အညာဖက်ကရွာလေးတစ်ရွာမှာ ဘုရားရောင်ခြည်တော်များ ဖြာထွက်နေတဲ့ ဗီဒီယိုဖိုင်

News

ပ႒ာန္းတရားေတာ္ႏွင့္ ေရာင္ျခည္ေတာ္ေျခာက္သြယ္

ျမတ္စြာဘုရားသခင္ ကိုယ္ေတာ္ျမတ္ႀကီးဟာ အင္မတန္က်ယ္ဝန္းလွတဲ့ ပ႒ာန္းတရားေတာ္ႀကီးကို ဆင္ျခင္သုံးသပ္ေတာ္မူတယ္။ထိုအခါ ခႏၶာကိုယ္ေတာ္က ေရာင္ျခည္ေတာ္ – ၆ သြယ္ ကြန္႔ျမဴးထြက္ေပၚလာတယ္။

ဘာျဖစ္လို႔ ခႏၶာကိုယ္က ေရာင္ျခည္ေတာ္ေတြ ထြက္ေပၚလာရသလဲဆိုရင္ ဗုဒၶျမတ္စြာရဲ႕ ဥာဏ္ေတာ္ႀကီးကအင္မတန္အစြမ္းထက္တယ္၊ သိခ်င္တာမွန္သမွ် ကိုသိႏိုင္စြမ္းရွိတယ္။

ပ႒ာန္းက်မ္းႀကီးကလည္း ထိုဥာဏ္ေတာ္ႀကီး က်က္စားလို႔ရေအာင္ အကန္႔အသတ္မရွိ က်ယ္ဝန္းတယ္၊ ျမတ္စြာဘုရားရဲ႕ဥာဏ္ေတာ္ႀကီးသေလာက္ ပ႒ာန္းက်မ္းႀကီးက က်ယ္ဝန္းသည့္အတြက္ျမတ္စြာဘုရားရဲ႕ဥာဏ္ေတာ္ဟာ ပ႒ာန္းက်မ္းႀကီးမွာအလြန္ေမြ႕ေလ်ာ္ႏွစ္ၿခိဳက္ၿပီး ပီတိစိတ္ေတြ တဖြားဖြားျဖစ္ေပၚေစတယ္၊

ထိုပီတိစိတ္နဲ႔ ယွဥ္ေသာစိတိေတြဟာရွင္ေတာ္ဘုရားရဲ႕ခႏၶာကိုယ္မွာရွိတဲ့ ေသြးေတာ္သားေတာ္
ေတြကို ျဖဴစင္ဝင္းလက္ေစတယ္။ ခႏၶာကိုယ္က ေရာင္ျခည္ေတြ တဖိတ္ဖိတ္ေတာက္ၿပီး ထြက္ေပၚလာတယ္။

ဆိုလိုတာကေတာ့ ” စိတၱဇအဆင္းေရာင္ ” Mind- borncolor ေပါ့ေနာ္၊ စိတ္ေၾကာင့္ ျဖစ္ေပၚလာတာ။

သာမာန္ပုဂၢိဳလ္ေတြမွာလည္း ရွိတတ္တယ္ေလ၊ပီတိျဖစ္ေနတဲ့အခ်ိန္ အသားအေရာင္နဲ႔ ေဒါသျဖစ္ေနတဲ့အခ်ိန္ အသားအေရာင္ မတူဘူး၊ အေရာင္တလက္လက္မထြက္ေနေသာ္လည္းဘဲ ေဒါသျဖစ္ေနတဲ့ ပုဂၢိဳလ္ရဲ႕အသားအေရာင္ဟာ အ႐ူပ္ဆိုးၿပီး ပီတ္ိျဖစ္ေနဲ႔ ပုဂၢိဳလ္ရဲ႕အသားအေရာင္ဟာ ဝင္းလက္ေနတယ္။

ျမတ္စြာဘုရားရဲ႕ စိတ္ေတာ္က်ေတာ့ အလြန္သန္႔ရွင္းစင္ၾကယ္သည့္အတြက္ ခႏၶာကိုယ္မွာရွိတဲ့
စိတၱဇ႐ုပ္ေတြဟာ အလြန္ေတာက္ေျပာင္လာတယ္၊စိတၱဇ႐ုပ္ေတြရဲ႕ အစြမ္းေၾကာင့္ ကမၼဇ႐ုပ္၊ဥတုဇ႐ုပ္ေတြဟာလည္း ေတာက္ေျပာင္လာတယ္၊ခႏၶာကိုယ္မွာရွိတဲ့ ႐ုပ္ပိုင္းဆိုင္ရာေတြ အညစ္အေၾကးကင္းတယ္၊ အေရာင္တလက္လက္ ဝင္းေျပာင္လာတယ္။

ဒါေၾကာင့္မို႔ ခႏၶာကိုယ္ေတာ္က အသားေတာ္၊အေသြးေတာ္ကစၿပီး သက္ဆိုင္ရာပင္ကိုယ္ရွိတဲ့
အေရာင္ေတြက တဖိတ္ဖိတ္ေတာက္လို႔ေရာင္ျခည္ေတာ္ – ၆ သြယ္ဆိုတာ ျဖစ္လာတယ္။

ေရာင္ျခည္ေတာ္ ၆ – သြယ္ဆိုတာ” နီလ၊ ပီတ၊ ေလာဟိတ၊ ၾသဒါတ၊ မၪၨိ႒၊ ပဘႆရ ”
တဲ့။ျမတ္စြာဘုရားရဲ႕ ခႏၶာကိုယ္မွာရွိတဲ့အညိဳေရာင္အဆင္း ဆံပင္တို႔၊ မ်က္လုံးတို႔၊ မ်က္ခုံးေမႊးတို႔စသည္ျဖင့္ အဲဒီမွာရွိတဲ့ အနက္ေရာင္ အညိဳေရာင္ေတြကတဖိတ္ဖိတ္ေတာက္လာၿပီး ညိဳေသာေရာင္ျခည္ေတာ္ေတြျဖစ္လာတယ္။

ေနာက္ ျမတ္စြာဘုရားရဲ႕ အသားအေရက ေ႐ႊေရာင္လိုဝါဝင္းေနတဲ့ အဆင္းရွိတယ္၊ ေ႐ႊေရာင္တဖိတ္ဖိတ္ေတာက္လာသည့္အတြက္ ဝါေသာေရာင္ျခည္ေတာ္၊သြားေတာ္တို႔က ျဖဴေသာေရာက္ျခည္ေတာ္ေတြထြက္လာတယ္၊ ေသြးေတာ္၊ ႏႈတ္ခမ္းေတာ္၊ လက္ဖဝါးေျခဖဝါးေတာ္တို႔က နီေသာေရာင္ျခည္ေတာ္ေတြထြက္ေပၚလာတယ္။

” နီလ၊ ပီတ၊ ေလာဟိတ၊ ၾသဒါတ ” ဆိုတဲ့ဒီအေရာင္ေတြမွာ တစ္ခုနဲ႔တစ္ခု အနီနဲ႔အျဖဴေရာစပ္လိုက္တဲ့အခါ ပန္းေရာင္ျဖစ္လာတယ္၊ အဲဒါကိုပဲ “.မၪၨိ႒ ” လို႔ေခၚတယ္။

ေမာင္းေသာေရာင္ျခည္ေတာ္လို႔ ျမန္မာျပန္တဲ့ေရာင္ျခည္ေတာ္တစ္မ်ိဳး ထြက္လာတယ္၊
အဲဒီ ေရာင္ျခည္ေတာ္ ၅ – မ်ိဳး ေရာယွက္ထြက္လာတဲ့အခါ” ပဘႆရ “.လို႔ ၿပိဳးၿပိဳးျပက္ျပက္ ထြက္လာတယ္။

ဒီပ႒ာန္းတရားေတာ္ႀကီးကို ဆင္ျခင္လိုက္တဲ့အခါမွျမတ္စြာဘုရားရဲ႕ဥာဏ္ေတာ္ဟာ အင္မတန္မွစြမ္းရည္ေတြ ထက္ျမက္ေတာက္ပလာတယ္။

ပ႒ာန္းတရားေတာ္ႀကီးကလည္း ” အနႏၲယ ” လို႔ဆိုတဲ့အတိုင္းပဲ မဆုံးႏိုင္ေလာက္ေအာင္ က်ယ္ဝန္းတဲ့နည္းလမ္းေတြနဲ႔ ဥာဏ္က်က္စားခ်င္သေလာက္က်က္စားလို႔ရတယ္။

ျမတ္စြာဘုရားရွင္ရဲ႕ ” သိစရာေတြအတိုင္းအတာရွိသေလာက္ သိတဲ့ဥာဏ္ေတာ္ႀကီးက
လည္း လိုက္ၿပီး သိေနတယ္တဲ့ “။ျမတ္စြာဘုရားရွင္ရဲ႕ဥာဏ္ေတာ္ႀကီးဟာ ပ႒ာန္းက်မ္းႀကီး
ကို ဆင္ျခင္သုံးသပ္လိုက္တဲ့အခါမွာ ပ႒ာန္းက်မ္းႀကီးကလည္းက်ယ္၊ ဥာဏ္ေတာ္ႀကီးကလည္းႀကီး၊ အံဝင္ဂြင္က်ျဖစ္ၿပီး ပီတိေတြျဖစ္လာတယ္၊

ျဖစ္လာတဲ့ပီတိစိတ္စြမ္အားက ထုတ္လုပ္လိုက္တဲ့ ႐ုပ္ဟာ အလြန္သန္႔ရွင္းစင္ၾကယ္ၿပီး ခႏၶာကိုယ္က တဖိတ္ဖိတ္နဲ႔ ေရာင္ျခည္ေတာ္ေတြ ထြက္လာတယ္လို႔ ဒီလိုဆိုတယ္။

ဆရာေတာ္ေဒါက္တာအရွင္နႏၵမာလာဘိဝံသ ဆရာေတာ္ေဟာၾကားေတာ္မူေသာ ပ႒ာန္းျမတ္ေဒသနာ တရားေတာ္မွ ေကာက္ႏုတ္ထားပါသည္။

Credit…

Unicode

ပဋ္ဌာန်းတရားတော်နှင့် ရောင်ခြည်တော်ခြောက်သွယ်

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ အင်မတန်ကျယ်ဝန်းလှတဲ့ ပဋ္ဌာန်းတရားတော်ကြီးကို ဆင်ခြင်သုံးသပ်တော်မူတယ်။ထိုအခါ ခန္ဓာကိုယ်တော်က ရောင်ခြည်တော် – ၆ သွယ် ကွန့်မြူးထွက်ပေါ်လာတယ်။

ဘာဖြစ်လို့ ခန္ဓာကိုယ်က ရောင်ခြည်တော်တွေ ထွက်ပေါ်လာရသလဲဆိုရင် ဗုဒ္ဓမြတ်စွာရဲ့ ဉာဏ်တော်ကြီးကအင်မတန်အစွမ်းထက်တယ်၊ သိချင်တာမှန်သမျှ ကိုသိနိုင်စွမ်းရှိတယ်။

ပဋ္ဌာန်းကျမ်းကြီးကလည်း ထိုဉာဏ်တော်ကြီး ကျက်စားလို့ရအောင် အကန့်အသတ်မရှိ ကျယ်ဝန်းတယ်၊ မြတ်စွာဘုရားရဲ့ဉာဏ်တော်ကြီးသလောက် ပဋ္ဌာန်းကျမ်းကြီးက ကျယ်ဝန်းသည့်အတွက်မြတ်စွာဘုရားရဲ့ဉာဏ်တော်ဟာ ပဋ္ဌာန်းကျမ်းကြီးမှာအလွန်မွေ့လျော်နှစ်ခြိုက်ပြီး ပီတိစိတ်တွေ တဖွားဖွားဖြစ်ပေါ်စေတယ်၊

ထိုပီတိစိတ်နဲ့ ယှဉ်သောစိတိတွေဟာရှင်တော်ဘုရားရဲ့ခန္ဓာကိုယ်မှာရှိတဲ့ သွေးတော်သားတော်
တွေကို ဖြူစင်ဝင်းလက်စေတယ်။ ခန္ဓာကိုယ်က ရောင်ခြည်တွေ တဖိတ်ဖိတ်တောက်ပြီး ထွက်ပေါ်လာတယ်။

ဆိုလိုတာကတော့ ” စိတ္တဇအဆင်းရောင် ” Mind- borncolor ပေါ့နော်၊ စိတ်ကြောင့် ဖြစ်ပေါ်လာတာ။

သာမာန်ပုဂ္ဂိုလ်တွေမှာလည်း ရှိတတ်တယ်လေ၊ပီတိဖြစ်နေတဲ့အချိန် အသားအရောင်နဲ့ ဒေါသဖြစ်နေတဲ့အချိန် အသားအရောင် မတူဘူး၊ အရောင်တလက်လက်မထွက်နေသော်လည်းဘဲ ဒေါသဖြစ်နေတဲ့ ပုဂ္ဂိုလ်ရဲ့အသားအရောင်ဟာ အရူပ်ဆိုးပြီး ပီတိဖြစ်နေဲ့ ပုဂ္ဂိုလ်ရဲ့အသားအရောင်ဟာ ဝင်းလက်နေတယ်။

မြတ်စွာဘုရားရဲ့ စိတ်တော်ကျတော့ အလွန်သန့်ရှင်းစင်ကြယ်သည့်အတွက် ခန္ဓာကိုယ်မှာရှိတဲ့
စိတ္တဇရုပ်တွေဟာ အလွန်တောက်ပြောင်လာတယ်၊စိတ္တဇရုပ်တွေရဲ့ အစွမ်းကြောင့် ကမ္မဇရုပ်၊ဥတုဇရုပ်တွေဟာလည်း တောက်ပြောင်လာတယ်၊ခန္ဓာကိုယ်မှာရှိတဲ့ ရုပ်ပိုင်းဆိုင်ရာတွေ အညစ်အကြေးကင်းတယ်၊ အရောင်တလက်လက် ဝင်းပြောင်လာတယ်။

ဒါကြောင့်မို့ ခန္ဓာကိုယ်တော်က အသားတော်၊အသွေးတော်ကစပြီး သက်ဆိုင်ရာပင်ကိုယ်ရှိတဲ့
အရောင်တွေက တဖိတ်ဖိတ်တောက်လို့ရောင်ခြည်တော် – ၆ သွယ်ဆိုတာ ဖြစ်လာတယ်။

ရောင်ခြည်တော် ၆ – သွယ်ဆိုတာ” နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ၊ မဉ္ဇိဋ္ဌ၊ ပဘဿရ ”
တဲ့။မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ်မှာရှိတဲ့အညိုရောင်အဆင်း ဆံပင်တို့၊ မျက်လုံးတို့၊ မျက်ခုံးမွှေးတို့စသည်ဖြင့် အဲဒီမှာရှိတဲ့ အနက်ရောင် အညိုရောင်တွေကတဖိတ်ဖိတ်တောက်လာပြီး ညိုသောရောင်ခြည်တော်တွေဖြစ်လာတယ်။

နောက် မြတ်စွာဘုရားရဲ့ အသားအရေက ရွှေရောင်လိုဝါဝင်းနေတဲ့ အဆင်းရှိတယ်၊ ရွှေရောင်တဖိတ်ဖိတ်တောက်လာသည့်အတွက် ဝါသောရောင်ခြည်တော်၊သွားတော်တို့က ဖြူသောရောက်ခြည်တော်တွေထွက်လာတယ်၊ သွေးတော်၊ နှုတ်ခမ်းတော်၊ လက်ဖဝါးခြေဖဝါးတော်တို့က နီသောရောင်ခြည်တော်တွေထွက်ပေါ်လာတယ်။

” နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ ” ဆိုတဲ့ဒီအရောင်တွေမှာ တစ်ခုနဲ့တစ်ခု အနီနဲ့အဖြူရောစပ်လိုက်တဲ့အခါ ပန်းရောင်ဖြစ်လာတယ်၊ အဲဒါကိုပဲ “.မဉ္ဇိဋ္ဌ ” လို့ခေါ်တယ်။

မောင်းသောရောင်ခြည်တော်လို့ မြန်မာပြန်တဲ့ရောင်ခြည်တော်တစ်မျိုး ထွက်လာတယ်၊
အဲဒီ ရောင်ခြည်တော် ၅ – မျိုး ရောယှက်ထွက်လာတဲ့အခါ” ပဘဿရ “.လို့ ပြိုးပြိုးပြက်ပြက် ထွက်လာတယ်။

ဒီပဋ္ဌာန်းတရားတော်ကြီးကို ဆင်ခြင်လိုက်တဲ့အခါမှမြတ်စွာဘုရားရဲ့ဉာဏ်တော်ဟာ အင်မတန်မှစွမ်းရည်တွေ ထက်မြက်တောက်ပလာတယ်။

ပဋ္ဌာန်းတရားတော်ကြီးကလည်း ” အနန္တယ ” လို့ဆိုတဲ့အတိုင်းပဲ မဆုံးနိုင်လောက်အောင် ကျယ်ဝန်းတဲ့နည်းလမ်းတွေနဲ့ ဉာဏ်ကျက်စားချင်သလောက်ကျက်စားလို့ရတယ်။

မြတ်စွာဘုရားရှင်ရဲ့ ” သိစရာတွေအတိုင်းအတာရှိသလောက် သိတဲ့ဉာဏ်တော်ကြီးက
လည်း လိုက်ပြီး သိနေတယ်တဲ့ “။မြတ်စွာဘုရားရှင်ရဲ့ဉာဏ်တော်ကြီးဟာ ပဋ္ဌာန်းကျမ်းကြီး
ကို ဆင်ခြင်သုံးသပ်လိုက်တဲ့အခါမှာ ပဋ္ဌာန်းကျမ်းကြီးကလည်းကျယ်၊ ဉာဏ်တော်ကြီးကလည်းကြီး၊ အံဝင်ဂွင်ကျဖြစ်ပြီး ပီတိတွေဖြစ်လာတယ်၊

ဖြစ်လာတဲ့ပီတိစိတ်စွမ်အားက ထုတ်လုပ်လိုက်တဲ့ ရုပ်ဟာ အလွန်သန့်ရှင်းစင်ကြယ်ပြီး ခန္ဓာကိုယ်က တဖိတ်ဖိတ်နဲ့ ရောင်ခြည်တော်တွေ ထွက်လာတယ်လို့ ဒီလိုဆိုတယ်။

ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဆရာတော်ဟောကြားတော်မူသော ပဋ္ဌာန်းမြတ်ဒေသနာ တရားတော်မှ ကောက်နုတ်ထားပါသည်။

Credit…

Leave a Reply

Your email address will not be published.