေ<သို့မဟုတ်>၄ပေဝင်အောင်ရိုက်ထားသင့်ပါသည်
အဆောက်အဦ ကျင်တွယ်ဖမ်းသည့်အခါ အဆောက်အဦးတစ်ခု၏ သုံးချိုးတစ်ချိုးတွင်ဖမ်းရမည်။ ကျင်တွယ်ဖမ်းနည်းကို အမျိုးမျိုးဖမ်းယူတတ်ကြသည်။ ဥပမာ(၃၊၄၊၅) (၆၊၈၊၁၀) (၁၅ ၊ ၂၀၊ ၂၅) တို့ဖြင့် အမျိုးမျိုးဖမ်းယူတတ်ကြသည်။
အုတ်မစီခင် အုတ်ကို နှစ်နာရီ ကြိုတင်၍ ရေစိမ်ထားရမည် သို့မဟုတ် ရေလောင်းပေးရမည် (၇)ပေအမြင့်ရှိသော ၊ (၇)ပေထက်ကျော်သော Slabဆိုလျှင် အနည်းဆုံး(၁၀)ရက်ထားပြီးမှ ဖြုတ်ရပါမည်




Slabလောင်းပြီး ( ၂ ) ရက်အတွင်း ကွန်ကရစ် အစိတ်အပိုင်းအပေါ် မည်သည့် ဝန်မျှမတင်ရ
Slabအပြင်သို့ အဝဲထုတ်သည့်အခါ Slab၏ အဝဲထုတ်မည့် အတွင်းခွင်ပေ၏ (၅) ဆ (၁) ဆ ထုတ်ခွင့်ရှိသည်။ လူတို့သောက်သုံးနိုင်သောရေသည် ကွန်ကရစ်လုပ်ငန်း၌သုံးရန်သင့်တော်သည်
ငန်ပျပျ အရသာရှိသောရေသည် ကွန်ကရစ်လုပ်ငန်း၌ သုံးရန်မသင့်သောရေဖြစ်သည်။ သံကူကွန်ကရစ်များအတွက် ပင်လယ်ရေကို သုံးရန်မသင့်။ အက်ဆစ်အနည်းငယ်ပါဝင်သောသဘာဝရေသည်ကွန်ကရစ်လုပ်ငန်းများတွင်သုံးနိုင်သောရေဖြစ်၏




ရေ၌ဆာလဖိတ်ဓာတ်(၀.၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၄)ရာခိုင်နှုန်းကျဆင်းမည်။ ထို့အတူရေ၌ရိုးရိုးဆား(၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၃၀)ရာခိုင်နှုန်းကျဆင်းပေမည်။
အုတ်စီလုပ်ငန်းပြီးစီးသွားသည့်အခါ နေ့စဉ်တစ်နေ့လျှင်(၃)ကြိမ် (၇)ရက်အထိ ရေဖြန်းပေးရပါသည်။ အုတ်စီနံရံ အမြင့်အားတစ်နေ့လျှင်(၃)ပေသာစီပြီးD.P.C(Damp Proof Course) ကျောက်လောင်းထားခြင်းကပိုကောင်းပါသည်
ဝါးငြမ်းများဆင်သောအခါ အဆောက်အဦ အပြင်နံရံမှ (၃)ပေအကွာတွင်တိုင်ထောင်ခိုင်းပြီး ဝါးလုံးတစ်လုံးနှင့်တစ်လုံး (၂) ပေခွဲသာခြားခြင်းဖြင့် ငြမ်း၏ တောင့်တင်းခိုင်မာမှု့ကို ရစေပါသည်




သံကိုဖြတ်တောက်သည့်အခါ (၄၅) ဒီဂရီချိုးချင်သော သံချောင်း ကို မိမိလိုချင်သော ပေထက် ( ၂)လက်မပိုဖြတ်ရမည်။(၉၀)ဒီဂရီချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက် (၉)လက်မပိုဖြတ်ရမည်။ (၁၃၅) ဒီဂရီ ချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက်(၁၄)လက်မ ပိုဖြတ်ပါ။မှတ်ချက်။R.C column သံနှင့် Beam သံတို့အတွက်ဖော်ပြခြင်းဖြစ်ပါသည်
တံခါးရွက်များကို အဆောက်အဦးတစ်ခုလုံး၊ အခြားလုပ်ငန်းများပြီးစီးသည့်နေ့မှ တပ်ဆင်ရပါမည်။ အုတ်ရိုးနှင့်ထိတွေ့မည့် သစ်သားမျက်နှာပြင်အားလုံးကို ဆေးကတ္တရာဖြင့် သုတ်ထားရပါမည်




အခန်း၏အမြင့်ကို မူတည်၍ တံခါး၏ အချိုးအစားကို တွက်ယူလိုလျှင် တံခါး၏ အမြင့်သည် အခန်းအမြင့်၏ ၁/၄+၄ပေ၆လက်မ ရှိရမည်။ တံခါး၏ အကျယ်သည် တံခါး၏ အမြင့်ထက် (၄)ပေလျော့နည်းရမည်
လှေကားပြုလုပ်ရာတွင် လှေကားထစ်အရေအတွက်ကို ရာဇ မရဏ ၊ လာဘ ဟူ၍ အစဉ်လိုက် မှတ်ယူသွားရာ မရဏ ကျသည့် လှေကားထစ်များကို ရှောင်ကျဉ်ကျသည်
ဥပမာ – ရာဇ. ၁ ၊ ၄ ၊ ၇ ၊ ၁၀
မရဏ. ၂ ၊ ၅ ၊ ၈ ၊ ၁၁
လာဘ. ၃၊ ၆ ၊ ၉ ၊ ၁၂




အထက်ပါ ” မရဏ ” လှေကားထစ်များဖြစ်ကြသော ၂ ၊ ၅ ၊ ၈၊ ၁၁ စသည်တို့သည် ရှောင်ကျဉ်ရမည့် လှေကားထစ် အရေအတွက်များဖြစ်သည်ဟု ဆိုလိုသည်။လှေခါး Landing သည် ခြေနင်းအလျားထက်ပိုကျယ်ရမည်
နံရံမချောမီ အုတ်နံရံကို ရေလောင်းပါ ။ အုတ်နံရံတွင် ကျောက်ထုပ်များရှိပါက spotရိုက်၍ ဗြုတ်ထအောင် ဘိလပ်မြေအရည်ဖျော်၍ကြိုတင်တစ်ရက် ရိုက်ထားပါက လေခိုခြင်းကင်းဝေးပါမည်
နံရံချောပြီးသည့်နေမှစ၍ တစ်နေ့တွင်ခုနှစ်ရက်ရက်တိတိ နံရံကို ရေဖြန်းပေးရပါမည်။ ဆေးသုတ်သည့်အခါ သုတ်ဆေးကို တစ်ထပ်ထက်ပို၍ သုတ်မည်ဆိုပါက မူလသုတ်ဆေးကောင်းစွာခြောက်မှ နောက်တစ်ထပ်ကို သုတ်ရပါမည်




သုတ်ဆေးကို အသုံးမပြုသေးပါက လေ လုံအောင် ပိတ်ထားရပါမည်။ ရောစပ်ပြီး မွှေထားသော သုတ်ဆေးတို့ကို တစ်ဝက်တစ်ပျက် အသုံးပြုပြီးဖြစ်လျှင် ပုံးထဲတွင် ကျန်ရှိနေသည့် သုတ်ဆေးအပေါ်မှ ရေဖြည့်ထားရပါမည်
မြေကြီးကျင်းထဲသို့ concrete မလောင်းမီ Level ပေး၍ မျက်နှာ ပြင်ညီအောင် ညှိပေးရမည်။ Concrete လောင်းရာတွင်သုံးပေထက်မြင့်သောအမြင့်မှတိုက်ရိုက်လောင်းမချပဲ ၎င်းထက်နှိမ့်ချ၍လောင်းခြင်းကပိုမိုကောင်းပါသည်။ Concreteလောင်းချိန်vibrator အသုံးပြုရာတွင်rodတံကိုတည့်မတ်စွာထိုးရပါမည်။Rod တံကိုပြန်ထုတ်သည့်အခါRod တံထိုးသည့်နေရာသို့ကွန်ကရစ်အစားဝင်နိုင်ရေန်သတိပြုရမည်
Rod တံထိုးထည့်ထားရမည့်အချိန်မှာတစ်နေရာလျှင်အနည်းဆုံး(၁၅)စက္ကန့်မှအများဆုံး(၂၅)စက္ကန့်ထက်မကျော်စေရ။ Rod တံကိုအချိန်ကြာကြာထိုးစိုက်ထားလျှင်ကွန်ကရစ်များတစ်နေရာထဲတွင်မာခြင်းဖြစ်တတ်သည်ကိုသတိပြုရမည်။




Rod တံကိုကိုင်တွယ်အသုံးပြုသူသည်အတွေ့အကြုံရှိပြီးကျွမ်းကျင်နားလည်သူဖြစ်ရမည်။ကွန်ကရစ်လောင်းပြီးသည့်အခါအမြဲတမ်းစိုစွတ်နေစေရန်ရေကိုအနည်းဆုံး တစ်နေ့သုံးကြိမ်လောင်းပေးသင့်ပါသည်။ရေကန်ငယ်ပြုလုပ်ပေးခြင်း၊စိုစွတ်သောအရာဝတ္ထုဖြင့်ကာရံဖုံးအုပ်ထားခြင်းတို့ဖြစ်ပါသည်။
သံချောင်းဆက်ရာတွင် အချင်း၏လေးဆယ်ဆ (40D)အနည်းဆုံး ရှိရပါမည်။သံချောင်းများအသုံးပြုသည့်အခါသံချေးများ၊အမဲဆီများ၊မြေကြီးများ၊ဆီများကင်းစင်စေရန်လိုအပ်ပါသည်။ Concrete RC Column တိုင်လောင်းရာတွင်တစ်နေ့(12′) အမြင့်ထိသာ လောင်းသင့်ပါသည်
အမိုးသွပ်မိုးသည့်အခါတစ်ချပ်နှင့်တစ်ချပ်ထပ်သည့်သွပ်ကိုနှစ်တွန့်တိတိထပ်စေရမည်။သွပ်ထိပ်ခြင်းဆက်သည့်အခါအနည်းဆုံး ခြောက်လက်မထပ်သင့်ပါသည်




Concrete 1m^3လျှင် 35.32ft^3 ရှိပါသည်။ ရေကိုဂါလံတွက်သည့်အခါ အလျှား× အနံ × အမြင့် ×6.25နှင့်မြောက်လျှင့်ရေဂါလံရရှိပါမည်။ရေကိုလီတာဖြင့်တွက်သည့်အခါအလျား×အနံ×အမြင့်=ရလာတဲ့အဖြေကို4.54နှင့်မြှောက်ရပါမည်
(8″×8″)ကြွေပြားတစ်ကျင်းလျှင်225ချပ် (8″×12″)ကြွေပြားတစ်ကျင်းလျှင်150ချပ် (12″×12″)ကြွေပြားတစ်ကျင်းလျှင်100ချပ် (1 ‘×2’)ကြွေပြားတစ်ကျင်းလျှင်50ချပ် (2 ‘×2 ‘)ကြွေပြားတစ်ကျင်းလျှင်25ချပ်
သစ်တစ်တန်တွင်ရှိရမည့် အတိုင်းအတာများ (12″×1″)=600′ (11″×1″)=655′ (10″×1″)=720′ (9″×1″)=800′ (8″×1″)=900′ (7″×1″)=1029′ (6″×1″)=1200′ (5″×1″)=1440′ (4″×1″)=1800′ (3″×1″)=2400′ (2″×1″)=3600′ (1″×1″)=7200′ (2″×1-1/2″)=7200 ‘ (3″×1-1/2″)=1600 ‘ (6″×6″)=200 ‘ ( 3″×3″)=800 ‘ (3″×2″)=1200 ‘




(4″×4″)=450 ‘ (4″×2″)=900 ‘ (4″×1-1/2″)=1200 ‘ (5″×5″)=288 ‘ (5″×3″)=480 ‘ (5″×2″)=720 ‘ (6″×2″)=600 ‘ (6″×1-1/2″)=2400
1Ton တွင်ရှိသောသံချောင်းအရေအတွက်များ တစ်ချောင်းလျှင်12mm=40ft
6.5mm=0.26kg/m 1ton=3834m 1 viss = 20.22=20′-3″ 8mm=0.395kg/m




10mm=135 ချောင်း 12mm=88 ချောင်း 16mm=53 ချောင်း 18mm=41 ချောင်း 20mm=33 ချောင်း 22mm=27 ချောင်း 25mm=21 ချောင်း
1 meter= 3.281 feet 1 km= 0.621 Mile 1 sq mile =2.59 sq km တစ်ဧကလျှင် 208.71 ft ပတ်လည်ရှိသည်။
တစ်ဧက=43560 စတုရန်းပေ ဘိလပ်မြေတစ်အိတ်လျှင် 50kg လေးပါသည်။ တစ်တန်လျှင် 1000 kg ဘိလပ်မြေ 20 အိတ်လျှင် တစ်တန်ရှိပါသည်။
မှားတာရှိရင် လွဲတာရှိရင် ပြင်လိုက်ပါခင်ဗျာ? Credit