ပန်ဆယ်လိုပို့စ်တွင် “ပျော်တယ်ဝေ့” ဟု ကောမန့်ရေးသဖြင့် ဖမ်းဆီးခံရသည့် ဆေးရုံဝန်ထမ်း ပြန်လွတ်
မဲခေါင်၊ ဩဂုတ် ၉




ပန်ဆယ်လိုပို့စ် အောက်၌ “ပျော်တယ်ဝေ့” ဟု ကောမန့် ရေးသဖြင့် ဖမ်းဆီးခံရသည့် တောင်ကြီး စဝ်စံထွန်း ဆေးရုံမှ အမျိုးသမီး ဝန်ထမ်း ယမန်နေ့၊ ညနေပိုင်းက ဒဏ်ကြေးဆောင်ပြီး ပြန်လွတ်လာကြောင်း နီးစပ်သူများ ထံမှ သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံ ဝန်ထမ်းဖြစ်သူ အသက် ၃၀ အရွယ် မမိုနာအား စစ်ကောင်စီက ဩဂုတ်လ ၆ ရက်၊ ညနေပိုင်းက ဖမ်းဆီးခဲ့ရာ ယမန်နေ့၊ ညနေပိုင်းက ခံဝန်ထိုးပြီး ဒဏ်ကြေးငွေ ပေးဆောင်ကာ ပြန်လွတ်လာခဲ့ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။




“အစကတော့ PDF ထောက်ပံ့လို့ စွပ်စွဲပြီး ဖမ်းတာလို့ ကြားတာ။ နောက်မှ သိရတာက ပန်ဆယ်လိုပိုစ့် အောက်မှာ ပျော်တယ်ဝေ့လို့ ကောမန့် ရေးမိလို့တဲ့။ မနေ့ကပဲ ဒဏ်ကြေး ၃ သောင်းဆောင်၊ နောက် မလုပ်တော့ဘူး ဆိုတဲ့ ခံဝန်ကတိ ထိုးပြီး ပြန်လွတ်လာပြီ”ဟု ၎င်းကပြောသည်။
ဖမ်းဆီးခံရစဉ် မမိုနာအား တောင်ကြီး အမှတ် (၂) ရဲစခန်း၌ ဖမ်းဆီး ချုပ်နှောင်ကာ စစ်တပ်နှင့် ရဲက စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။




အာဏာသိမ်း စစ်ကောင်စီနှင့် လက်အောက်ခံ ရဲတပ်ဖွဲ့သည် မသင်္ကာသည့် ဖုန်းနံပါတ်များကို KBZ Pay၊ Wave Pay ထုတ်ပေးသည့် ဆိုင်များသို့ ပေးပို့ကာ ၎င်းနံပါတ်များဖြင့် လာရောက်ထုတ်ယူ၊ ထည့်သွင်းခြင်းများ ရှိပါက အကြောင်းကြားရန် မှာကြား ထားကြောင်း သိရသည်။
Crd
Unicode
ပန္ဆယ္လိုပို႔စ္တြင္ “ေပ်ာ္တယ္ေဝ့” ဟု ေကာမန႔္ေရးသျဖင့္ ဖမ္းဆီးခံရသည့္ ေဆး႐ုံဝန္ထမ္း ျပန္လြတ္
မဲေခါင္၊ ဩဂုတ္ ၉




ပန္ဆယ္လိုပို႔စ္ ေအာက္၌ “ေပ်ာ္တယ္ေဝ့” ဟု ေကာမန႔္ ေရးသျဖင့္ ဖမ္းဆီးခံရသည့္ ေတာင္ႀကီး စဝ္စံထြန္း ေဆး႐ုံမွ အမ်ိဳးသမီး ဝန္ထမ္း ယမန္ေန႔၊ ညေနပိုင္းက ဒဏ္ေၾကးေဆာင္ၿပီး ျပန္လြတ္လာေၾကာင္း နီးစပ္သူမ်ား ထံမွ သိရသည္။
ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕ရွိ စဝ္စံထြန္းေဆး႐ုံ ဝန္ထမ္းျဖစ္သူ အသက္ ၃၀ အရြယ္ မမိုနာအား စစ္ေကာင္စီက ဩဂုတ္လ ၆ ရက္၊ ညေနပိုင္းက ဖမ္းဆီးခဲ့ရာ ယမန္ေန႔၊ ညေနပိုင္းက ခံဝန္ထိုးၿပီး ဒဏ္ေၾကးေငြ ေပးေဆာင္ကာ ျပန္လြတ္လာခဲ့ေၾကာင္း နီးစပ္သူတစ္ဦးက ေျပာသည္။




“အစကေတာ့ PDF ေထာက္ပံ့လို႔ စြပ္စြဲၿပီး ဖမ္းတာလို႔ ၾကားတာ။ ေနာက္မွ သိရတာက ပန္ဆယ္လိုပိုစ့္ ေအာက္မွာ ေပ်ာ္တယ္ေဝ့လို႔ ေကာမန႔္ ေရးမိလို႔တဲ့။ မေန႔ကပဲ ဒဏ္ေၾကး ၃ ေသာင္းေဆာင္၊ ေနာက္ မလုပ္ေတာ့ဘူး ဆိုတဲ့ ခံဝန္ကတိ ထိုးၿပီး ျပန္လြတ္လာၿပီ”ဟု ၎ကေျပာသည္။
ဖမ္းဆီးခံရစဥ္ မမိုနာအား ေတာင္ႀကီး အမွတ္ (၂) ရဲစခန္း၌ ဖမ္းဆီး ခ်ဳပ္ေႏွာင္ကာ စစ္တပ္ႏွင့္ ရဲက စစ္ေဆး ေမးျမန္းမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။




အာဏာသိမ္း စစ္ေကာင္စီႏွင့္ လက္ေအာက္ခံ ရဲတပ္ဖြဲ႕သည္ မသကၤာသည့္ ဖုန္းနံပါတ္မ်ားကို KBZ Pay၊ Wave Pay ထုတ္ေပးသည့္ ဆိုင္မ်ားသို႔ ေပးပို႔ကာ ၎နံပါတ္မ်ားျဖင့္ လာေရာက္ထုတ္ယူ၊ ထည့္သြင္းျခင္းမ်ား ရွိပါက အေၾကာင္းၾကားရန္ မွာၾကား ထားေၾကာင္း သိရသည္။
Crd